ကောင်းမွန်တဲ့ အိပ်စက် အနားယူခြင်းရဖို့ အိပ်ရာ အပြင်အဆင်ကို ဖြစ်သလို မထားသင့်ပါဘူး။ အိပ်ရာတစ်ခုဟာ အနည်းဆုံး သန့်ရှင်းသပ်ရပ်ပြီး သက်တောင့်သက်သာ အနားယူချင့်စဖွယ်ရှိနေဖို့တော့ လိုပါတယ်။ ဒီတစ်ခေါက်မှာတော့ သပ်ရပ်တဲ့ အိပ်ခန်းအပြင်အဆင်လေးနဲ့ သက်တောင့်သက်သာ အိပ်စက်အနားယူချင်စရာ အိပ်ရာလေးတစ်ခု ကွီးတို့ကိုယ်တိုင် ဖန်တီးနိုင်မယ့် DIY အိုင်ဒီယာလေးတွေကို ပြောပြပေးပါမယ်။

အိုင်ဒီယာ (၁)

Pallet Bed Frame

Photo : Decoist

အိပ်ခန်း အပြင်အဆင်ကို ရိုးရိုးရှင်းရှင်းနဲ့ Minimalist ဆန်ဆန် ကြိုက်နှစ်သက်သူတွေ အတွက်ပါ။ ရိုးရှင်းတဲ့ အိပ်ရာ လေးတစ်ခု ၊ သက်တောင့်သက်သာ အနားယူလို့ရမယ့် ဆိုဖာလေးတစ်လုံး ရှိရင် ပြည့်စုံပါပြီ။ အိပ်ခန်းအတွင်းကို ကြည့်လိုက်တာနဲ့ အမြင်အေးပြီး စိတ်ကြည်လင် အေးချမ်းစေမယ့် Vibe မျိုး ရစေမှာပါ။

အိုင်ဒီယာ (၂)

Pallet Bed Frame

Photo : Decoist

အလင်းရောင် ကောင်းကောင်းဝင်ပြီး အိမ်ခန်း ဧရိယာတဝိုက်က ရှင်းရှင်းလင်းလင်း ဖြစ်နေမယ့် အပြင်အဆင် ပုံစံပါ။ အိပ်ရာဘေးမှာ အလုပ်စားပွဲ ၊ စာကြည့်စားပွဲ ထားလို့ ရပါတယ်။ နံရံပန်းချီ စိတ်ဝင်စားသူတွေအနေနဲ့ အိပ်ခန်းနံရံမှာ ကိုယ့်စိတ်ကြိုက် ပန်းချီလက်ရာကို အစွမ်းပြလို့ ရပါတယ်။

အိုင်ဒီယာ (၃)

Pallet Bed Frame

Photo : Decoist

ယောကျာ်လေးတွေ အများစု ကြိုက်မယ့် အိပ်ရာ အပြင်အဆင် ဒီဇိုင်းလေးတစ်ခု ဖြစ်ပါတယ်။ ရိုးရှင်းတယ် ၊ သပ်ရပ်တယ် ၊ ခေတ်ဆန်ပြီး စမတ်ကျတဲ့ အိပ်ရာပုံစံမျိုး ကြိုက်သူတွေ လိုက်လုပ် ကြည့်သင့်ပါတယ်။ ပစ္စည်းတွေ အများကြီးနဲ့ ရှုပ်ရှက်ခက်နေတာမျိုး မရှိပဲ အိပ်ရာအခင်းအကျင်းနဲ့ အသုံးအဆောင်တွေ အားလုံး ရိုးရှင်းတဲ့ ဘက်ကိုသွားတဲ့ ဒီဇိုင်းမျိုး သုံးထားတာ ဖြစ်ပါတယ်။

အိုင်ဒီယာ (၄)

Pallet Bed Frame

Photo : Decoist

အိပ်ခန်းဧရိယာ ဘယ်လောက်ပဲ ကျဉ်းကျဉ်း ဒီလို သက်တောင့်သက်သာရှိတဲ့ အိပ်ရာလေးတစ်ခု ဖန်တီးလို့ ရပါတယ်။ စားပွဲတွေ ၊ ခုံတွေ ဘာမှထည့်မထားပဲ ပစ္စည်းနည်းနည်းနဲ့ အိပ်ရာလေးကို ချုံ့လို့ရသလောက် ချုံ့ပြီး  ဖန်တီးထားတဲ့ ဒီဇိုင်းလေးပါ။ ကျဉ်းပေမယ့် နွေးထွေးပြီး လုံခြုံမှုရှိတဲ့ ခံစားချက်ကို ရစေမှာ ဖြစ်ပါတယ်။

အိုင်ဒီယာ (၅)

Pallet Bed Frame
Photo : Decoist

ထပ်ခိုးလို အပေါ်ထပ် နေရာမျိုးမှာ ပြင်ဆင်ဖို့အတွက် အသင့်လျော်ဆုံး အိပ်ရာပုံစံလေးပါ။ အိမ်တွင်းအပန်လေးတွေ ၊ ပန်းချီကားချပ်လေးတွေ ၊ မီးလုံးလေးတွေနဲ့ အခန်းအတွင်းပိုင်းကို အလှဆင်လို့ ရပါတယ်။ တိတ်တိတ်ဆိတ်ဆိတ်နဲ့ သက်တောင့်သက်သာရှိတဲ့ Vibe မျိုး ရစေမယ့် အိပ်ရာအပြင်အဆင်လေး ဖြစ်ပါတယ်။

Source : Decoist

Featured Photo : Collective Gen