လှေလှော် သိုင်းကွက် ဆိုတာ ဘိုလိုပြောရရင်တော့ Missionary Position ပါ။ ချစ်တင်းနှောချိန်မှာ အခြေခံအကျဆုံးနဲ့ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးကျွမ်းဝင်မှု ပိုရှိစေတဲ့ သိုင်းကွက်တစ်ခု ဖြစ်ပါတယ်။ သင်နဲ့ သင့်ပါတနာကြား Eye Contact လည်းမိစေပြီး နှစ်ဦးသားရဲ့ အထိအတွေ့ ခံစားမှုအာရုံကို ထည်ထည်ဝင်ဝင် ရှိစေမယ့် Position ဖြစ်ပါတယ်။ သို့သော်လည်း အမျိုးသား အများစုဟာ လှေလှော် သိုင်းကွက်သုံးချိန်မှာ မိနစ်အနည်းငယ်အတွင်းမှာပဲ ပြီးမြောက်သွားတာ များပါတယ်။ ဒီလို အချိန်မြန်မြန်အတွင်းမှာ ပြီးမြောက်မှုမရှိစေပဲ ကြာကြာစွမ်းဆောင်နိုင်ချင်တယ်ဆိုရင်တော့ အခုပြောပြမယ့် အကြံပြုချက်လေးတွေကို သိထားဖို့ လိုပါမယ်။
(၁) တစ်ကိုယ်ရည်အာသာဖြေထားပါ
Photo : Adomonline.com
လှေလှော် သိုင်းကွက်ကို အချိန်ကြာကြာ လှော်ခတ်ချင်တယ်ဆိုရင် ဒီနည်းလမ်းက အများကြီး အထောက်အကူ ပြုပါလိမ့်မယ်။ သင့် လက်တွဲဖော် ပါတနာနဲ့ အတူမနေခင် နာရီပိုင်းလောက်အလိုမှာ ကြိုတင်ပြီး တစ်ကိုယ်ရည်အာသာ ဖြေတဲ့နည်းပါ။ ဒါဟာ အမှန်တကယ် လက်တွေ့ ချစ်ပင်လယ်ထဲ လှော်ခတ်ကြချိန်မှာ ပြီးမြောက်ချင်စိတ်ကို ပိုမို ဆွဲဆန့်ထားစေနိုင်ပြီး အချိန်ကြာကြာ စွမ်းဆောင်နိုင်စေဖို့ ကူညီပေးပါလိမ့်မယ်။
(၂) Kegel လေ့ကျင့်ခန်းလုပ်ပါ
Photo : The Wellness Corner
Kegel လေ့ကျင့်ခန်းက လွယ်ကူရိုးရှင်းသလောက် အိပ်ရာပေါ်က သင့်စွမ်းဆောင်ရည်ကို သိသိသာသာ မြှင့်တင်ပေးနိုင်ပါတယ်။ လေ့ကျင့်ခန်း လုပ်နည်းကတော့ အဓိက သင့်ရဲ့တင်ပါးဆုံတွင်း ကြွက်သားတွေကို တင်းကျပ်စွာညှစ်ထားပြီး စက္ကန့်အနည်းငယ်လောက် ထိန်းထားကာ ထို့နောက်ပြန်လည် ဖြေလျော့ပေးလိုက်ရုံပါပဲ။ ဒီလေ့ကျင့်ခန်းက လှေလှော် သိုင်းကွက် သုံးချိန်မှာပဲ အချိန်ကြာကြာ စွမ်းဆောင်စေနိုင်တာ မဟုတ်ပါဘူး။ ညီလေးရဲ့ ထောင်မတ်နိုင်စွမ်းကို ပိုကောင်းစေပြီး ဘယ်လိုပဲ မတူညီတဲ့ သိုင်းကွက်တွေ အမျိုးမျိုး ပြောင်းလဲအသုံးပြုပါစေ စွမ်းဆောင်ရည်ကို ကြာရှည်စွာ ထိန်းထားပေးနိုင်မှာ ဖြစ်ပါတယ်။
(၃) ခေါင်းအုံးသုံးပါ
Photo : www.self.com
လှေလှော် သိုင်းကွက် နဲ့ ချစ်ပင်လယ်ကြီးထဲ လှော်ခတ်တော့မယ်ဆိုရင် သင့်ပါတနာရဲ့ တင်ပါးအောက်မှာ ခေါင်းအုံးတစ်လုံး ခုထားလိုက်ပါ။ ဒါဟာ ပိုပြီးသက်တောင့်သက်သာဖြစ်တဲ့ ခံစားချက်ကို ရစေနိုင်ရုံသာမက အတွင်းကို ထည်ထည်ဝင်ဝင် ပိုမိုဝင်ရောက်စေဖို့ ကူညီပေးပြီး ခံစားမှု အထွတ်အထိပ်ကို ရောက်ရှိစေဖို့ ကူညီပေးနိုင်ပါလိမ့်မယ်။
(၄) မတူညီတဲ့ လှုပ်ရှားမှုတွေကို လုပ်ပေးပါ
Photo : Livi
လှေလှော် သိုင်းကွက်ရဲ့ သဘောကိုက ဒူးထောက်လျက်သားနဲ့ တင်ပါးကို ရွေ့လျားကစားပေးရတာပါ။ ဒီလို တင်ပါးကိုပဲ လှုပ်ရှားပြီး တစ်သတ်မှတ်တည်းနည်းအတိုင်း အထုတ်အသွင်းပြုလုပ် လှော်ခတ်နေမယ်ဆိုရင် အချိန်ကြာလာတဲ့အခါမှာ ညောင်းညာလာပါလိမ့်မယ်။ ဒါကြောင့် မတူညီတဲ့ လှုပ်ရှားမှုတွေအဖြစ် အထက်အောက် ဘယ်ညာ မတူညီတဲ့ လှုပ်ရှားမှုတွေကို ပေါင်းစပ်ပြီး ရောသမမွှေ ပေါင်းစပ် သိုင်းကွက် ကို အသုံးပြုဖို့ အကြံပေးချင်ပါတယ်။
(၅) ရပ်/ကြည့်/သွား စနစ်ကိုသုံးပါ
Photo : Body+Soul
ဒီနည်းလမ်းကတော့ လှေလှော် သိုင်းကွက် ကို တရက်ဆက် လှော်ခတ်နေတာထက် အရှိန်ကောင်းလာချိန်မှာ ခဏရပ်ပြီး သင့်ပါတနာရဲ့ အခြေအနေကို တစ်ချက်ကြည့်ဖို့ပါ။ သူမရဲ့ခံစားမှုအာရုံတွေကို မြှင့်တင်ဖို့ လည်ပင်းနဲ့ ဂုတ်သားလေးတွေကို နမ်းတာ ၊ နှုတ်ခမ်းတွေကို အနမ်းတွေ ခြွေတာမျိုး လုပ်ပေးပါ။ ပြီးမှာ ပြန်လည်ပြီး အရှိန်တင် လှော်ခတ်ပါ။ ဒီစနစ်ဟာ သင့်ကို အချိန်မြန်မြန် ပြီးမြောက်သွားစေမယ့် အခြေအနေကနေ လွတ်မြောက်စေဖို့ ကူညီပေးနိုင်ပါတယ်။
Featured Photo : Glamour UK