မန်ချက်စတာယူနိုက်တက်ဂန္တဝင်နောက်ခံကစားသမား ရီယို ဖာဒီနန် က ၎င်းကို ဝိန်း ရူနီ က မောက်မာတဲ့သူလို့ ခေါ်ခဲ့တာကို ငြင်းပယ်လိုက်ပြီး အိုးထရက်ဖို့ဒ်မှာ အတူတူရှိခဲ့တဲ့အချိန်အတွင်း အဆက်အပြတ် အငြင်းအခုံဖြစ်ခဲ့ကြတာလို့ ပြောကြားခဲ့ပါတယ်။

Wayne Rooney and his united team mates

Photo: Manchestereveningnews

ဖာဒီနန်နဲ့ ဝိန်း ရူနီတို့ဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ ပရီးမီးယားလိဂ်ဖလား ၅ ကြိမ် အထိ ရရှိခဲ့ပြီး ၂၀၀၈ ခုနှစ် ချန်ပီယံလိဂ် အောင်ပွဲမှာလည်း အဓိကအစိတ်အပိုင်းအဖြစ် ပါဝင်ခဲ့ကြသူတွေဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဝိန်း ရူနီက ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အထူးညစာစားပွဲတစ်ခုမှာ ဖာဒီနန်ကို မောက်မာသူလို့ ပြောကြားခဲ့ပြီး ပရိသတ်တွေကို အံ့အားသင့်စေခဲ့တာဖြစ်ပါတယ်။

“ရီယိုက ထိပ်တန်းကစားသမားပါ။ ဒါပေမယ့် သူက နည်းနည်းမောက်မာပါတယ်။ မန်ယူနိုက်တက်မှာ ခင်ဗျား ဂိုးပိုက်ထဲ ဘောလုံးဝင်အောင်ကန်ဖို့အတွက် ပိုက်ဆံအများကြီး ရတယ်။ အဲဒီတော့ အဲဒါကိုပဲ လုပ်တဲ့။ ကျွန်တော်က ခင်ဗျား အလုပ် ခင်ဗျား လုပ်စမ်းပါ။ ကျွန်တော့်ကို ဘောလုံးပေး၊ ရော်နယ်လ်ဒိုကို ဘောလုံးပေး။ အဲဒီမှာ ရပ်ပြီး ချီးထုပ်ကျနေတာကို ရပ်လိုက်ပါဆိုပြီး ပြောခဲ့ပါတယ်။ ရီယိုက ထိပ်တန်းအသင်းဖော်တစ်ဦးဖြစ်ပေမယ့် တစ်ခါတလေကျရင် သူက ခံစစ်ကစားသမားဆိုတာကို မေ့နေခဲ့ပါတယ်”လို့ ဝိန်း ရူနီက ပြောကြားခဲ့တာဖြစ်ပါတယ်။

Rio Ferdinand

Photo: The Mirror

ဝိန်း ရူနီရဲ့ မှတ်ချက်အကြောင်း မေးမြန်းခြင်းခံခဲ့ရတဲ့အချိန်မှာ ဖာဒီနန်က “အဲဒါက လက်မှတ်ထိုးတဲ့ပွဲတစ်ပွဲတုန်းကပေါ့။ ကျွန်တော်တို့ထဲက အချို့က ဒီလိုပွဲတွေသွားပြီး ပရိသတ်တွေကို စကားပြောရတယ်။ သူတို့တွေက တော်တော်လေး ရယ်ရတယ်။ ခင်ဗျား အဲဒီကို ရောက်နေတဲ့အချိန်မှာ ဘီယာနည်းနည်းလေးသောက်ပြီးတော့ ပါးစပ်က ဟောင်ဖွာဟောင်ဖွာ လုပ်မိတာပဲ။ ခင်ဗျားရဲ့ လုံခြုံရေးတွေကလည်း ခင်ဗျား ကင်မရာကြီးတွေနဲ့ မိုက်ခရိုဖုန်းတွေ မမြင်ရလောက်အောင် ရှိနေမယ်။ သူက ကစားသမားဟောင်းအနည်းငယ်ကြောင်း နည်းနည်းပါးပါး ပြောခဲ့တယ်”

“သူက ကျွန်တော်က မောက်မာတယ်ဆိုတဲ့အကြောင်း ပြောခဲ့တယ်။ ကျွန်တော်တို့ ဘယ်လို အငြင်းအခုံဖြစ်လဲနဲ့ သူ ကျွန်တော့်ကို ကိုယ့်အလုပ်ကိုယ်လုပ် စတာတွေ ပြောခဲ့တယ်ဆိုပြီး ပြောခဲ့တယ်။ သူ ပြောချင်တာက ကွင်းထဲမှာရှိတဲ့အခါမှာ ကျွန်တော်တို့ အငြင်းပွားကြသလို အိုးထရက်ဖို့ဒ်က လူတွေအားလုံးရှေ့ ဒါမှမဟုတ် လေ့ကျင့်ရေးမှာပါ သူနဲ့ ကျွန်တော် အမြဲတမ်း အငြင်းအခုံဖြစ်ကြတယ်ဆိုတာကိုပါ”

Wayne and Ferdinand

Photo: Sportbible

ဥပမာတစ်ခုပေးဖို့ မေးမြန်းခဲ့တဲ့အခါမှာ ဖာဒီနန်က “ကန်သာ ကန်လိုက်စမ်းပါ ကိုယ့်လူရာ။ ဒီလိုမျိုး အလှအပဆန်တဲ့ ပေးပို့မှုတွေ လုပ်မနေနဲ့။ စခိုးကို အဲဒါတွေကို ပေးလုပ်လိုက်စမ်းပါလို့ ဆိုပြီး ကျွန်တော် တွေးနေလိမ့်မယ်။ ကျွန်တော်က ခင်ဗျားကို ရှေ့တန်းမှာ ရှိနေပြီး ထောင့်ဖြတ်ကန်ပြီး ဒိုင်းခနဲ ဂိုးသွားတဲ့ အဆုံးအဖြတ်ပေးနိုင်စွမ်းမျိုး ရှိစေချင်တာပါ။ ဝိန်းက တစ်ပွဲကို ၂ ဂိုးလောက်သွင်းနိုင်ပေမယ့် ပွဲထဲမှာ မပါဝင်ဘဲ လျင်လျင်မြန်မြန်နဲ့ ပြေးချလာလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူက လမ်းပေါ်က ဘောလုံးသမားဖြစ်နေလို့ပဲ။ သူက မိနစ် ၉၀ စလုံး ပါဝင်ပတ်သက်ချင်နေပြီး ကျွန်တော် ပြောနေကျစကားက ‘သားကြီး၊ ငါ ဂိုးတွေပဲ လိုချင်တယ်ကွာ။ မင်း ကျန်တာဘာလုပ်လုပ် ငါ ဂရုမစိုက်ဘူး’ဆိုတာပဲ”

“ဘောလုံးက သူ့ဆီရောက်လာပြီး အဲဒါကို သူ လိုက်မမီတဲ့အခါကျရင် ကျွန်တော် ‘ဝိန်း မြန်မြန်လိုက်စမ်းပါဟ’ဆိုပြီး အော်ဟစ်နေခဲ့ပါတယ်။ သူ မီအောင်လိုက်ပြီး မင်းအလုပ်သာ မင်းလုပ်စမ်းပါလို့ ပြန်ပြောမယ်။ ကျွန်တော်တို့တွေ အပြန်အလှန် ဆက်တိုက်ဆိုသလိုပဲ တစ်ယောက်နဲ့တစ်ယောက် အားပေးနေခဲ့ကြတာပါ”လို့ ပြောကြားခဲ့ပါတယ်။

Featured Photo: Metro