ဝီစကီ ကြိုက်နှစ်သက်တဲ့ ကွီးတို့ရေ… မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ဝီစကီ ချစ်သူများအတွက် စွဲမက်ဖွယ်ကောင်းတဲ့ ဝီစကီ ကော့တေး ပြုလုပ်နည်း (၃) မျိုးကို ဝေမျှပေးချင်ပါတယ်။ ပြုလုပ်နည်းများကလည်း လွယ်ကူ ရိုးရှင်းတဲ့အတွက်ကြောင့် ကိုယ်တိုင်ကိုယ်ကျ ပြင်ဆင်ချင်သူများအတွက် သင့်တော်ပါတယ်။

Hot Toddy ဝီစကီ ကော့တေး ပြုလုပ်နည်း

ဝီစကီ ပြုလုပ်နည်း

Photo: Thekitchn

ပါဝင် ပစ္စည်းများကတော့ ဝီစကီ ၅၀ မီလီလီတာ၊ ပျားရည် လက်ဖက်ရည်ဇွန်း ၃ ဇွန်း၊ သစ်ကြမ်းပိုးခေါက် တစ်ချောင်း၊ သံပုယိုသီး ၁ လုံး (တစ်ဝက်ကို အရည်ညှစ်ထားပြီး ကျန်တစ်ဝက်ကို ပါးပါး လှီးထားပါ) နှင့် ကြက်သွန်ဖြူ ၂ မြွှာ တို့ပဲဖြစ်ပါတယ်။

ပြုလုပ်နည်း အဆင့်ဆင့်

ဝီစကီ ပြုလုပ်နည်း

Photo: Jocooks

၁။ ပျားရည်နှင့် ဝီစကီတို့ကို သမအောင် ရောမွှေပေးလိုက်ပါ။ ထို့နောက် အပူဒဏ်ခံနိုင်သော ဖန်ခွက်ရှည် နှစ်ခွက်ထဲသို့ အညီအမျှ ခွဲထည့်လိုက်ပါ။

၂။ သစ်ကြမ်းပိုးခေါက်ကို တစ်ဝက်ချိုးပြီးနောက် ဖန်ခွက်ရှည်ထဲသို့ ထည့်လိုက်ပါ။ ထို့နောက် ရေနွေးပူ ၂၀၀ မီလီလီတာခန့်ကို ခွက်တစ်ခွက်ချင်းစီသို့ ထည့်လိုက်ပါ။

၃။ ထို့နောက် သံပုယိုရည်ကို ဖန်ခွက်များထဲသို့ အညီအမျှ ခွဲထည့်လိုက်ပါ။ ထို့နောက် သံပုယိုသီးစိတ်များ၊ ကြက်သွန်ဖြူအမြွှာများ ထည့်လိုက်ပါ။

ဒါဆိုရင်တော့ ဝီစကီ ချစ်သူများအတွက် Hot Toddy ဝီစကီ ကော့တေး တစ်မျိုး ရရှိသွားပြီပဲ ဖြစ်ပါတယ်။

Whiskey Sour တစ်ခွက် ပြင်ဆင်နည်း

ဝီစကီ ပြုလုပ်နည်း

Photo: 2foodtrippers

ပါဝင်ပစ္စည်းများကတော့ ဝီစကီ ၅၀ မီလီလီတာ၊ သံပုယိုရည် ၃၅ မီလီလီတာ၊ သကြားရည် အနည်းငယ်၊ Angostura Bitters ၂ စက်ခန့်၊ ကြက်ဥအကာ တစ်ဝက်၊ ရေခဲတုံး အနည်းငယ်၊ အလှဆင်ဖို့ရန်အတွက် လိမ္မော်သီးစိပ် အနည်းငယ်နှင့် ချယ်ရီသီး အနည်းငယ် စသည်တို့ လိုအပ်ပါလိမ့်မယ်။

ပြုလုပ်နည်းကလည်း လွယ်ကူရိုးရှင်းပါတယ်။ ပါဝင်ပစ္စည်းများ အားလုံးကို ကော့တေး ရှိတ်ခါထဲထည့်ပြီး ခပ်ပြင်းပြင်းလေး လှုပ်ခါပေးလိုက်ပါ။ ထို့နောက် ရရှိလာတဲ့ အယ်လ်ကိုဟော ဖျော်ရည်ကို ဖန်ခွက်ထဲထည့်ပြီးနောက် လိမ္မော်သီးစိပ်၊ ချယ်ရီသီးတို့ဖြင့် အလှဆင်ပေးလိုက်ပါ။ ဒါဆိုရင်တော့ အမိုက်စား ဝီစကီ ကော့တေး တစ်ခွက် ရရှိသွားပါပြီ။

Brown Derby ဝီစကီ ကော့တေး ပြုလုပ်နည်း

Brown Derby

Photo: Foodologygeek

ပါဝင်ပစ္စည်းများကတော့ အိုင်းရစ်ရှ်ဝီစကီ ၅၀ မီလီလီတာ၊ ပန်းရောင်သမ်းနေသော Grapefruit သီး ဖျော်ရည် ၃၅ မီလီလီတာခန့် (အသီးအစစ်ရဲ့ ဖျော်ရည်ကိုသာ အသုံးပြုပါ)၊ ပျားရည် ၁၀ မီလီလီတာနှင့် အလှဆင်ဖို့ရန်အတွက် Grapefruit သစ်သီးစိပ်များ လိုအပ်ပါလိမ့်မယ်။

အရင်ဦးဆုံး ကော့တေးရှိတ်ခါထဲသို့ ဝီစကီ၊ Grapefruit သီးဖျော်ရည်နှင့် ပျားရည်တို့ ထည့်ကာ ခပ်ပြင်းပြင်းလေး လှုပ်ခါပေးလိုက်ပါ။ ထို့နောက် Grapefruit သစ်သီးစိပ်ဖြင့် အလှဆင်ပေးလိုက်ပါ။ ဒါဆိုရင်တော့ အမိုက်စား Brown Derby ဝီစကီကော့တေး တစ်ခွက် ရရှိသွားပြီပဲဖြစ်ပါတယ်။

Source: Bbcgoodfood

Featured Image: Localemagazine