လေ့ကျင့်ခန်း ပြုလုပ်ခြင်းနဲ့ ချစ်တင်းနှော ခြင်းတို့ကြား ဆက်နွယ်မှုတို့သည် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ဆက်နွယ်မှုရှိတယ်ဆိုတာကို လေ့လာတွေ့ရှိရပါတယ်။ ဘယ်လို ဆက်နွယ်မှုတွေ ရှိသလဲ၊ ဘယ်လို ကောင်းကျိုး ဆိုးကျိုးတွေ ရှိသလဲဆိုတာကို သိချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို အဆုံးအထိ ဆက်ဖတ်ကြည့်လိုက်ပါဦး။
Testosterone ဆိုတာ ဘာလဲ
Testosterone ဆိုတာကတော့ အမျိုးသားတို့အတွက် မရှိမဖြစ် လိုအပ်တဲ့ ကျားဟော်မုန်းတစ်ခုဖြစ်ပြီး အမျိုးသားတို့ မျိုးပွားခြင်းအတွက် မရှိမဖြစ် လိုအပ်တဲ့အရာတစ်ခုပဲဖြစ်ပါတယ်။ ထို Testosterone သာ မရှိဘူးဆိုရင်တော့ ကွီးတို့အတွက် ချစ်တင်းနှောရာမှာ အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး။
ချစ်တင်းနှောချင်တဲ့ စိတ်တွေက လျော့နည်းနေပြီဖြစ်ကြောင်း ဖော်ပြနေတဲ့ လက္ခဏာတွေက ဘာတွေလဲ
ချစ်တင်းနှောချင်တဲ့ စိတ်တွေ လျော့နည်းနေပြီဖြစ်ကြောင်း ဖော်ပြနေတဲ့ လက္ခဏာတွေ အများကြီး ရှိပါတယ်။ ဥပမာ ပြောရမယ်ဆိုရင် မိမိကိုယ်ကိုယ် ယုံကြည်မှု ကျဆင်းခြင်း၊ စိတ်ကျရောဂါ ခံစားရခြင်း၊ ခန္ဓာကိုယ် ကြွက်သားများ လျော့နည်းသွားခြင်း၊ ခန္ဓာကိုယ်တွင် အဆီပိုများ တက်လာခြင်း၊ သုတ်ပိုး ပမာဏ လျော့နည်းသွားခြင်း၊ ကွီးတို့ ညီလေးက မနိုးထနိုင်ခြင်း၊ ဟိုစိတ် ဒီစိတ်တွေ လျော့နည်းသွားခြင်း အစရှိတဲ့ လက္ခဏာများ မြင်တွေ့နေရခြင်းက သိသာထင်ရှားတဲ့ လက္ခဏာများပဲဖြစ်ပါတယ်။
ကွီးတို့ရဲ ကျားဟော်မုန်း တိုးလာအောင် ဘယ်လို လုပ်ဆောင်ရမလဲ
ကွီးတို့ရဲ့ ကျားဟော်မုန်း တိုးလာအောင် လုပ်ဆောင်နိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ ကွီးတို့ရဲ့ လူနေမှုဘဝကို အရင်ဦးဆုံး ပြောင်းလဲပစ်လိုက်ပါ။ ဥပမာ ပြောရရင် လေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ ညဘက်မှာ စောစော အိပ်စက်ခြင်း၊ အစားအစာများကို ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာများ စားသုံးခြင်း အစရှိတဲ့ နေ့စဥ်ဘဝ အပြောင်းအလဲများကို ပြောင်းလဲပစ်ဖို့ လိုအပ်ပါတယ်။ ဒါဆိုရင်တော့ ကွီးတို့ရဲ့ ကျားဟော်မုန်းက တိုးလာမှာပဲဖြစ်ပါတယ်။
လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းနဲ့ ချစ်တင်းနှော ခြင်းတို့အကြား ဘယ်လိုဆက်နွယ်မှု ရှိသလဲ
လေ့ကျင့်ခန်း ပြုလုပ်ခြင်းက ကွီးတို့ရဲ့ ယေဘုယျကျန်းမာရေးကို ကောင်းမွန်လာအောင် ဖန်တီးပေးနိုင်ပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ကတော့ ပြောမနေပါနဲ့တော့။ ကွီးတို့အတွက် အကျိုးကျေးဇူးတွေ အများကြီး ပေးစွမ်းနိုင်မှာပဲဖြစ်ပါတယ်။ လေ့ကျင့်ခန်း မှန်မှန် ပြုလုပ်ခြင်းအားဖြင့် နှလုံး သွေးကြောကျဥ်း ရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးခြင်း၊ ကိုယ်အလေးချိန် ကောင်းမွန်အောင် ထိန်းညှိပေးခြင်း၊ နှလုံးရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးခြင်း၊ စိတ်ကျန်းမာရေး ကောင်းမွန်အောင် ကူညီပေးခြင်း အစရှိတဲ့ အကျိုးကျေးဇူးများကို ရရှိပိုင်ဆိုင်နိုင်ဖို့ ကူညီပေးမှာပဲဖြစ်ပါတယ်။
ကွီးတို့ရော အခုဖော်ပြသွားတဲ့ အကျိုးကျေးဇူးများကို မရရှိ မပိုင်ဆိုင်ချင်ဘူးလား။
Source: Elyonclinic.com.sg
Featured Image: Promescent.com