ဆား နှင့် သကြားသည် ကွီးတို့ရဲ့ နေ့စဥ် ဘဝမှာ မပါမဖြစ်လိုအပ်တဲ့ ပါဝင်ပစ္စည်းများပဲ ဖြစ်ပါတယ်။ သို့သော် ထို ဆား နှင့် သကြား တို့ကို လိုအပ်သည်ထက် ပိုမိုစားသုံးပါက ကွီးတို့ရဲ့ စွမ်းဆောင်ရည် ကို ကျဆင်းစေနိုင်ပါတယ်။
ကွီးတို့အတွက် လိင်မှုကိစ္စ စွမ်းဆောင်ရည် သည် ကွီးတို့ရဲ့ အိမ်ထောင်ရေးနှင့် ကွီးတို့ရဲ့ ချစ်သူနှစ်ဦးကြား ဆက်ဆံရေးကို ခိုင်မြဲအောင် ပြုလုပ်ပေးဖို့ရန်အတွက် တစ်စိတ်တစ်ပိုင်းအနေနဲ့ အရေးကြီးပါတယ်။ ကိုယ်ခန္ဓာကျန်းမာပြီး စိတ်ကျန်းမာရေး ကောင်းမွန်မှသာလျှင် ကွီးတို့ရဲ့ စွမ်းဆောင်ရည်သည်လည်း တိုးမြှင့်နိုင်မှာမဟုတ်လား။
ဆား နှင့် သကြား အလွန်အကျွံ စားသုံးတဲ့အခါ သွေးတိုးရောဂါ၊ ဆီးချိုရောဂါနှင့် နှလုံးရောဂါတို့ကို ခံစားရစေနိုင်ပြီး ထိုမှတဆင့် ကျောက်ကပ်ပျက်စီးခြင်းကို ဦးတည်နေပြီး ကျောက်ကပ်ပျက်စီးသွားပြီဆိုတာနဲ့ ကွီးတို့ရဲ့ ကျားကျန်းမာရေး စွမ်းဆောင်ရည် သည်လည်း အလုပ်လုပ်နိုင်တော့မှာ မဟုတ်ပါဘူး။
နည်းနည်းလေး ပိုစားလိုက်တာနဲ့ ဘာမှမဖြစ်လောက်ပါဘူး ဆိုပြီး တစ်ရက်ပြီး တစ်ရက် ပိုစားရင်းနဲ့ နောက်ဆုံးမှာတော့ ကွီးတို့ရဲ့ ကျန်းမာရေးပဲ ထိခိုက်လာတာဖြစ်ပါတယ်။ ဒါ့ကြောင့် ဆားနှင့် သကြားတို့ကို သင့်တင့်မျှတတဲ့ ပမာဏပဲ စားသုံးသင့်တာဖြစ်ပါတယ်။
ဒါဆိုရင် ဆားနှင့် သကြားကို တစ်နေ့လျှင် ပမာဏ ဘယ်လောက်ခန့် စားသုံးသင့်သလဲ။

Photo: Healthdigest
၂၀၁၀ က အမေရိကန်တွင် ပြုလုပ်ထားတဲ့ အာဟာရ ညွှန်ကြားချက် သုတေသနအရ ကျနော်တို့သည် တစ်နေ့လျှင် ဆား ၂၃၀၀ မီလီဂရမ်ထက်ပိုပြီး မစားသုံးသင့်ပါဘူး။ ဆိုလိုတာကတော့ တစ်နေ့လျှင် ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့်သာ စားသုံးသင့်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ တကယ်လို့ ကွီးတို့မှ သွေးတိုးရောဂါ၊ ဆီးချိုရောဂါအခံ ရှိနေတယ်၊ ဒါမှမဟုတ် ကွီးတို့အသက်က ၅၁ နှစ်အရွယ်ထက် ကျော်လွန်လာပြီဆိုရင်တော့ တစ်နေ့လျှင် ဆား ၁၅၀၀ မီလီဂရမ်ခန့် (လက်ဖက်ရည်ဇွန်း တစ်ဝက်မပြည့်တပြည့်ခန့်သာ) စားသုံးသင့်တာဖြစ်ပါတယ်။
တစ်နေ့လျှင် ပျမ်းမျှ စားသုံးသင့်တဲ့ သကြားပမာဏကတော့ ကွီးတို့ တစ်နေ့လျှင် ကယ်လိုရီ ဘယ်လောက်များများ အသုံးပြုသလဲဆိုတဲ့ အပေါ် မူတည်ပါတယ်။ အချိုဓာတ်ကို သကြားအပြင် အခြားသော သစ်သီးများထံမှ ရရှိတာဖြစ်တဲ့အတွက်ကြောင့် သကြား စားသုံးခြင်းကိုလည်း သေချာချိန်ဆသင့်ပါတယ်။ အမျိုးသားများအနေနဲ့ကတော့ တစ်ရက်လျှင် သကြား စားပွဲတင်ဇွန်း ၁၄ ဇွန်းခန့် စားသုံးနိုင်ပါတယ်။
ဆားနှင့် သကြားကို လျော့စားရုံနဲ့ လုံလောက်ပြီလား။

ကွီးတို့ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ချင်တယ်ဆိုရင် ဆားနှင့် သကြား လျော့စားရုံနဲ့ မပြီးသေးပါဘူး။ စွမ်းဆောင်ရည်ကို ကျဆင်းစေတဲ့ အခြားသော အစားအစာများလည်း ရှိပါတယ်။ ထိုအစားအစာများကတော့ အဆီ အဆိမ့်များလွန်းသော အကြော်အလှော်များ၊ ဖက်တိအက်ဆစ် ကြွယ်ဝသော အစားအစာတွေဖြစ်တဲ့ နေကြာဆီ၊ ဟင်းရွက်ဆီ အစရှိတဲ့ အစားအစာများကိုလည်း လျော့စားပေးရမှာ ဖြစ်ပါတယ်။
ကွီးတို့ စွမ်းဆောင်ရည် တိုးဖို့ ဘယ်လိုအစားအစာများကို စားသင့်သလဲ။

Photo: Formen
ပန်းသီး၊ သကြားမုန်လာ၊ ဆော်လမွန်ငါး၊ ရွှေဖရုံစေ့၊ ဝက်သား၊ အမဲသား အစရှိတဲ့ အစားအစာများကို စားသုံးသင့်ပါတယ်။ ဒါ့အပြင် ဝိုင်နီသည်လည်း ကွီးတို့ရဲ့ လိင်စိတ်ကို ပိုမိုတက်ကြွလာအောင် လုပ်ဆောင်ပေးပြီး စွမ်းဆောင်ရည်ကို တိုးမြှင့်စေနိုင်ပါတယ်။
ကွီးတို့ရော ကိုယ့်ရဲ့ စွမ်းဆောင်ရည် တိုးမြှင့်ဖို့ ဘယ်လို လုပ်ဆောင်ပါသလဲ။ ဆေးဝါးတွေချည်းပဲ အားကိုးနေမယ့်အစား အခုလို သဘာဝ အစားအစာများကိုလည်း မှီဝဲဖို့ မမေ့နဲ့နော်။
Source: Dallasnews
Featured Image: AskMen

