ကွီးတို့ ချစ်သူကောင်မလေးနဲ့က သမီးရည်းစားလို့ ပြောပေမယ့် အခြားးသော သမီးရည်းစား ဆက်ဆံရေးတွေလိုမဟုတ်ဘဲ တစ်မူထူးခြားနေပါသလား။ တစ်မူထူးခြားတယ်လို့ဆိုရာမှာ ကောင်းတဲ့ဘက်ကလည်း ဖြစ်နိုင်သလို မကောင်းဘက်ကလည်း ဖြစ်နိုင်ပါတယ်။ တကယ်လို့ အခုဖော်ပြပေးမယ့်အချက်များကို ကြုံတွေ့နေရတယ်ဆိုရင်တော့ သေချာပါတယ်၊ ကွီးတို့က လှေနံ နှစ်ဖက်နင်း ခံနေရပြီပဲဖြစ်ပါတယ်။ နှစ်ဖက်တောင် ဟုတ်ချင်မှဟုတ်ပါလိမ့်မယ်။ သုံး လေးဖက်လောက်လည်း ဖြစ်နိုင်ပါတယ်။ စိတ်ခိုင်ခိုင်ထားပြီးတော့သာ တိုက်ဆိုင် စစ်ဆေးကြည့်လိုက်ပါ။

အပြင်ထွက်လည်ဖို့ ချိန်းလိုက်တိုင်း မအားဘူးချည်းပဲ​ ပြောနေသလား

လှေနံ နှစ်ဖက်နင်း

ချိန်းတွေ့ဖို့ ခေါ်လိုက်တိုင်းမှာ အနားကပ်မှ မအားလို့ မလာဖြစ်တော့ဘူးဆိုပြီး ကပ်ဖျက်တာမျိုး ကြုံဖူးပါသလား။ တစ်ခါမှ တစ်လေလောက်ပဲ ကြုံရတယ်ဆိုရင် ကိစ္စမရှိပါဘူး။ ဒါပေမဲ့ အမြဲတမ်း ကြုံနေရတယ်ဆိုရင်တော့ ဒါက Red Flag ပါပဲ။ စိုးရိမ်စရာ အခြေအနေဆိုတော့ သေချာ စစ်ဆေးကြည့်ဖို့ လိုအပ်ပါတယ်။

ကွီးတို့ကို ချိန်းတွေ့ဖို့ ငြင်းနေမယ်၊ ကွီးတို့အတွက် အချိန်မပေးချင် ဖြစ်နေတာက သူ့ရဲ့အချိန်တွေကို အခြားတစ်ယောက်ကို ပေးထားလို့ပဲဖြစ်ပါတယ်။ အခြားတစ်ယောက်နဲ့ ချိန်းတွေ့နေရင်းနဲ့မှ ကွီးတို့နဲ့ ချိန်းထားတာကို မေ့သွားလို့ သတိရတော့မှ ကပ်ပြီး ဖျက်လိုက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ကာယကံရှင်ကလွဲပြီး ဘယ်သူမှ မသိနိုင်ပါဘူး။

ဖုန်းဆက်လိုက်တိုင်းမှာ လူကြီးမင်းနဲ့ပဲ တိုးနေပါသလား

လှေနံ နှစ်ဖက်နင်း

ကွီးတို့ ဖုန်းဆက်လိုက်တိုင်းမှာ ဖုန်းလိုင်း မအားဘူးချည်းနဲ့ပဲ တိုးနေမယ်၊ ကွီးတို့ ဖုန်းကိုလည်း ချက်ချင်း မကိုင်ဘူး၊ အကြာကြီးနေမှ တစ်ခါ ပြန်ခေါ်တာမျိုး ကြုံဖူးပါသလား။ တခြားကောင်လေးနဲ့ ဖုန်းပြောနေလို့ ဖုန်းလိုင်းမအားတာလား။ အခြားတစ်ယောက်က ဘေးနားမှာရှိနေလို့ ကွီးတို့ဖုန်းကို မကိုင်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် ဖုန်းတစ်လုံးကို အိမ်မှာ ထားခဲ့ပြီး အခြားဖုန်းတစ်လုံးကို ယူသွားပြီး အပြင်မှာ နောက်ဘဲတစ်ဗွေနဲ့ ချိန်းတွေ့တာလည်း ဖြစ်နိုင်ပါတယ်။

ကွီးတို့ကို သူ့ရည်းစားပါလို့ သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးဖူးရဲ့လား

ူ့ရည်းစား

ကွီးတို့ နှစ်ယောက် အပြင်ထွက်ကာ လျှောက်လည်နေတုန်းမှာ သူ(မ) သူငယ်ချင်းနဲ့ တွေ့တဲ့အခါ ကွီးတို့ကို သူ့သူငယ်ချင်းတွေနဲ့ ဘယ်လို မိတ်ဆက်ပေးလေ့ရှိပါသလဲ။ “ဒါက သူ့သူငယ်ချင်းပါ” လို့ပဲ အကြမ်းဖျင်း မိတ်ဆက်ပေးပါသလား။ ဒီလိုမျိုးဆိုရင်တော့ ကွီးတို့ရဲ့ သမီးရည်းစားဆက်ဆံရေးမှာ စိတ်နှစ်ထားပြီး Commitment မလုပ်ချင်တာလည်း ဖြစ်နိုင်သလို၊ နောက်တစ်ယောက်ရှိတာလည်း ဖြစ်နိုင်ပါတယ်။

သူ့ရည်းစားဟောင်းအကြောင်းချည်းပဲ ပြောနေသလား

လှေနံ နှစ်ဖက်နင်း

တစ်ခါလာလည်း သူ့ရည်းစားဟောင်း အကြောင်း၊ နောက်တစ်ခါလာလည်း သူ့ရည်းစားဟောင်း အကြောင်းချည်းပဲ ပြောနေတယ်ဆိုတာ သူ့ရည်းစားဟောင်းကို စိတ်မပြတ်နိုင်သေးလို့ပါ။ သူ့ရည်းစားဟောင်းကို စိတ်မပြတ်နိုင်သေးဘဲနဲ့ ကွီးတို့ကို ချစ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒီလက္ခဏာကလည်း ကောင်းတဲ့ လက္ခဏာတစ်ခုတော့ မဟုတ်ပါဘူး။

သူ့ဖုန်းထဲမှာ မက်ဆေ့ချ်တွေ တောက်လျှောက် ဝင်နေပေမယ့် ကွီးတို့ရှေ့မှာ ဖတ်မကြည့်ရဲဘူး ဖြစ်နေသလား

လှေနံ နှစ်ဖက်နင်း

သူ့ဖုန်းထဲကနေ မက်ဆေ့ချ်တွေ တောက်လျှောက် ဝင်နေပေမယ့် ကွီးတို့ရှေ့မှာ ဖတ်ကြည့်ဖို့ တွန့်ဆုတ် တွန့်ဆုတ် ဖြစ်နေခြင်းက သံသယဝင်စရာကောင်းတယ်လို့ မထင်ဘူးလား။ တကယ်လို့ သူသာ ကွီးတို့ရှေ့မှာ ဘာမှ လျှို့ဝှက်မထားဘူးဆိုရင် ရဲရဲဝံ့ဝံ့နဲ့ မက်ဆေ့ချ်တွေကို စစ်ဆေးရဲရမှာပေါ့။

ဒါ့အပြင် ကွီးတို့က သူ(မ) ဖုန်းကို ယူကြည့်မယ်လို့ လုပ်တိုင်း သူ(မ)က ပေးမကြည့်တာမျိုး၊ “ဘာလဲ လူကို မယုံသင်္ကာဖြစ်တာလား” အစရှိတဲ့ မေးခွန်းမျိုးနဲ့ ကြိုပိတ်ထားရင်လည်း သေချာပါတယ်၊ ကွီးတို့က လှေနံ နှစ်ဖက်နင်း ခံနေရပြီပဲဖြစ်ပါတယ်။

ကွီးတို့ရဲ့ Relationship က ဟိုလိုလို ဒီလိုလိုနဲ့ မရေမရာဖြစ်နေပါသလား

လှေနံ နှစ်ဖက်နင်း

ကွီးတို့ရဲ့ Relationship က ဟိုလိုလို ဒီလိုလိုနဲ့ သမီးရည်းစားလားဆိုတော့လည်း သမီးရည်းစားအတိအလင်း ကြေညာတာမျိုးလည်း မဟုတ်၊ ဒါဆိုရင် ရိုးရိုးသူငယ်ချင်းလား ဆိုတော့လည်း မဟုတ်ပြန်ဘူး။ ရိုးရိုးသူငယ်ချင်း အဆင့်ထက် ပိုနေတယ်။ ဒါဆိုရင်တော့ ကွီးတို့ရဲ့ ဆက်ဆံရေးက ခက်ခဲနက်နဲသွားပါပြီ။ တကယ်လို့ တစ်ဖက်လူက နောက်တစ်ယောက် ရှိနေရင်တောင်မှ ငါ့ကို သစ္စာဖောက်သွားပြီဆိုပြီး သွားစွပ်စွဲနေလို့ မရပါဘူး။ ဒါ့ကြောင့် ကွီးတို့ရဲ့ ဆက်ဆံရေးကို ဟိုလိုလို ဒီလိုလို မဖြစ်စေဘဲ အစကတည်းက အတိအလင်း ကြေညာထားတာ အကောင်းဆုံးပါပဲ။

ကွီးတို့လည်း ပလေးခံနေရတဲ့ ပလေးဂရောင်းဘဝကနေ လွတ်မြောက်နိုင်ကြပါစေလို့ တောင်းဆုပြုရင်း….

Source: Wikihow

Featured Image: Lifeberrys