မိုဘိုင်းလ်ဂိမ်းတွေကို အနားယူ အပန်းဖြေချိန်တွေမှာ ဆော့ကြတယ် ဆိုပေမယ့် ဂိမ်းရှုံးလို့ လောင် နေရရင် တော့ Relax ကောင်းကောင်းဖြစ်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ လောင်စရာမလိုတဲ့ ပေါ့ပေါ့ပါးပါး ပျော်စရာဂိမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) Tetris

Tetris

Photo : Tetris

ကလေးဘဝက ကစားခဲ့ကြတဲ့ တုံးဆက်ဂိမ်းလေး ဖြစ်ပါတယ်။ Classic Puzzle ဂိမ်းဖြစ်လို့ လူတိုင်းဆော့လို့ အဆင်ပြေသလို အကြီးအကျယ် ခေါင်းစားရတဲ့ Challenge တွေနဲ့ လောင် ရမှာ မဟုတ်တာကြောင့် အေးအေးဆေးဆေး ပေါ့ပေါ့ပါးပါး ကစားချင်သူတွေအတွက် ကွက်တိပါပဲ။

(၂) Stumble Guys

Stumble Guys

Photo : Gematsu

Stumble Guys ကတော့ ပျော်စရာကောင်းတဲ့ Multiplayer ဂိမ်းလေး ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ ကာတွန်းဇာတ်ကောင်လေးတွေ ၊ ရောင်စုံဂရပ်ဖစ်တွေနဲ့ Gameplay ပုံစံကလည်း ပေါ့ပေါ့ပါးပါးနဲ့ ပျော်စရာလေးပါ။ ခေါင်းစားရ ၊ လောင် ရတဲ့ အပိုင်းတွေမပါပဲ လွယ်လွယ်ကူကူ ဆော့လို့ရပြီး ဂိမ်းတစ်ပွဲကို အချိန်အများကြီး ပေးစရာမလိုပဲ ဆော့နိုင်ပါတယ်။

(၃) Gardenscapes

Gardenscapes

Photo : Sensor Tower

Puzzle ဂိမ်းနဲ့ စိုက်ပျိုးရေးဂိမ်းပုံစံတွေကို ပေါင်းစပ်ထားတဲ့ ချစ်စရာဂိမ်း အမိုက်စားလေး တစ်ခုဖြစ်ပါတယ်။ ဒီဂိမ်းထဲမှာ အိမ်တွေ ၊ ပန်းဥယျာဉ်တွေကို တည်ဆောက်ရမှာ ဖြစ်သလို ခေါင်းသိပ်မစားတဲ့ Puzzle တွေကို အဆင့်ဆင့် ဖြေရှင်းရမှာ ဖြစ်ပါတယ်။ အေးအေးလူလူ အနားယူအပန်းဖြေချင်သူတွေ ဆော့သင့်တဲ့ ဂိမ်းလေး ဖြစ်ပါတယ်။

(၄) Hill Climb Racing

Hill Climb Racing
Photo : Microsoft Store

Driving ဂိမ်းတွေကိုမှ မလောင်ရပဲ ပျော်ပျော်ပါးပါး ဆော့ကစားချင်တယ်ဆိုရင် Hill Climb Racing ကို စမ်းကြည့်လိုက်ပါ။ ဒီဂိမ်းလေးက တောင်ကုန်းတောင်တန်းတွေကို ဖြတ်ကျော်မောင်းနှင်ရမှာ ဖြစ်ပြီး ကွိုင်တွေကို စုဆောင်းရမှာပါ။ ပေါ့ပါးတဲ့ Challenges လေးတွေနဲ့ ပျော်ပျော်ပါးပါး ဆော့လို့ရမယ့် ကားမောင်းဂိမ်းလေး ဖြစ်ပါတယ်။

Source : Analytics Insight

Featured Photo : Verdict