ဝိုင် ချစ်သူ ကွီး တို့အနေနဲ့ တစ်ရက်လျှင် ဝိုင်တစ်ခွက်စီ သောက်သုံးပေးခြင်းသည် ကျန်းမာရေးကို များစွာ အထောက်အကူဖြစ်စေပါတယ်။ တစ်ရက်လျှင် တစ်ခွက် သောက်သုံးပေးပါက နှလုံးရောဂါဖြစ်ပွားခြင်းနှင့် ရောင်ရမ်းခြင်းတို့ကို လျော့ချပေးပြီး အသက်ရှည် ကျန်းမာစွာ နေထိုင်နိုင်အောင် ကူညီပေးပါတယ်။

ဝိုင် အမျိုးအစားကို ဘယ်နှမျိုးလောက် ခွဲခြားထားသလဲဆိုတာကိုရော ကွီး တို့ သိပြီးပါပြီလား။

ဝိုင် ချစ်သူ ကွီး တို့အတွက် ဝိုင်ထုတ်လုပ်သူများက အဓိကအားဖြင့် ဝိုင်ကို ၃ မျိုး ၃ စား ထုတ်လုပ်ထားတာဖြစ်ပါတယ်။ Red Wines ၊ White Wines နှင့် နောက်ဆုံး တစ်မျိုးကတော့ Rosé ဝိုင်တို့ပဲဖြစ်ပါတယ်။

ဝိုင်နီအကြောင်း

ဝိုင် ကွီး

ဝိုင်နီတွေကိုတော့ အရသာစူးစူးရှရှလေးရှိပြီး အစားအစာများ၊ အသားများနှင့် တွဲဖက်စားသုံးပါက အင်မတန်လိုက်ဖက်ပါတယ်။ ဝိုင်နီနှင့် ပတ်သက်လာလျှင် Tannins ခေါ် ဒြပ်ပေါင်းတစ်မျိုး၊ ဝိုင်ရဲ့ သက်တမ်း၊ အရသာတို့ပဲဖြစ်ပါတယ်။

Red Wines ကိုမှ နောက်ထပ် အမျိုးအစား (၆) မျိုး ပြန်ခွဲနိုင်ပါသေးတယ်။ ထိုဝိုင်တွေကတော့ Bordeaux ဝိုင်၊ Chianti ဝိုင်၊ Rioja ဝိုင်၊ Syrah ဝိုင်၊ Primitivo ဝိုင်နှင့် Beaujolais ဝိုင်တို့ပဲဖြစ်ပါတယ်။

ဝိုင်ဖြူအကြောင်း

ဝိုင် ကွီး

ဝိုင်နီတွေကတော့ အနီရင့်ရင့် စပျစ်သီးများမှ ထုတ်လုပ်ထားတာဖြစ်ပြီး ဝိုင်ဖြူများကတော့ အစိမ်းရောင်စပျစ်သီးအခွံမှ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဒါ့ကြောင့် သူ့အရောင်က အရောင်မရှိတာဖြစ်ပါတယ်။ ဝိုင်ဖြူထုတ်လုပ်တဲ့အခါမှာတော့ ဝိုင်ရဲ့ သက်တမ်း၊ အရသာ၊ အနံ့နှင့် ရာသီဥတုအခြေအနေတို့ကို တွက်ဆကာ ထုတ်လုပ်ရတာဖြစ်ပါတယ်။

ဝိုင်ဖြူအမျိုးအစားကိုမှ နောက်ထပ် (၄) မျိုး ထပ်မံခွဲခြားထားပါသေးတယ်။ Pinot Grigio ဝိုင်၊ Sauvignon Blanc ၊ Riesling နှင့် Chardonnay တို့ပဲဖြစ်ပါတယ်။

နောက်ထပ် ဝိုင်တစ်မျိုး

rose and sparkling wine

Photo: VinePair

ဒီဝိုင်အမျိုးအစားထဲမှာတော့ Rosé ဝိုင် Sparkling Wines နှင့် Fortified Wines ဆိုပြီး ထပ်မံခွဲခြားထားပါသေးတယ်။ ဒီဝိုင်တွေကတော့ ပွဲအခမ်းအနားပေါ် မူတည်ပြီး သောက်သုံးနိုင်တဲ့ဝိုင်တွေပဲဖြစ်ပါတယ်။ Rosé Wine ကိုတော့ နွေရာသီမှာ အသောက်များပြီး Sparkling Wine ကတော့ စပယ်ရှယ်ပွဲအခမ်းအနားတွေမှာ ဧည့်ခံလေ့ရှိကြပါတယ်။ Fortiried Wine ကိုတော့ အစားအစာ များများစားစား တည်ခင်းဧည့်ခံတဲ့အခါ တွဲဖက်သောက်သုံးကြတာဖြစ်ပါတယ်။

ကွီးတို့ရော ဝိုင်အမျိုးအစားအများအပြားရှိတဲ့အနက် ဘယ်ဝိုင်ကို သောက်သုံးရတာ အနှစ်သက်လုံးလဲ။

Source: Masterclass

Featured Image: Wine.lovetoknow