အိမ်မှာ သောက်ပြီးသား ဝိုင်ပုလင်းအခွံ တွေရှိရင် အလွယ်တကူ မပစ်လိုက်ပါနဲ့။ ကွီးတို့ ကိုယ်တိုင်လက်လုပ် အမိုက်စား ပစ္စည်းလေးတွေ ဖန်တီးလို့ ရပါတယ်။ ဒီတစ်ခေါက်မှာတော့ ဝိုင်ပုလင်းအခွံတွေနဲ့ ပစ္စည်း အမိုက်စားလေးတွေ ဖန်တီးလို့ရမယ့် စိတ်ဝင်စားဖို့ကောင်းတဲ့ DIY နည်းလမ်းလေးတွေကို ပြောပြပါမယ်။

(၁) ဝိုင်ပုလင်း မီးဆိုင်း

DIY Wine Bottle Crafts

Photo : The Spruce Crafts

ဝိုင်ပုလင်းအခွံ တွေကို သေချာဖြတ်တောက်ပြီး ချိတ်ဆွဲလို့ရမယ့် အလှဆင်မီးဆိုင်းလေးတွေ ဖန်တီးလို့ ရပါတယ်။

(၂) အလှပန်းအိုး

DIY Wine Bottle Crafts

Photo : The Spruce Crafts

ဒါလေးကတော့ ဝိုင်ပုလင်းအခွံ တွေနဲ့ ဖန်တီးနိုင်မယ့် အလှပန်းအိုးတွေပါ။ ဝိုင်ပုလင်းပေါ်မှာ စိတ်ကြိုက်အရောင်ခြယ်တာ ၊ အလှဆင်တာတွေ ကွီးတို့ စိတ်ကူးရှိသလို ပုံဖော်ဖန်တီးနိုင်ပါတယ်။

(၃) ဆပ်ပြာပုလင်း

DIY Wine Bottle Crafts

Photo : The Spruce Crafts

အထာကျပြီး အသုံးတည့်တဲ့ ဆပ်ပြာပုလင်းလေးတွေ ဖန်တီးကြည့်လိုက်ပါဦး။ ဝိုင်ပုလင်းအခွံတွေကို မီးဖိုချောင်မှာ လှပသေသပ်ပြီး ခပ်မိုက်မိုက် အထာကျနေမယ့် အမိုက်စား ပန်းကန်ဆေးဆပ်ပြာ ပုလင်းလေးတွေအဖြစ် ပြောင်းလဲလို့ ရပါတယ်။

(၄) အိမ်တွင်းအပင်အိုး

DIY Wine Bottle Crafts

Photo : The Spruce Crafts

အိမ်တွင်းစိုက် အပင်လေးတွေ နှစ်သက်သူတွေအတွက်ပါ။ လွယ်ကူရိုးရှင်းပြီး ဘတ်ဂျတ်လည်း Save ဖြစ်မယ့် အိမ်တွင်းအပင်အိုးလေးတွေကို ဝိုင်ပုလင်းအခွံတွေနဲ့ ဖန်တီးလို့ရပါတယ်။

(၅) ငှက်အစာခွက်

DIY Wine Bottle Crafts

Photo : The Spruce Crafts

ငှက်ကလေးတွေ အစာကျွေးဖို့အတွက် အစာခွက်လှလှလေး ဝိုင်ပုလင်းတွေနဲ့ ဖန်တီးကြည့်လိုက်ပါဦး။

(၆) ဖယောင်းခွက်

DIY Wine Bottle Crafts

Photo : The Spruce Crafts

ပိုက်ဆံအကုန်အကျ သက်သက်သာသာနဲ့ လှပတဲ့ ဖယောင်းခွက်လေးတွေ ကိုယ်တိုင်ဖန်တီးလို့ ရပါတယ်။ အမွှေးရနံ့ ထည့်သွင်းထားတဲ့ ဖယောင်းခွက်လေးတွေဟာ အိမ်မှာ ကိုယ်တိုင်သုံးဖို့ ဖြစ်စေ ၊ ချစ်ခင်ရသူတွေကို လက်ဆောင်ပေးဖို့အတွက်ပဲ အထူး သင့်လျော်ပါတယ်။

Source :  The Spruce Crafts

Featured Photo : DIY & Crafts