လူတစ်ယောက်က ပျမ်းမျှသက်တမ်းအားဖြင့် ၇၀ ကနေ ၈၀ အထိ နေထိုင်နိုင်ကြပါတယ်။ ဒီလိုမျိုး လူ့လောကမှာ လူ့သက်တမ်းစေ့နဲ့ ပျော်ပျော်ရွှင်ရွှင် ကျန်းကျန်းမာမာ နေထိုင်နိုင်ဖို့ကလည်း လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ တကယ်လို့ ကွီးတို့အနေနဲ့ ကိုယ့် ရှော်တီလေးနဲ့ လူ့ သက်တမ်း စေ့ ပျော်ပျော်ပါးပါး အတူတူ နေချင်တယ်၊ ချစ်တင်းနှော ချင်တယ်ဆိုရင်တော့ သိထားရမယ့် အချက်များ၊ လိုက်နာ လုပ်ဆောင်ရမယ့် အချက်များ အများအပြားရှိပါတယ်။

လေ့ကျင့်ခန်း ပုံမှန် ပြုလုပ်ပါ

man workout

လေ့ကျင့်ခန်း ပြုလုပ်ခြင်းက ကွီးတို့ရဲ့ ယေဘုယျကျန်းမာရေးကို ကောင်းမွန်လာအောင် ဖန်တီးပေးနိုင်ပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ကတော့ ပြောမနေပါနဲ့တော့။ ကွီးတို့အတွက် အကျိုးကျေးဇူးတွေ အများကြီး ပေးစွမ်းနိုင်မှာပဲဖြစ်ပါတယ်။ လေ့ကျင့်ခန်း မှန်မှန် ပြုလုပ်ခြင်းအားဖြင့် နှလုံး သွေးကြောကျဥ်း ရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးခြင်း၊ ကိုယ်အလေးချိန် ကောင်းမွန်အောင် ထိန်းညှိပေးခြင်း၊ နှလုံးရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးခြင်း၊ စိတ်ကျန်းမာရေး ကောင်းမွန်အောင် ကူညီပေးခြင်း အစရှိတဲ့ အကျိုးကျေးဇူးများကို ရရှိပိုင်ဆိုင်နိုင်ဖို့ ကူညီပေးမှာပဲဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ ညီညွှတ်အောင် စားသုံးပါ

သက်တမ်း ချစ်တင်းနှော

အဆီ အဆိမ့်များ၊ ကြာရှည်ခံ အစားအစာများကို ရှောင်ကြဥ်သင့်ပါတယ်။ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ အစားအစာများကို စားသုံးမယ့်အစား ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာများကို စားသုံးသင့်ပါတယ်။

ကမာကောင်များသည် ဇင့်ဓာတ်များ ကြွယ်ဝစွာ ပါဝင်တဲ့အတွက်ကြောင့် ကွီးတို့ရဲ့ ကျားဟော်မုန်း ပမာဏကို မြှင့်တင်ပေးဖို့အတွက် ကူညီပေးနိုင်ပါတယ်။

ဟင်းနုနွယ်ရွက်ထဲတွင် မဂ္ဂနီစီယမ်ဓာတ်များ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ထို မဂ္ဂနီစီယမ်ဓာတ်က ကွီးတို့ ခန္ဓာကိုယ်တွင်းရှိ Testosterone ပမာဏကို မြှင့်တင်ပေးနိုင်ပါတယ်။ ဒါ့အပြင် သူ့ထဲတွင် သံဓာတ်လည်း ပါဝင်ပြီး ထိုသံဓာတ်က ချစ်တင်းနှော နေစဥ်အတွင်း (အထူးသဖြင့် အမျိုးသမီးများတွင်) စိတ်ကျေနပ်မှု အပြည့်အဝ ရရှိအောင် ကူညီပေးနိုင်ပါတယ်။ ထိုအစားအစာများအပြင် ဖရဲသီး၊ ထောပတ်သီး၊ သလဲသီး အစရှိတဲ့ သစ်သီးများကိုလည်း စားသုံးသင့်ပါတယ်။

ကျန်းမာရေး အသိရှိပါ

သက်တမ်း ချစ်တင်းနှော

ချစ်တင်းမနှောခင်မှာ သိထားသင့်တဲ့ ကျန်းမာရေး အသိပညာတွေက အများကြီးပါပဲ။

(၁) လိင်ဆက်ဆံဖော် အများကြီး မထားရှိပါနဲ့။ တစ်ဦးတစ်ယောက်တည်းနဲ့သာ ချစ်တင်းနှောပါ။

(၂) ပါတနာ ပြောင်းသွားခဲ့ရင်လည်း ကိုယ့် ကျန်းမာရေး ရာဇဝင်၊ သူ့ ကျန်းမာရေး ရာဇဝင်ကို သိရှိထားအောင် ပြုလုပ်ပါ။

(၃) ချစ်တင်းနှောတဲ့အခါတိုင်းမှာ ကွန်ဒုံး အသုံးပြုပါ။

(၄) ပုံမှန် ကျန်းမာရေး စစ်ဆေးမှု ခံယူပါ။ ကာလသားရောဂါ၊ ဆီးပူညောင်းကျ ရောဂါနှင့် ကလိုင်မီးဒီးယား (Chlamydia) ရောဂါတို့ဆိုရင် တစ်နှစ်လျှင် တစ်ကြိမ်ခန့် ပုံမှန် စစ်ဆေးပါ။ တကယ်လို့ ကွီးတို့က လိင်ဆက်ဆံဖော် ပါတနာ အများကြီး ထားရှိတယ်ဆိုရင်တော့ ၃ လ တစ်ကြိမ်မှ ၆ လ တစ်ကြိမ်အထိ ပုံမှန် ကျန်းမာရေး စစ်ဆေးမှု ခံယူသင့်ပါတယ်။

ဒီလို အသေးစိတ်တွေကအစ သိထားပြီး ကိုယ်တိုင်က လိုက်နာမှသာလျှင် ကွီးတို့ လိုချင်တဲ့ လူ့ သက်တမ်း စေ့ ချစ်တင်းနှော ခြင်းကို ရယူပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။

ကွီးတို့ရော လူ့ သက်တမ်း စေ့ ချစ်တင်းနှော ဖို့ ရယ်ဒီပဲလား။

Source: Menshealth

Featured Image: Healthcare.utah.edu