ဒီဘက်ခေတ် အရွယ်ရောက်ပြီးသားသူတိုင်းနဲ့ Pornography ဟာ သိပ်မစိမ်းပါဘူး။ အခုလို အင်တာနက် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြတဲ့ ခေတ်ကြီးထဲမှာ အပြာရုပ်ရှင် ၊ ဓာတ်ပုံနဲ့ စာပေတွေဟာ လူတွေရဲ့နေ့စဉ်ဘဝထဲက တစ်စိတ်တစ်ပိုင်းလို့ပင် ပြောလို့ရနေပါပြီ။ တကယ်တော့ ကျွန်တော်တို့ ခင်ဗျားသိထားတဲ့ အပြာရုပ်ရှင် ၊ ညစ်ညမ်းဓာတ်ရှင်တွေဟာ “သုံးတက်ရင်ဆေး မသုံးတက်ရင်းဘေး” လို့ပဲပြောရမှာ ဖြစ်ပါတယ်။ အပြာရုပ်ရှင်တွေ ကြည့်တာဟာ လိင်မှုဘဝအပေါ် တစ်ဖက်တစ်လမ်းက ကောင်းကျိုးအထောက်အပံ့ ဖြစ်စေနိုင်သလို စွဲစွဲလန်းလန်းဖြစ်လာပြန်ရင်လည်း ကွီးတို့ရဲ့ နေ့စဉ်ဘဝမှာ ဆိုးကျိုးတွေအများကြီး သက်ရောက်လာနိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ အိမ်ထောင်သည် ၊ ချစ်သူစုံတွဲတွေအနေနဲ့ ဘာညာကား လေးတွေကို တစ်ကိုယ်တည်း လျိုတိတ်လေး ကြည့်တာထက် တစ်ခါတစ်လေမှာ ကိုယ့်လက်တွဲဖော် ပါတနာနဲ့အတူတူ ကြည့်တာဟာ လိင်မှုဘဝအတွက် ဘယ်လိုအပြုသဘောဆောင်တဲ့ ကောင်းကျိုးတွေ ရစေနိုင်လဲဆိုတာ ပြောပြပေးချင်ပါတယ်။

(၁) ရင်းနှီးမှုတိုးစေတယ်

couple

Photo : Cupid’s Light

ဘာညာကား လေးတွေကို ကိုယ့်ပါတနာနဲ့ နှစ်ယောက်အတူ ကြည့်တာဟာ တစ်ယောက်နဲ့တစ်ယောက်ကြားက အရှက်အကြောက်ဆိုတဲ့အတားအဆီးအဟန့်အတားတွေကို ပြေပျောက်စေနိုင်ပြီး ခင်မင်ရင်းနှီးမှု တိုးစေကာ လိင်မှုကိစ္စအပေါ်  ပိုမိုပွင့်လင်းမြင်သာမှု ရှိလာစေပါတယ်။ တစ်ယောက်နဲ့တစ်ယောက် နက်ရှိုင်းတဲ့ စိတ်ဆန္ဒတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးထုတ်ဖော်လာနိုင်မှာဖြစ်တဲ့အတွက် အပေးအယူမျှတပြီး ပိုမိုကောင်းမွန်တဲ့ လိင်မှုဘဝတစ်ခုကို တည်ဆောက်နိုင်စေမှာ သေချာပါတယ်။

(၂) ခံစားမှုအသစ်အဆန်းတွေ ရှာဖွေနိုင်ဖို့ ကူညီပေးတယ်

couple

Photo : Chatelaine

အပြာရုပ်ရှင်တွေ ကြည့်တယ်ဆိုတာ တစ်ကိုယ်ရည်စိတ်ဆန္ဒဖြေဖျောက်ဖို့ထက် ပိုပါတယ်။ အရွယ်ရောက်ပြီးသူတွေအနေနဲ့ စူးစမ်းလိုစိတ်နဲ့ သိမြင်ခံစားမှုပေါ် အခြေခံပြီး အပြာရုပ်ရှင် ၊ စာပေတွေကို လေ့လာကြည့်ရှုကြတာ ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ကွီးတို့အနေနဲ့ ကိုယ့်ချစ်သူ ၊ ပါတနာနဲ့အတူ ဘာညာကား လေးတွေ ကြည့်ပေးခြင်းဟာ အရင်က မလုပ်ဖူးတဲ့ လိင်မှုဆိုင်ရာ သာယာမှုအတွေ့အကြုံအသစ်တွေကို စူးစမ်းရှာဖွေပြီး လက်တွေ့ဘဝမှာ ပြန်လည်အသုံးချခြင်းဖြင့် ခံစားမှုအသစ်အဆန်းတွေကို ရှာဖွေတွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။ သို့သော် တချို့သော အပြာရုပ်ရှင်တွေက လက်တွေ့ဘဝနဲ့ဆန့်ကျင်တဲ့ ဖျော်ဖြေရေးသပ်သပ်ပြကွက်တွေကို တင်ဆက်ပြသနေခြင်းသာဖြစ်တဲ့အတွက် တစ်ယောက်ကိုတစ်ယောက် အန္တရာယ်ဖြစ်စေနိုင်တဲ့ ဓမ္မတာနဲ့ဆန့်ကျင်တဲ့ ဆက်ဆံမှုတွေကို လက်တွေ့ဘဝမှာ စမ်းသပ်လုပ်ဆောင်ခြင်းမပြုဖို့ သတိပေးလိုပါတယ်။

(၃) စိတ်လှုပ်ရှားမှု တိုးစေတယ်

couple

Photo : Reddit

ကိုယ့်လက်တွဲဖော်အတူ အိပ်ရာထက်မှာ ဘာညာကား လေးတွေ အတူတူကြည့်တာဟာ ရင်ခုန်စိတ်လှုပ်ရှားစရာ အခိုက်အတန့်ကို သေချာပေါက် ရရှိခံစားနိုင်မယ်ဆိုတာ တွေးကြည့်ရုံနဲ့ သိနိုင်ပါတယ်။ လေ့လာမှုတွေအရလည်း ကိုယ့်ပါတနာနဲ့အတူ ဒီလို ရင်ခုန်ခြင်းတေးသံစဉ်တွေကို အတူတူမျှဝေခံစားတာဟာ အိမ်ထောင်ရေးသုခ ပြည့်ဝဖို့ အကူအညီဖြစ်စေသလို ရိုးသားပွင့်လင်းမှုရှိတဲ့ လိင်မှုဆိုင်ရာ အလေ့အကျင့်နဲ့ သာယာပျော်ရွှင်ဖွယ် လိင်မှုဘဝတစ်ခုကို ပိုင်ဆိုင်နိုင်စေဖို့ အထောက်အပံ့ ဖြစ်စေတယ်လို့ ဆိုထားပါတယ်။

(၄) ခရီးတွင်စေတယ်

couple

Photo : Medium

တစ်ခါတစ်လေမှာ နေ့စဉ်ဘဝရဲ့ဖိအားတွေ ၊ တာဝန်နဲ့ဝတ္တရားတွေဟာ လိင်စိတ်တက်ကြွမှုကို တိုက်စားသွားလေ့ရှိပါတယ်။ လိင်ဆက်ဆံတယ်ဆိုတာဟာလည်း ကိုယ်နဲ့ကိုယ့်ပါတနာနှစ်ဦးစလုံးက တက်ညီလက်ညီနဲ့ စိတ်ဆန္ဒတက်တက်ကြွကြွရှိမှသာ အပေးအယူမျှမျှတတနဲ့ သာယာကြည်နူးဖွယ် အချိန်ကောင်းတစ်ခုကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ ဒီအတွက် ဘာညာကား လေးတွေ အတူတူကြည့်တာဟာ တစ်နေ့တာဖိစီးမှုတွေနဲ့ အဆိုးမြင်အတွေးတွေကို ဖယ်ရှားပစ်နိုင်ဖို့ သေချာပေါက်ကူညီပေးပြီး နှစ်ဦးသားရဲ့ စိတ်ဆန္ဒတွေကို နှိုးဆွတက်ကြွလာစေဖို့ လှုံ့ဆော်ပေးနိုင်ပါတယ်။

(၅) ခံစားမှု အရှိန်အဟုန်ကို မြှင့်တင်ပေးတယ်

Photo : The Irish Sun

အပြာရုပ်ရှင်တွေထဲက အချစ်ပင်လယ်ပြင်ထဲ အားသွန်ခွန်စိုက်လှော်ခတ်နေတဲ့ ပြကွက်ရုပ်သံတွေကို ကြည့်နေစဉ်မှာ ကိုယ့်ပါတနာနဲ့အတူ အပြန်အလှန်နှိုးဆွမှုလေးတွေ လုပ်ပေးတာဟာ စိတ်ဆန္ဒတွေပိုမိုပြင်းထန်လာစေပြီး နှစ်ဦးသားရဲ့အချစ်မီးလျံတွေကို အရှိန်အဟုန်ပြင်းပြင်း တောက်လောင်လာစေဖို့ ကူညီပေးနိုင်ပါတယ်။ ဒါဟာ Foreplay ကို အရှိန်တင်ပေးတာဖြစ်တဲ့အတွက် နှစ်ဦးသားအတူတူ စိတ်ဆန္ဒတွေ အမြင့်ဆုံးရောက်ရှိစေပြီး အထွတ်အထိပ်ခံစားမှုကို အတူတကွ ခံစားနိုင်စေမှာ ဖြစ်ပါတယ်။

ကိုယ့်ပါတနာနဲ့အတူတူ ဘာညာကား လေးတွေ ကြည့်ပေးတာဟာ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်နားလည်မှု ၊ ချစ်ခင်ရင်နှီးမှုနဲ့ သာယာမှု တိုးစေတဲ့ကောင်းကျိုးသက်ရောက်မှုလေးတွေ ရှိတာကြောင့် အမြဲမဟုတ်တောင် တစ်ခါတစ်လေမှာ ဒီလိုရင်ခုန်စရာ အခိုက်အတန့်လေးတွေကိုဖန်တီးဖို့ မမေ့ပါနဲ့ဗျ။

Featured Photo : Happy Mag