နှစ်အနည်းငယ်အတွင်း အကြီးအကျယ် အောင်မြင်ကျော်ကြား လူသုံးများလာတဲ့ Social Media ပလက်ဖောင်းတစ်ခုက TikTok ပါ ။ ဒီနေ့ဆို TikTok ကို ပုံမှန် အသုံးပြုနေသူ သန်း ၁၀၀၀ နဲ့ အထက် ရှိနေပြီ ဖြစ်ပါတယ်။ ကမ္ဘာတလွှား TikTok လူမှုကွန်ရက်အင်အားကြီးမားလာမှုနဲ့အတူ နောက်ခံသီချင်း ၊ တီးလုံးတွေနဲ့အတူ စိတ်ကူးဆန်းသစ်တဲ့ ဗွီဒီယိုတိုလေးတွေ ရိုက်ပြီး ကျော်ကြားလာတဲ့ Influencers တွေလည်း အများကြီး ပေါ်ပေါက်လာခဲ့ပါတယ်။ ဒီဆောင်းပါးမှာတော့ ကျော်ကြားမှုကို အရင်းပြုပြီး TikTok မှာ ငွေဝင်အမြင့်ဆုံး ရရှိနေတဲ့ Influencers Celes တွေအကြောင်း မျှဝေပေးသွားမှာပါ။

(၅) Josh Richards

josh richards

Photo : newsweek

Josh Richards ဆိုတာ သီချင်းသံနဲ့ အညီ နှုတ်ခမ်းလိုက်လှုပ်တဲ့ Lip-Syncing လုပ်ရင်း ၊ ကရင်း ၊ သီချင်းဆိုရင်းနဲ့ TikTok ပေါ်မှာ ကျော်ကြားလာတဲ့ Celebrity တစ်ဦးပါ။ အသက် ၂၀ ပဲ ရှိသေးတဲ့ သူဟာ လက်ရှိမှာ TikTok စတိုင် လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ Triller ရဲ့ နည်းဗျူဟာ အရာရှိချုပ် Chief Strategy Officer လုပ်နေပါတယ်။ TikTok မှာ Follower ၂၅.၆ သန်း ၊ YouTube နဲ့ Twitter မှာ Follower ၂.၄ သန်း နဲ့ Instagram မှာ Followers ၇.၃ သန်း ရှိသူလည်း ဖြစ်ပါတယ်။

အသက် ၁၈ နှစ်သားကတည်းက သူဟာ TalentX Entertainment ကို တည်ထောင်ခဲ့သလို Warner Records နဲ့လည်း အသံသွင်းဖို့ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ လုပ်ငန်းတွေမှာ ငွေပင်ငွေရင်းထည့်ဝင်တဲ့ ရင်းနှီးမြှပ်နှံသူလည်း လုပ်ပါတယ်။ CrossCheck Studios ဆိုတဲ့ ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုလည်း ထောင်ထားပါတယ်။ ခွန်အားဖြည့် အချိုရည်ကုမ္ပဏီ Ani Energy ရဲ့ ပူးတွဲတည်ထောင်သူလည်း လုပ်ပါတယ်။ TikTok နဲ့ စပွန်ဆာကြေးတွေကနေ တစ်နှစ်ကို ဒေါ်လာ ၅ သန်း ဝင်တယ်လို့ ဆိုပါတယ်။

(၄) Bella Poarch

Bella Poarch

Photo : cheatsheet

TikTok နဲ့အတူ နေ့ချင်းညချင်း အောင်မြင်ကျော်ကြားသွားသူတွေထဲမှာ ကလေးမျက်နှာနဲ့ ချစ်စဖွယ် အကလေးတွေ တီထွင်က,ပြတတ်တဲ့ Bella Poarch က ထိပ်ဆုံးက ရှိပါတယ်။ Bella Poarch လည်း တခြား TikToker တွေလိုပဲ သီချင်းအတိုင်း နှုတ်ခမ်းလှုပ်ပြီး လိုက်က,တာပါ။ ဗြိတိန် Rapper Millie B ရဲ့ Soph Aspin Send နဲ့အတူ မျက်နှာ ၊ နှုတ်ခမ်း အမူအရာတွေနဲ့ လိုက်က,တဲ့ Bella Poarch ရဲ့ TikTokဗွီဒီယိုဟာ ၂၀၂၀ ပြည့်နှစ်မှာ လူကြည့်အများဆုံး TikTok ဗွီဒီယို ဖြစ်ခဲ့ပါတယ်။

ဖိလစ်ပိုင် – အမေရိကန် ဆယ်လီတစ်ဦးဖြစ်တဲ့ Bella Poarch ဟာ ၁၉၉၇ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်နေ့မှာ မွေးပါတယ်။ Gen Z ပီပီ ဆန်းသစ် တီထွင်မှု ရှိတဲ့ သူမဟာ TikTok ပေါ်မှာ Likes သန်း ၅၀ ကျော် နဲ့ လူကြိုက်အများဆုံး TikTok ဗွီဒီယို ဖန်တီးသူ ဖြစ်လာခဲ့ပါတယ်။ TikTok ပေါ်မှာ Followers ၈၈.၃ သန်းကျော် ရှိထားပြီး Charli D’Amelio နဲ့ Khaby Lame တို့ ပြီးရင် Follower အများဆုံး Cele လည်း ဖြစ်ပါတယ်။

Bella Poarch ဟာ Build A Bitch တစ်ကိုယ်တော်အယ်လ်ဘမ်ခွေတစ်ခွေကို ပြီးခဲ့တဲ့နှစ်က ဖြန့်ချိထားပြီး Billboard Pop Chart မှာ နံပါတ်စဉ် ၅၆ နေရာက ရပ်တည်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်ထဲမှာပဲ သူမဟာ Warner Records နဲ့ Music Record အသံသွင်းစာချုပ်တစ်ခု လက်မှတ်ထိုးထားပါတယ်။ Bella Poarch ဟာ တစ်နှစ်တစ်နှစ် TikTokကနေ ဒေါ်လာ ၅ သန်း ဝင်ငွေ ရပါတယ်။

(၃) Addison Rae

Addison Rae

Photo : ladbible

အမေရိကန် Social Media နာမည်ကျော်ပုဂ္ဂိုလ်တစ်ဦး ဖြစ်သလို သရုပ်ဆောင် ၊ သီချင်းဆို ၊ Dancer လည်း လုပ်တဲ့ Addison Rae ဟာ ၂၀၂၁ ခုနှစ်အတွက် TikTok ရဲ့ ဝင်ငွေ အမြင့်ဆုံး Cele ဖြစ်ခဲ့သလို Forbes ရဲ့ Social Media Influencers များ စာရင်းမှာ 30 Under 30 အဖြစ် ထည့်သွင်း ဖော်ပြခံရပါတယ်။ TikTok မှာ အကောင့်ဖွင့်ပြီး တစ်နှစ် မပြည့်ခင် Follower ၁ သန်း ရခဲ့တဲ့ သူမဟာ လက်ရှိမှာ Follower ၈၇ သန်း ရှိပြီး TikTok ပေါ်မှာ စတုတ္ထမြောက် Follower အများဆုံး အကောင့်ပိုင်ရှင်အဖြစ်လည်း ရပ်တည်နေပါတယ်။

TikTok ‌ပေါ်မှာ ကျော်ကြားမှုအပြင် တခြားစီးပွားရေးလုပ်ငန်းတွေလည်း အများကြီးမှာ ပါဝင်ထားပါတယ်။ အမျိုးသမီးဝတ်အွန်လိုင်း ဖက်ရှင်ကုမ္ပဏီ Fashion Nova ဟာ သူမရဲ့ ပထမဆုံး စပွန်ဆာဖြစ်ခဲ့ပြီး နောက်ပိုင်းမှာ Madeby အလှကုန်လုပ်ငန်းနဲ့ ပေါင်းပြီး ကိုယ်ပိုင် မိတ်ကပ်လုပ်ငန်းဖြစ်တဲ့ Item Beauty ကို ဖြန့်ချိနိုင်ခဲ့ပါတယ်။ Netflix ရုပ်ရှင် He’s All That မှာလည်း သရုပ်ဆောင်ထားတဲ့ Addison Rae ဟာ နှစ်စဉ် ဒေါ်လာ ၈.၅ သန်း ဝင်နေပါတယ်။

(၂) Dixie D’Amelio

Dixie D'Amelio

Photo : celebritynetworth

D’Amelio ညီအစ်မနှစ်ဦးထဲက အကြီးတစ်ယောက်ဖြစ်တဲ့ Dixie D’Amelio ဟာ သူမရဲ့ Personality ကို ဖော်ပြနိုင်တဲ့ ဟာသဗွီဒီယိုလေးတွေ ၊ Trending ဖြစ်တဲ့ Topics လေးတွေ ဖန်တီးပြီး ကျော်ကြားသူ ဖြစ်ပါတယ်။ D’Amelio ညီအစ်မနှစ်ဦး ပေါင်းပြီးလည်း Content လေးတွေ ပုံမှန် တင်ဆက်လေ့ရှိပါတယ်။ Dixie D’Amelio ဟာ အသက် ၂၀ ပဲ ရှိနေသေးပြီး အခု နောက်ပိုင်းမှာတော့ Music ဘက်ကို အာရုံစိုက်လာနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ဇွန်လထဲမှာ သူမဟာ Be Happy ဆိုတဲ့ သီချင်းတစ်ပုဒ် ဖန်တီးခဲ့ပြီး TikTok လောကမှာ လူကြိုက်များခဲ့ပါတယ်။ Follower ၅၇.၁ သန်းကလည်း သူမရဲ့ နောက်နယ်ပယ်သစ်ဆီ ကူးပြောင်းရေးမှာ အထောက်အကူပြုခဲ့ပါတယ်။ ဒီသီချင်းဟာ အမေရိကန်နဲ့ ကမ္ဘာတလွှား Billboard Top Thriller မှာ နံပါတ်တစ် ရပ်တည်ခဲ့သလို YouTube မှာလည်း Trending Video ဖြစ်ခဲ့ပါတယ်။ လက်ရှိမှာ သူမရဲ့ တစ်နှစ်ဝင်ငွေ ဒေါ်လာ ၁၀ သန်း ရှိပါတယ်။

(၁) Charli D’Amelio

Charli D’Amelio

Photo : dexerto

TikTok Influencers တွေထဲမှာ လက်ရှိ ဝင်ငွေအမြင့်ဆုံး ရနေသူက Charli D’Amelio ဖြစ်ပါတယ်။ TikTok ရဲ့ Trending အဖြစ်ဆုံး Dances တွေ ဖန်တီးတာကြောင့် နာမည်ကြီးတဲ့ သူမဟာ ၂၀၀၄ ခုနှစ်မှာ မွေးခဲ့တာ ဖြစ်လို့ အသက် ၁၈ နှစ်ပဲ ရှိသေးပေမယ့် သူမရဲ့ အောင်မြင်မှုဟာ အံ့မခမ်းပဲလို့ ဆိုရမှာပါ။ အဆိုတော်နဲ့ တေးရေး Bebe Rexa က သူမနဲ့ အတူ ကဖို့ ဖိတ်ခေါ်ရာကနေ Charli D’Amelio ဟာ Fan တွေ အများကြီး ရခဲ့ပါတယ်။

ဒီကနေ တစ်ဆင့် နာမည်ကျော် Jonas Brothers ၊ Jimmy Fallon တို့နဲ့လည်း အဆက်အသွယ် ရခဲ့ပြီး အောင်မြင်မှုတွေ တစ်ဆင့်ထက်တစ်ဆင့်မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။ ကိုယ်ပိုင် အလှကုန်တွေ ၊ နာမည်အသုံးပြုခတွေကနေ ပိုက်ဆံသောက်သောက်လဲ ဝင်နေပါတယ်။ TikTok ပေါ်မှာ Charli D’Amelio ကို Follow လုပ်ထားသူ ၁၃၇.၈ သန်း ရှိပါတယ်။ တစ်နှစ်ကို ဒေါ်လာ ၁၇.၅ သန်းအထိ ဝင်ပြီး ကမ္ဘာ့ ဝင်ငွေအရဆုံး TikTok Influencer အဖြစ်လည်း ရပ်တည်နေပါတယ်။

Featured Photo : digitalmarketinginstitute