ကွီးတို့အတွက် သွားကျန်းမာရေးသည် ကျန်းမာရေး တစ်ခုတည်းအတွက်တင်မကပါဘူး၊ အလှအပကြောင့်လည်း ဂရုစိုက်သင့်ပါတယ်။ သွားဂျိုးတွေ ကပ်နေမယ်၊ သွားပိုးစားနေမယ်ဆိုရင် ကွီးတို့ရဲ့ ကျန်းမာရေးအတွက်လည်း မကောင်းသလို လူအများကြား သွားလာရတဲ့အခါမှာလည်း မိမိကိုယ်ကိုယ် ယုံကြည်ချက်ရှိရှိနဲ့ မသွားလာနိုင်တော့ပါဘူး။ ဒါ့ကြောင့် တစ်နေ့လျှင် နှစ်ကြိမ် သွားတိုက်ဖို့ လိုအပ်တာပါ။ သွားတိုက်တဲ့အခါမှာလည်း နည်းစနစ်တကျနဲ့ သွားတိုက်ဖို့ လိုအပ်သလို မပျင်းမရိနဲ့ တစ်နေ့ နှစ်ကြိမ် သွားတိုက်ဖို့လည်း လိုအပ်ပါတယ်။ သွားတိုက်ရမှာ ပျင်းတဲ့ ကွီးတို့အတွက် နာမည်ကြီး ကုမ္ပဏီတွေက လျှပ်စစ် သွားပွတ်တံ များကို ထုတ်လုပ်ပေးထားပါသေးတယ်။

လျှပ်စစ် သွားပွတ်တံ များက ကွီးတို့ လက်ကို အလိုက်သင့်လေး ရွေ့လျားပေးလိုက်ရုံနဲ့ တိုက်ရခက်တဲ့ သွားကြိုသွားကြားများထဲမှာပါ အစား အကြွင်းအကျန်များ မကျန်ခဲ့အောင် တိုက်ပေးပါတယ်။

ကွီးတို့အနေနဲ့ သွားတိုက်ရမှာ ပျင်းတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် လျှပ်စစ် သွားပွတ်တံ များကိုသာ အသုံးပြုလိုက်ပါ။

(၁) Oral-B Pro 1000

Oral-B Pro 1000

Oral-B ရဲ့ Pro 1000 မော်ဒယ်အမျိုးအစားကတော့ ယေဘုယျ ခြုံကြည့်မယ်ဆိုရင် အားလုံးကောင်းတဲ့ အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ ဈေးနှုန်းကလည်း ဒေါ်လာ ၅၀ သာ ပေးဝယ်ရမှာဆိုတော့ ဈေးလည်း သိပ်မမြှောက်ပါဘူး။

(၂) Oral-B iO Series 5

Oral-B iO Series 5

ဒီအမျိုးအစားကတော့ စောစောက အမျိုးအစားနဲ့ ဆင်တူပါတယ်။ ဒါပေမဲ့ ဘယ်နေရာမှာ အားသာသွားသလဲဆိုရင် Oral-B iO Series 5 ရဲ့ သွားပွတ်တံ အမျှင်လေးတွေက ပိုမို နူးညံ့ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၉၇ ဒေါ်လာဖြင့် ပေးဝယ်ရမှာပဲ ဖြစ်ပါတယ်။

(၃) Philips Sonicare 9900 Prestige

လျှပ်စစ် သွားပွတ်တံ

နာမည်ကြီး တံဆိပ်တစ်ခုဖြစ်တဲ့ Philips ကတော့ စန်းစန်းတင့် အထိမခိုက်တဲ့ သွားဖုံးမျိုး ပိုင်ဆိုင်ထားတဲ့ ကွီးတို့အတွက် ရွေးချယ်သင့်တဲ့ ပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။ High-End အမျိုးအစားဖြစ်တဲ့အတွက်ကြောင့် ဈေးနှုန်းကတော့ ဒေါ်လာ ၃၈၀ ပေးဝယ်ရမှာပဲ ဖြစ်ပါတယ်။ သွားပွတ်တံခေါင်းလေးက ပွတ်တိုက်ပါများရင် လဲပေးဖို့အတွက်လည်း ကွီးတို့ကို သတိပေးနေပါလိမ့်မယ်။

(၄) Hum By Colgate

လျှပ်စစ် သွားပွတ်တံ

ဈေးသက်သက်သာသာနဲ့ ကွာလတီကောင်းတဲ့ လျှပ်စစ် သွားပွတ်တံ လေးကို တိုက်ချင်တယ်ဆိုရင်တော့ Colgate က ထုတ်လုပ်ထားတဲ့ Hum မော်ဒယ် အမျိုးအစားလေးကို ရွေးချယ်သင့်ပါတယ်။ ဈေးနှုန်းကတော့ ၃၂ ဒေါ်လာသာ ပေးချေရမှာပဲ ဖြစ်ပါတယ်။

(၅) Philips One Rechargeable By Sonicare

လျှပ်စစ် သွားပွတ်တံ

ဒီလျှပ်စစ် သွားတိုက်တံလေးမှာ ၂ မိနစ်အတိ သွားတိုက်ပေးအောင် ကူညီပေးမယ့် အချိန်သတ်မှတ်ပေးထားတဲ့ Timer လေး ပါရှိပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၄၀ သာ ပေးချေရမှာပဲ ဖြစ်ပါတယ်။

ကွီးတို့ရော အခုဖော်ပြသွားတဲ့ သွားတိုက်တံများထဲက ဘယ်လျှပ်စစ် သွားတိုက်တံလေးကို နှစ်သက်ပါသလဲ။

Source: Cnet.com

Featured Image: People