လူ့ခန္ဓာကိုယ်မှာ အဆီအများဆုံး နေရာကို ပြောပါဆိုရင် ဝမ်းဗိုက်ကိုပဲ ပြောရမှာ ဖြစ်ပါတယ်။ အမျိုးသားတွေအနေနဲ့ အသက် ၄၀ နောက်ပိုင်းမှာ ဗိုက်ပူ ခါးတုတ်တဲ့ ခန္ဓာကိုယ် အသွင်ကို ပြောင်းလဲလာလေ့ ရှိပါတယ်။ အကြောင်းကတော့ အစားအသောက်နဲ့ မှားယွင်းတဲ့ နေထိုင်မှုပုံစံတွေကြောင့် ဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ ကွီးတို့ ရဲ့ ဝမ်းဗိုက် မှာရှိတဲ့ အဆီ တွေကို ဖယ်ရှားနိုင်ဖို့ နည်းလမ်းကောင်းတချို့ ကို မျှဝေပေးချင်ပါတယ်။
(၁) လမ်းပုံမှန် လျှောက်ပါ

Photo : Pexels
လမ်းလျှောက်တာနဲ့ ပြေးတာဟာ ဝမ်းဗိုက်အဆီတွေ ကျဖို့အဓိက ကျပါတယ်။ မနက် ၈ နာရီကနေ နေ့လည်ခင်းအတွင်း လမ်းလျှောက်ဖြစ်မယ်ဆိုရင် တစ်လအတွင်း ဗိုက်အဆီတွေကျဖို့ အကူအညီ ဖြစ်စေပါတယ်။ ဒိုက်ထိုးတာ ၊ Belly ရိုက်တာတွေအပြင် လမ်းလည်း လျှောက်ဖို့လိုပါတယ်။
(၁) အစားအသောက်အလေ့အကျင့် ပြောင်းလဲပါ

Photo : Pexels
ညရောက်လို့ မအိပ်ခင် ဘာတွေ စားခဲ့လဲက အရေးကြီးပါတယ်။ ညရောက်ရင် ပေါ့ပေါ့ပါးပါး စားတာက ခန္ဓာကိုယ်ကနေ ပိုလျှံ အဆီတွေကို ဖယ်ရှားပေးနိုင်ပြီး ညစာများများ စားလိုက်ပြီဆိုရင် အဆီများများ စုဝေးဖို့ ဖြစ်လာပါတယ်။ အိပ်ရာဝင်ဖို့နဲ့ ၂ နာရီကနေ ၃ နာရီ အနည်းဆုံး ခွာပြီး စားပေးပါ။
(၃) အရက်အလွန်အကျွံ သောက်ခြင်းကိုရှောင်ကြဉ်ပါ

Photo : Pexels
အရက်ပမာဏအနည်းငယ်ခန့် သောက်သုံးပေးတာ ကျန်းမာရေးအကျိုးရှိနိုင်ပေမယ့် အလွန်အကျွံသောက်မယ်ဆိုရင် ဆိုးရွားတဲ့ အန္တရာယ်တွေ ရှိပါတယ်။ သုတေသနပြုချက်တွေအရ အရက်အလွန်အကျွံသောက်ခြင်းက ခါးတဝိုက်နဲ့ ဝမ်းဗိုက်မှာ အဆီတွေ ပိုစုလာစေပြီး ဗိုက်ပူခြင်း အဝလွန်ခြင်းတွေ ဖြစ်နိုင်ချေ များပါတယ်။
(၄) သဘာဝအဆီလောင်ကျွမ်းစေမယ့် အစားအသောက်ကို ဂရုစိုက်ပါ

Photo : Pexels
အစားအသောက်နဲ့ ဖြည့်စွက်အစာတွေက အစာအိမ်ကနေတစ်ဆင့် ဝိတ်ကျစေဖို့ မြန်မြန်ဆန်ဆန် ကူညီပေးပါလိမ့်မယ်။ နေ့လည်ခင်းတွေမှာ Green Tea သောက်ပေးဖို့နဲ့ တစ်နေ့တာမှာ အမျှင်ဓါတ်များတဲ့အစားအစာတွေ စားပေးဖို့ လိုပါတယ်။
(၅) လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ
တစ်ပတ်ကို ၄ ရက် ပုံမှန် လေ့ကျင့်ခန်း လုပ်မယ်ဆိုရင်တောင် ဝမ်းဗိုက်အဆီ ကျနိုင်ပါတယ်။ တစ်ခုရှိတာက Workout လုပ်ချိန်မှာ အစား အသောက် ၊ အနေအထိုင်ကို ပိုပြီး ဂရုစိုက်ရမှာ ဖြစ်ပါတယ်။
Featured Photo : Masculin.com

