ဘန်းစကားအရ ဝိ လို့ခေါ်တဲ့ Marijuana (ဆေးခြာက်) ဟာ လိင်ကိစ္စ လုပ်ဆောင်ချိန်မှာ စွမ်းဆောင်ရည် ပိုကောင်းစေသလို လိင်စိတ်ခံစားမှုကိုလည်း ပိုမိုပြင်းပြစေတယ်လို့ လူငယ်တွေကြားမှာ လူပြောများပါတယ်။ ဒါဟာ အမှန်ပဲလား ? Journal of Sexual Medicine ရဲ့ လေ့လာမှု စစ်တမ်းတစ်ခုအရတော့ Marijuana (ဆေးခြာက်) သောက်သူတွေဟာ မသောက်တဲ့သူတွေထက် လိင်မှုဆိုင်ရာ တက်ကြွလှုပ်ရှားမှု ပိုများတယ်လို့ ဖော်ပြထားပါတယ်။
ဒီလေ့လာမှုက ဝိ သောက်လိုက်တာနဲ့ လိင်ကိစ္စအပေါ် ပိုမိုဆွဲဆောင်စေနိုင်တယ် ဒါမှမဟုတ် အံ့သြစရာကောင်းတဲ့ လိင်မှုဆိုင်ရာ အတွေ့အကြုံတစ်ခုကို ရစေနိုင်တယ်လို့ တထစ်ချ ပြောနေတာတော့ မဟုတ်ပါဘူး။ Marijuana (ဆေးခြာက်) များများ သောက်ရင် ကွီးတို့ရဲ့ လိင်စိတ်ဆန္ဒကို မြင့်မားစေလို့ ပြောကြပေမယ့်လည်း ဒါကို လက်မခံသူတွေ အများကြီး ရှိနေပါသေးတယ်။
Photo : Medical News Today
Marijuana (ဆေးခြာက်) သောက်သူတွေဟာ လိင်ကိစ္စကို ပိုလုပ်ဖြစ်ကြတယ်လို့ ဖော်ပြထားပေမယ့် လိင်ကိစ္စအတွက် အကျိုးများစေတဲ့ မျှော်လင့်ချက်နဲ့တော့ Marijuana (ဆေးခြာက်) ကို မသောက်သင့်ပါဘူး။ အမေရိကန်ပြည်ထောင်စုမှာ ၂၀၀၂ ၊ ၂၀၀၆ ၊ ၂၀၁၀ နဲ့ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အတွင်း အမျိုးသမီး ၂၈,၀၀၀ နဲ့ အမျိုးသား ၂၄,၀၀၀ နီးပါးတို့ရဲ့ ၄ ပတ်အတွင်း ဆေးခြောက်သောက်သုံးမှုနှုန်းနဲ့ လိင်ဆက်ဆံမှု အကြိမ်အရေ စစ်တမ်းကောက်ယူခဲ့ရာမှာတော့ တိကျတဲ့ ကိန်းဂဏန်း အချို့ ထွက်လာပါတယ်။
၄ ပတ်အတွင်းမှာ Marijuana (ဆေးခြာက်) သောက်တဲ့ အမျိုးသမီးတွေရဲ့ ပျမ်းမျှ လိင်ဆက်ဆံမှု အကြိမ်အရေဟာ ၇.၁ ကြိမ်ရေ ခန့်ရှိပြီး လွန်ခဲ့တဲ့ တစ်နှစ်အတွင်း Marijuana (ဆေးခြာက်) လုံးဝမသောက်တဲ့ အမျိုးသမီးတွေကတော့ ၆.၀ ကြိမ်ရေ ရှိတယ်လို့ ဖော်ပြထားပါတယ်။ အမျိုးသားတွေမှာတော့ Marijuana (ဆေးခြာက်) သောက်သူတွေရဲ့ ပျမ်းမျှ လိင်ဆက်မှု အကြိမ်အရေဟာ ၆.၉ ကြိမ်ရေခန့်ရှိပြီး Marijuana (ဆေးခြာက်) မသောက်သူတွေကတော့ ၅.၆ ကြိမ်ရေခန့် ရှိတယ်လို့ ဆိုပါတယ်။
Photo : CBC
တစ်နည်းအားဖြင့် ပြောရရင် Marijuana (ဆေးခြာက်) သောက်သူတွေဟာ မသောက်သူတွေထက် ၂၀ ရာခိုင်နှုန်းခန့် လိင်ဆက်ဆံမှု အကြိမ်အရေ ပိုများပါတယ်။ ဝိ သောက်သူ အများစုဟာ ချစ်တင်းနှောတဲ့အခါ လိင်စိတ် အာရုံခံစားမှု မြင့်တက်ပြီး လိင်မှုဆိုင်ရာ သာယာမှုကို တိုးစေတယ်လို့ ယုံကြည်ထားကြပါတယ်။ ဒါပေမယ့်လည်း Marijuana (ဆေးခြာက်)နဲ့ လိင်ဆက်ဆံမှုကြားမှာ ဘယ်လိုမျိုး ဆက်နွယ်မှုတွေ ရှိနေလဲဆိုတာနဲ့ ပတ်သတ်ပြီးတော့ သိပ္ပံနည်းကျလေ့လာမှုတွေ အများကြီး လုပ်ဖို့ လိုနေသေးတာကြောင့် အတိအကျတော့ ပြောလို့ မရပါဘူး။
Marijuana (ဆေးခြာက်) သောက်ပြီးချိန်မှာ ကွီးတို့ရဲ့ လိင်စိတ်ဆန္ဒဟာ ပိုမိုမြှင့်တက်လာတယ်ဆိုရင်တော့ ပုံမှန်ထက် ပိုပြီး လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေကို လုပ်ဖြစ်မှာ သေချာပါတယ်။ ကွီးတို့ရော ဝိသောက်ပြီးချိန်မှာ လိင်ကိစ္စအပေါ် ဘယ်လိုသက်ရောက်မှုတွေ ကြုံရလဲဆိုတာနဲ့ ပတ်သတ်ပြီး အတွေ့အကြုံတွေကို ကွန်းမန့်မှာ မျှဝေပေးခဲ့ပါဦး။
Source : Mensxp
Featured Photo : GoodRx