အသင့်ထုတ် ဝီစကီပုလင်းတွေသည် ဘရန်းအမျိုးအစား အမျိုးမျိုးရှိတဲ့အတွက်ကြောင့် ရွေးချယ်စရာလည်း စုံလင်လှတဲ့အတွက်ကြောင့် ဝီစကီချစ်သူများအားလုံး ကြိုက်နှစ်သက်ကြပါတယ်။ သို့သော် ကွီးတို့အနေနဲ့ ကိုယ်တိုင်ကိုယ်ကျ ဝီစကီ ဖန်တီးပြုလုပ်ချင်တယ်ဆိုရင်တော့ အိမ်တွင်း ဖော်စပ်နည်း များကိုလည်း အသုံးပြုနိုင်ပါတယ်။
ဝီစကီ ဖော်စပ်နည်း လေးက လွယ်ကူတဲ့အတွက်ကြောင့် ကွီးတို့အားလုံး သဘောကျနှစ်သက်ကြမှာပါ။
အဆင့် (၁)

အရင်ဦးဆုံး ပြောင်းဖူးစေ့များကို အညှောင့်ထွက်လာအောင် ပြုလုပ်ရပါမယ်။ ပြောင်းဖူးစေ့များကို ရေနွေးနွေးဖြင့် စိမ်ထားပေးလိုက်ပါ။ ၈ ရက်မှ ၁၀ ရက်အထိ အညှောင့်ထွက်လာအောင် စောင့်ပေးရပါမယ်။
အဆင့် (၂)

အညှောင့်ထွက်လာတဲ့အခါမှာတော့ ထိုအညှောင့်များကို ဖယ်ရှားပေးလိုက်ပါ။ အားလုံး ဖယ်ရှားပေးပြီးတဲ့နောက်မှာတော့ ပြောင်းဖူးစေ့များကို ကြေညှက်သွားအောင် ထောင်းပေးလိုက်ပါ။
အဆင့် (၃)

စောစောက ထောင်းထားသော ပြောင်းဖူးထောင်းထဲသို့ ရေနွေးပူ ၅ ဂါလန်ခန့် လောင်းထည့်လိုက်ပါ။ ထို့နောက် အအေးခံထားလိုက်ပါ။
အဆင့် (၄)

ပြောင်းဖူးထောင်းများ အေးသွားပြီဆိုရင်တော့ အချဉ်ဖောက်ရတော့မှာဖြစ်ပါတယ်။ စောစောက ပြောင်းဖူးထောင်းထသို့ တဆေးများ နည်းနည်းချင်းစီ လောင်းထည့်ပါ။ ၄ မိနစ်၊ ၅ မိနစ်ခန့် ကြာသည်အထိ ဖြည်းဖြည်းချင်းစီ လောင်းထည့်ရမှာ ဖြစ်ပါတယ်။
အဆင့် (၅)

အဖုံးကို လုံအောင် ပိတ်ပြီးနောက် အိုးထဲမှ မလိုအပ်သော ကာဘွန်ဒိုင်အောက်ဆိုဒ်များ ထွက်သွားဖို့ရန်အတွက် Airlock လေး တပ်ထားပေးလိုက်ပါ။
ထို့နောက် ထိုအိုးကို နွေးသော ပတ်ဝန်းကျင်မှာ ထားထားပြီး ၅ ရက်မှ ၁၀ ရက်ခန့် အချဉ်ဖောက်ပေးရမှာ ဖြစ်ပါတယ်။
အဆင့် (၆)

ဒီအဆင့်အတွက် သန့်စင်သော ခေါင်းအုံးစွပ်တစ်လုံး အသုံးပြုရမှာဖြစ်ပါတယ်။ စောစောက အချဉ်ဖောက်ထားသော အရာများအားလုံးကို ခေါင်းအုံးစွပ်ထဲ ထည့်ပြီး အဖတ်မပါစေဘဲ အရည်ချည်းသာ စစ်ယူရပါမယ်။
အဆင့် (၇)

ရရှိလာတဲ့ အရည်ကို မီးအေးအေးဖြင့် ဆူပွက်လာအောင် အပူပေးရပါမယ်။ အပူပေးဖို့ရန်အတွက် အဖုံးကို လုံအောင် ပိတ်ပြီး Airlock ပြန်တပ်ထားပါ။ ထို့နောက် အပူခံပိုက်တစ်လုံးအသုံးပြုကာ ငွေ့ရည်များကို ပုလင်းတစ်လုံးဖြင့် စုဆောင်းရမှာဖြစ်ပါတယ်။
အပူပေးလိုက်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ငွေ့ရည်များသည် စုဆောင်းထားသော ပုလင်းထဲတွင် အရည်အဖြစ် ပြန်ပြောင်းသွားတာကို တွေ့ရပါလိမ့်မယ်။ ထိုအရည်တွေကိုတော့ မယူရပါဘူး။ သွန်ပစ်ရမှာပဲဖြစ်ပါတယ်။ ထို့နောက် အိုးတွင်း အပူချိန်က ၂၀၅ ဒီဂရီ ဖာရင်ဟိုက် (၉၆ ဒီဂရီ စင်တီဂရိတ်)အထိ ရောက်သွားတဲ့အခါမှာတော့ မီးပြန်ပိတ်လိုက်လို့ရပါပြီ။
ထို့နောက် အိုးထဲက အရည်ကို အအေးခံထားပြိးနောက် ဝီစကီ စည်ကြီးထဲ ပြောင်းထည့်ကာ သူ့ရဲ့သက်တမ်းကို စတင်သတ်မှတ်နိုင်ပြီပဲဖြစ်ပါတယ်။
ဒါဆိုရင်တော့ ကွီးတို့အားလုံး အကြိုက်တွေ့စေမယ့် ဝီစကီ လေး ရရှိသွားပြီဖြစ်ပါတယ်။ ဒီ ဝီစကီ ဖော်စပ်နည်း လေးက လွယ်ကူရိုးရှင်းတဲ့အတွက်ကြောင့် မိမိအိမ်မှာပဲ အလွယ်တကူပြုလုပ်နိုင်ပါတယ်။
Source: Wikihow
Featured Image: Elite Traveler
