ဒီ ဇွန် လ ထဲမှာ အခုဖော်ပြပေးမယ့် ဇာတ်ကား အသစ်တွေ ထွက်ရှိလာမှာဖြစ်ပြီး ဒီဇာတ်ကားအသစ်တွေကို မကြည့်ဖူးဘူးဆိုရင်တော့ ကွီးတို့က ခေတ် နောက်ကျတဲ့ လူသားတစ်ယောက် ဖြစ်သွားမှာပါ။ ခေတ်နောက်ကျနေတဲ့ ဘဲကြီးတစ်ဗွေအဖြစ် သတ်မှတ်မခံရလေအောင် အခုဖော်ပြပေးမယ့် ဇာတ်ကားများကို ကြည့်ရှုသင့်ပါတယ်။

The Fall Guy

စတန့်တွေ ပြုလုပ်တဲ့အခါ လူစားထိုး လုပ်ရတဲ့ စတန့်မင်းသားတစ်ယောက်သည် အဓိက ခေါင်းဆောင်မင်းသား သေဆုံးသွားတဲ့ နောက်မှာတော့ သူက ထိုမင်းသားနေရာမှာ အစားထိုးဖို့ ဖြစ်လာပါတော့တယ်။ ဒါပေမဲ့ သူ့ကို လိုက်သတ်နေတဲ့သူတွေကြားမှာ ဘယ်လို အသက်ရှင်အောင် ကြိုးစားမလဲဆိုတာကို ကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ်။​

Source: Universal Pictures

Civil War

ပြည်တွင်းစစ် ဆိုတဲ့ အတိုင်းပဲ နိုင်ငံတွင်းမှာ စစ်ပွဲတွေ ဖြစ်ပေါ်နေတာကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ သတင်းထောက်များက အန္တရာယ်များ ကြားထဲကနေ သတင်းတွေ လိုက်ယူနေပုံ၊ စစ်သားများရဲ့ အသက်ပေးပြီး တိုက်ခိုက်နေပုံ အက်ရှင်မျိုးစုံကို တစ်ကားထဲမှာ ကြည့်ရှု ခံစားနိုင်မှာပဲ ဖြစ်ပါတယ်။

Source: A24

Kingdon of the Planet of the Apes

ဆန်းကြယ် သစ်လွင်တဲ့ ဇာတ်ကား အသစ်လေးတွေကို ကြည့်ရှုချင်တယ်ဆိုရင်တော့ Kingdom of the Planet of the Apes ဇာတ်ကားလေးကို ကြည့်ရှုနိုင်ပါတယ်။

ဒီဇာတ်ကားထဲမှာ လူဝံတွေက အများအပြား တည်ရှိနေကြပြီး ကမ္ဘာလောကကြီးကို ကြီးစိုးနေကြပါတယ်။ တစ်ဖက်မှာတော့ လူသားတွေက အရိပ်ထဲမှာ ပုန်းလျှိုး ကွယ်လျှိုးနဲ့ နေထိုင်နေကြရပါတယ်။ လူဝံတွေမှာလည်း မျိုးနွယ်စုတွေ အများအပြားရှိကြပြီး ခေါင်းဆောင်ဖြစ်ဖို့အတွက် မျိုးနွယ်အချင်းချင်းတောင် သတ်ဖြတ်တာမျိုးတွေ ရှိလာပါတယ်။ နောက်ပိုင်းမှာ လူဝံနဲ့ လူသားကြားမှာရော ဘယ်လိုမျိုးတွေ ဆက်ဖြစ်သွားမှာလဲ။

Source: 20th Century Studios

Boy Kills World

အကြမ်းစား အက်ရှင် ဇာတ်ကားတွေ၊ သွေးသံရဲရဲ ဇာတ်ကားမျိုးတွေကို ကြည့်ရတာ ကျောမချမ်းတတ်ဘူးဆိုရင်တော့ Boy Kills World ဇာတ်ကားကတော့ ကွီးတို့အတွက်ပါပဲ။

Source: FoadsideFlix

The First Omen

အမေရိကန် အမျိုးသမီးငယ်တစ်ဦးသည် ဘုရား အမှုတော်ဆောင်ဖို့ရန်အတွက် ရောမမြို့ရှိ ဘုရားကျောင်းတစ်ခုဆီသို့ စေလွှတ်ခြင်းခံလိုက်ရပါတယ်။ ထိုဘုရားကျောင်းထဲ ရောက်တဲ့အခါမှာတော့ မကောင်းဆိုးဝါး အမှောင်ထုတစ်မျိုးနဲ့ ထိပ်တိုက် ရင်ဆိုင် ကြုံတွေ့ရပါတော့တယ်။ သူ(မ)ရဲ့ ယုံကြည်မှုကလည်း လှုပ်ခတ်သွားပါတော့တယ်။

Source: 20th Century Studios

The Garfield Movie

ဂါဖီးလ် ကာတွန်းကားလေးနဲ့ ကွီးတို့ ရင်းနှီးပြီးသား ဖြစ်ပါလိမ့်မယ်။ ပျော်ပျော်ရွှင်ရွှင်နဲ့ လွဝ်လွဝ်လပ်လပ်နေတတ်တဲ့ ဂါဖီးတစ်ယောက် ဒီတစ်ခါမှာလည်း ဘယ်လို အရှုပ်ထုတ်တွေ လုပ်ဦးမလဲ သိချင်တယ်ဆိုရင်တော့ ဒီဇာတ်ကားလေးကို ကြည့်ရှုသင့်ပါတယ်။

ဂါဖီးတစ်ကောင် သူ့ကို စွန့်ပစ်ခဲ့တဲ့ အဖေဖြစ်သူနဲ့ ပြန်တွေ့တဲ့အခါမှာ ဘယ်လိုမျိုး ဗရုတ်တွေ ကျဦးမလဲဆိုတာ The Garfield ဇာတ်ကားထဲမှာ တွေ့မြင်နိုင်ပါတယ်။

Source: Sony Pictures Entertainment

Inside Out 2

ဒီအက်နီမေးရှင်း ဇာတ်ကားလေးကိုတော့ ကလေး လူကြီးအားလုံး ကြိုက်နှစ်သက်ကြပါတယ်။ ဒါပေမယ့် ဒီတစ်ခါမှာတော့ ကလေးမလေးရဲ့ အသက် ၁၃ နှစ်မှာ အခြားသော ခံစားချက် အသစ်တွေလည်း ထွက်ပေါ်လာပါတော့တယ်။ ဒီတစ်ခါမှာရော သူ့ရဲ့ ခံစားချက်တွေက သူ(မ)ကို ဘယ်လို ကူညီမလဲဆိုတာကို တွေ့မြင်ရပါလိမ့်မယ်။

Source: Disney UK

ဒီ လ ထဲမှာတော့ ဒီ ဇာတ်ကား များကို ကြည့်ရှုခံစားနိုင်ပြီး ကွီးတို့လည်း ခေတ် မနောက်ကျရလေအောင် မြန်မြန် ကြည့်သင့်ပါတယ်။

Source: Moviefone

Featured Image: Honeykidsasia