ကျွန်တော်တို့က နေ့တိုင်းဘာမှ မတွေးဘဲနေတယ်ဆိုတာ မရှိပါဘူး။ တစ်စက္ကန့်၊ တစ်မိနစ် အတွင်းမှာတောင်မှ အတွေးပေါင်းမြောက်များစွာ တွေးနေမိတတ်ပါတယ်။ ကျွန်တော်တို့ရဲ့ စိတ် ကကျယ်ပြန့်ပြီး နေ့စဉ်နေ့တိုင်း ထင်မြင်ယူဆချက်တွေ ၊ အကောင်းမြင်စိတ်တွေ ၊ အပျက်သဘောဆောင်တဲ့ အတွေးတွေ ၊ သံသယတွေ ၊ ဖိတ်ခေါ်ထားခြင်းမရှိသော စိုးရိမ်မှုများနဲ့ အဆက်မပြတ်သော အတွေးပေါင်းစုံတို့ စိုးမိုးနေတတ်ပါတယ်။ တစ်ခါတစ်ရံမှာ ဒီလိုအတွေးတွေကို မထိန်းချုပ်ရင် မလိုအပ်ပဲအတွေးလွန်တာမျိုးတွေ ဖြစ်လာနိုင်ပြီး ကွီးတို့ရဲ့ စိတ်ပိုင်းဆိုင်ရာအပေါ်မှာ ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။ ဒီလို လွင့်မျောနေတဲ့ စိတ်တွေကို ထိန်းညှိပြီး မလိုလားအပ်သော အတွေးများကိုဖယ်ထုတ်ကာ ကျွန်တော်တို့ရဲ့စိတ်ကို ထိန်းချုပ်နိုင်ဖို့ လိုပါတယ်။

အထူးသဖြင့် မကောင်းတဲ့ အတွေးတွေ ၊ ရေရေရာရာမရှိဘဲ လွင့်မျောနေတဲ့ စိတ်တွေကို ထိန်းချုပ်ကာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ စိတ်ချမ်းသာမှုကို မြှင့်တင်ပေးပြီး ကွီးတို့ရဲ့ ဘဝအတွက် အထောက်အကူပြုဖို့ ကြိုးစားသင့်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့ရဲ့ စိတ်ကို အပြုသဘောထိန်းချုပ်ပြီး မောင်းနှင်နိုင်ဖို့ နည်းလမ်းကောင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် သိမြင်မှု

လွင့်မျောနေတဲ့ စိတ်တွေကို

Photo : Carey Nieuwhof

စိတ်ကိုထိန်းချုပ်ဖို့အတွက် အဓိကအချက်မှာ ကိုယ့်ကိုယ်ကိုယ် နားလည်ဖို့ ပဲဖြစ်ပါတယ်။ မိမိကိုယ်ကိုယ် နားလည်မှု ၊ အတွေးများ ၊ စိတ်ခံစားမှုများနဲ့ ကိုယ်ကိုယ်တိုင်ရဲ့ လုပ်ရပ်များကို လေးနက်စွာ နားလည်မှုလိုအပ်ပါတယ်။ မိမိကိုယ့်ကိုယ်ကိုယ် နားလည်မှ စိတ်ကိုထိန်းချုပ်နိုင်မှာပါ။ ကိုယ့်ကိုယ်ကိုယ် နားလည်နိုင်ဖို့အတွက် ကိုယ့်ရဲ့အတွေးတွေကို သေချာသတိပြုကြည့်ပါ၊၊ ဒီလိုလုပ်ခြင်းအားဖြင့် မလိုလားအပ်သော အတွေးတွေ ၊ အပျက်သဘောဆောင်တဲ့ အတွေးတွေ ၊ ဘယ်လောက်ရှိနေသလဲဆိုတာ ကိုယ့်ရဲ့စိတ်ကို ဆန်းစစ်ပြီးသားလည်း ဖြစ်စေပါတယ်။

သတိကပ်ပါ

လွင့်မျောနေတဲ့ စိတ်တွေကို

Photo : Astrologify

လွင့်မျောနေတဲ့ စိတ်တွေကို ဖမ်းဆုပ်နိုင်ဖို့ဆိုရင် အရေးကြီးဆုံးက သတိပါပဲ။ ပစ္စုပ္ပန်အခိုက်အတန့် သတိတရားက ကွီးတို့ရဲ့ စိတ်ကို ထိန်းချုပ်ရန် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပါတယ်။ ပစ္စုပ္ပန်အချိန် ဒါမှဟုတ် လက်ရှိလုပ်ဆောင်နေတဲ့ အရာအပေါ် သတိနဲ့ အာရုံစူးစိုက်မှု အပြည့်အဝထားခြင်းက အာရုံများပျံ့လွှင့်ခြင်း ၊ မလိုလားအပ်သော အတွေးများနဲ့ စိုးရိမ်ပူပန်မှုများ ဝင်ရောက်လာခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် စိတ်ကိုပျံ့လွှင့်ခြင်းကို ထိန်းချုပ်နိုင်ဖို့ တရားထိုင်တာ ၊ စာအုပ်ဖတ်တာ စတာတွေလည်း ပြုလုပ်ပေးသင့်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် အပြုသဘောဆောင်သောစကားများ ပြောပါ

လွင့်မျောနေတဲ့ စိတ်တွေကို

Photo : Liane Davey

ကွီးတို့ရေ မိမိကိုယ်ကို ကောင်းတဲ့စကားလေးတွေ ပြောဖြစ်ပါသလား။ လူတော်တော်များများက ကိုယ့်ကိုယ်ကိုယ် အပြုသဘောဆောင်တဲ့ စကားတွေ မပြောဖြစ်ကြပါဘူး။ အပြုသဘောဆောင်တဲ့ မိမိကိုယ်မိမိ စကားပြောခြင်းက ကွီးတို့ရဲ့ စိတ်သဘောထားအပေါ် သိသိသာသာ သက်ရောက်မှု ရှိစေပါတယ်။ အကောင်းမြင်စိတ်ဖြင့် မိမိကိုယ်မိမိ စကားစမြည်ပြောဆိုခြင်းက မလိုလားအပ်သော အတွေးများကို လျှော့ချနိုင်စေပါတယ်။

Self-Control ထားရှိပါ

Photo : Happier Human

ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်မှု Self-control ထားရှိခြင်းက လွင့်မျောနေတဲ့စိတ်ကို ဖမ်းဆုပ်နိုင်ဖို့ နောက်ထပ် ထိရောက်သော နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ကိုယ့်ရဲ့ အတွေးတွေ ပျံ့လွင့်နေပြီဆိုတာ ကိုယ့်ကိုယ်တိုင် သတိထားမိတာနဲ့ ချက်ချင်းထိန်းချုပ်ပြီး အာရုံကို ပစ္စုပ္ပန်ဆီသို့ စုစည်းလိုက်ပါ။ မိမိကိုယ်ကိုယ် ထိန်းချုပ်မှု Self-Control တည်ဆောက်ခြင်းက အာရုံပျံ့လွင့်မှုကို တွန်းလှန်နိုင်ပြီး ကွီးတို့ရဲ့ ပန်းတိုင်များကို အာရုံစိုက်ကာ တဖြည်းဖြည်းနဲ့ တွေးခေါ်ပုံကို ဟန်ချက်ညီစွာ ထိန်းညှိပေးနိုင်လာပါလိမ့်မယ်။

ကိုယ်လက်လှုပ်ရှားမှုနှင့် စိတ်ကို ထိန်းချုပ်ပါ

Photo : Onnit

စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ စိတ်အပေါ် ထိန်းချုပ်နိုင်မှုတို့အပေါ် ကွီးတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုများက သိသိသာသာ သက်ရောက်စေတယ်ဆိုတာ သိပါသလား။ ပုံမှန် လေ့ကျင့်ခန်းလုပ်ခြင်းက စိတ်ဖိစီးမှုကို သက်သာစေနိုင်ပြီး စိတ်ခံစားချက်ကို ကောင်းမွန်စေကာ စွမ်းအင်တိုးစေကာ ဉာဏ်ရည်ဉာဏ်သွေးကို ကောင်းမွန်စေနိုင်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုအတွင်း ထုတ်လွှတ်သော Endorphins က အဆိုးမြင်အတွေးများကို တိုက်ဖျက်နိုင်ပြီး ကွီးတို့ရဲ့ တွေးခေါ်ပုံကို ထိန်းညှိပေးနိုင်စွမ်းကို မြှင့်တင်ပေးနိုင်ပါတယ်။

အသက်ရှုလေ့ကျင့်ခန်းများ ပြုလုပ်ပါ

Photo : the Mindful steward

အသက်ရှုလေ့ကျင့်ခန်းများ ပြုလုပ်ခြင်း တစ်နည်းအားဖြင့် တရားထိုင်ခြင်းက ရိုးရှင်းသော်လည်း စိတ်ကို ထိန်းချုပ်နိုင်ဖို့အတွက် အစွမ်းထက်သော နည်းလမ်းများဖြစ်ပါတယ်။ အသက်ရှုလေ့ကျင့်ခန်းများက ခန္ဓာကိုယ်ရဲ့ ပြေလျော့စေသော တုံ့ပြန်မှုကို လှုံ့ဆော်ပေးကာ အတွေးများကို ထိန်းချုပ်ရန်အတွက် မရှိမဖြစ်လိုအပ်သော စိတ်ဖိစီးမှုအဆင့်ကို လျော့ကျစေပြီး တည်ငြိမ်သောစိတ်ကို ဖြစ်စေနိုင်ပါတယ်။ ဒီနည်းလမ်းက ကွီးတို့ရဲ့ ပျံ့လွှင့်နေသောစိတ်ကို ထိန်းချုပ်နိုင်စေဖို့အတွက် လုံးဝကို အသုံးတည့်တဲ့နည်းလမ်းကောင်း တစ်ခုဆိုလည်း မမှားပါဘူး။

အခုဖော်ပြပေးလိုက်တာကတော့ ကွီးတို့ရဲ့ လွင့်မျောနေတဲ့ စိတ်တွေကို ဖမ်းဆုပ်နိုင်ဖို့ နည်းလမ်းကောင်းလေးတွေပဲ ဖြစ်ပါတယ်။ စိတ်တွေ အာရုံတွေစုစည်းလို့မရဘဲ ပျံ့လွှင့်နေတယ်ဆိုရင် ဒီနည်းလမ်းလေးတွေကို သုံးကြည့်ပါ၊ အမှန်တကယ်ကို ထိရောက်တာ တွေ့ရပါလိမ့်မယ်။

Source : Zella Life

Featured Photo : Medium