ဝီစကီကို အစားအစာနှင့် တွဲသောက်ဖို့ သင့်လျော်တဲ့ ယမကာ ဟုတ်မဟုတ်နှင့် ပတ်သက်လို့ အငြင်းပွားနေပေမဲ့လည်း ဝီစကီ ကို အစားအစာနှင့် တွဲဘက်သောက်သင့်တယ်လို့ ယူဆလာကြပါပြီ။ ပုံစံအမျိုးမျိုး၊ အနံ့အရသာ အမျိုးမျိုးရှိတဲ့ ဘယ်လို ဝီစကီ အမျိုးအစားနဲ့မဆို လိုက်ဖက်တဲ့ အစားအစာ တွေ ရှိပါတယ်။ ယေဘုယျ စည်းမျဉ်းကတော့ အပျော့စား ဝီစကီများက ပင်လယ်စာနှင့် လိုက်ဖက်သလို အလတ်စား ဝီစကီများက ပရိုတင်းဓာတ်မြင့်မားသော အစားအစာနဲ့ သောက်ဖို့ ကောင်းပြီး ဝီစကီအပြင်း တွေကတော့ အဆီများသော ဟင်းလျာများနဲ့ သင့်တော်ပါတယ်။ ဒါ့အပြင် ကွီးတို့ အတွက် ဘယ်လို ဝီစကီ အမျိုးအစား နဲ့မဆို လိုက်ဖက်တဲ့ အစားအစာ တွေကို ဖော်ပြပေးလိုက်ပါတယ်။

Dark Chocolate

ဝီစကီ အစားအစာ

Photo : Nutrition Consulting

ကွီးတို့ရေ ချောကလက်က ဘယ်လို ဝီစကီ အမျိုးအစားနဲ့မဆို လိုက်ဖက်တဲ့ အစားအစာ ဖြစ်ပါတယ်။ ချိုမြိန်သော ချောကလက်အစား အရည်အသွေးကောင်း အနက်ရောင် ချောကလက် အတုံးများကို ရွေးချယ်ပါ။ Scotch ဝီစကီရဲ့ အချဉ်ဓါတ်ပါရှိမှုက ချောကလက်၏ လိမ္မော်အရသာနဲ့ အမှန်တကယ်လိုက်ဖက်တယ်ဆိုတာ ကွီး ကိုယ်တွေ့ ခံစားနိုင်ပါတယ်။

ဒိန်ခဲ

ဝီစကီ အစားအစာ

Photo : Healthline

ဝီစကီနှင့် ဒိန်ခဲတို့က လိုက်ဖက်တဲ့ အတွဲဖြစ်ပါတယ်။ အကြောင်းကတော့ (၂) မျိုးလုံးက နှစ်ချို့ သက်ရင့်တွေဖြစ်တော့ အရသာမျိုးစုံ ရှိလာလို့ပါ။ နှစ်ချို့ cheddar ဒိန်ခဲ က မီးခိုးနံ့ရှိသော ဝီစကီများနှင့် ကောင်းကောင်းလိုက်ဖက်ပါတယ်။ Brie သို့မဟုတ် ဆိတ်ဒိန်ခဲလို နူးညံ့တဲ့ ဒိန်ခဲတွေက ချိုမြိန်တဲ့ အရသာရှိသော ဝီစကီများနဲ့ သောက်နိုင်ပါတယ်။ ဒါကြောင့် ဒိန်ခဲက ဘယ်လို ဝီစကီအမျိုးအစား နဲ့မဆို လိုက်ဖက်တဲ့ အစားအစာ တစ်မျိုး ဖြစ်ပါတယ်။

သစ်သီးခြောက်များနှင့် အခွံမာသီးများ

ဝီစကီ အစားအစာ

Photo : The Quint

သစ်သီးခြောက်များနှင့် အခွံမာသီးများကလည်း ဘယ်လို ဝီစကီအမျိုးအစား နဲ့မဆို လိုက်ဖက်တဲ့ အစားအစာ တစ်မျိုး ဖြစ်ပါတယ်။ လိုက်ဖက်အရသာတွေ့ဖို့အတွက်တော့ ကွီးကိုယ်တိုင် သတိပြု ရွေးချယ်ရမှာပါ။ ဥပမာအားဖြင့် ပိုချိုသော အခွံမာသီးတွေက Peaty လို ပြင်းတဲ့ ဝီစကီများနှင့် ပိုလိုက် ဖက်ပါတယ်။ မီးခိုးအနံ့အရသာရှိသော ဝီစကီများအတွက် အခွံမာသီးကင်က ပိုသင့်တော်ပါတယ်။

အသားကင်များ

Whiskey

Photo : The San Francisco Times

ဘယ်တော့မှ မမှားနိုင်တဲ့ အတွဲကတော့ ဝီစကီနဲ့ အသားကင်တွေဘဲ ဖြစ်ပါတယ်။ အသားကင်တွေက အလယ်အလတ်ပြင်းတဲ့ ဝီစကီများနဲ့ အလွန်လိုက်ဖက်ပါတယ်။ နက်မှောင်ပြီး မီးခိုးငွေ့ အရသာ ဝီစကီများကတော့ အမဲသားနှင့် အမှန်တကယ် လိုက်ဖက်ပါတယ်။

အသားတုံးများ

Whiskey

Photo : budget Bytes

Meatloaf အသားတုံးတွေက ဝီစကီအပြင်းတွေနဲ့ စားသောက်ဖို့ ကောင်းပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်အောင် ချက်လုပ်ပြင်ဆင်ထားတဲ့ အသားတုံး၊ ဘာဘီကျူးဆော့စ်နဲ့ တွဲပြီး ဝီစကီအပြင်း တွေက လိုက်ဖက်တဲ့ အတွဲတွေ ဖြစ်ပါယ်။ ဒါကြောင့် အသားတုံး Meatloaf က ဘယ်လို ဝီစကီအမျိုးအစား နဲ့မဆို လိုက်ဖက်တဲ့ အစားအစာ တစ်မျိုး ဖြစ်ပါတယ်။

ကွီးအိမ်မှာ ဝီစကီပါတီ လုပ်မယ်ဆိုရင် အပေါ်ကပြောပြထားတဲ့ ဘယ်လို ဝီစကီ အမျိုးအစားနဲ့ မဆို လိုက်ဖက်တဲ့ အစားအစာ တွေထဲက အကောင်းဆုံးကို ရွေးချယ်ပြီး လုပ်နိုင်ပါတယ်။

Source : Whiskies of the World

Featured Photo : Whiskey Flavor