ကွီးတို့ စားသုံးတဲ့ အစားအစာတွေသည် ကွီးတို့ရဲ့ ကိုယ်သင်းရနံ့ကို ပြောင်းလဲစေနိုင်တယ်ဆိုတာ သိပါသလား။ ဟုတ်ပါတယ်။ ကွီးတို့ စားသုံးတဲ့ အစားအစာတွေကြောင့် ခန္ဓာကိုယ်ရနံ့က တစ်ဖက်လူ မခံနိုင်လောက်အောင် ပြင်းသွားနိုင်သလို ကိုယ်သင်းရနံ့က မွှေးပျံ့သွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ကွီးတို့က ကိုယ့်ရဲ့ ကိုယ်သင်းရနံ့လေးကို သင်းပျံ့ ချင်တယ်ဆိုရင်တော့ ဒါတွေ စား ဖို့ လိုပါလိမ့်မယ်။

အချဥ်ဓာတ်ကြွယ်ဝတဲ့ သစ်သီးများ

သင်းပျံ့ စား

အချဥ်ဓာတ် ကြွယ်ဝတဲ့ သစ်သီးတွေဖြစ်တဲ့ သံပုယိုသီး၊ သံပုရာသီး၊ လိမ္မော်သီး၊ ရှောက်သီး အစရှိတဲ့ သစ်သီးများသည် ကွီးတို့ရဲ့ ခန္ဓာကိုယ်သင်းရနံ့အပေါ် များစွာ အကျိုးသက်ရောက်မှု ပေးပါတယ်။ စတော်ဘယ်ရီသီးများ၊ နာနတ်သီးများ၊ ပန်းသီးများသည်လည်း ကွီးတို့ရဲ့ ခန္ဓာကိုယ်သင်းရနံ့ကို သင်းပျံ့လာအောင် ကူညီပေးနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်သင်းရနံ့ သင်းပျံ့ ဖို့အတွက် ဒီသစ်သီးများထဲက ကွီးတို့ ကြိုက်နှစ်သက်ရာ သစ်သီးကို ရွေးချယ် စား သုံးနိုင်ပါတယ်။

Jasmine Tea

သင်းပျံ့ စား

ဆေးဖက်ဝင် Herbal Tea များသည် ကွီးတို့ ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ပါတယ်။ Jasmine Tea ကတော့ ကွီးတို့ရဲ့ အစာခြေစနစ်ကို ပိုမိုချောမွေ့အောင် ကူညီပေးပြီး ခန္ဓာကိုယ် ကိုယ်သင်းရနံ့ကိုလည်း သင်းပျံ့လာအောင် ကူညီပေးပါတယ်။ တစ်နေ့ကို တစ်ခွက်လောက် သောက်သုံးပေးရုံမျှဖြင့် လပိုင်းအတွင်းမှာ သိသိသာသာ ပြောင်းလဲသွားတာကို မြင်တွေ့ရမှာပါ။

သံပုယိုနှင့် ရေ

သင်းပျံ့ စား

သံပုယိုသီးနဲ့ ရေကို အတူတူ ရောနှောလိုက်ခြင်းအားဖြင့် ကွီးတို့ ရရှိမယ့် အကျိုးကျေးဇူးတွေက မနည်းမနောပါပဲ။ ထိုအကျိုးကျေးဇူးများထဲကမှ ခန္ဓာကိုယ် ရနံ့အတွက် အထောက်အကူပြုတဲ့ အကျိုးကျေးဇူးကတော့ အဓိက အကျဆုံးပါပဲ။ ကျန်းမာရေးနဲ့လည်း ညီညွှတ်ပြီး ခန္ဓာကိုယ် ရနံ့ကိုလည်း သင်းပျံ့အောင် ကူညီပေးတဲ့အတွက်ကြောင့် ကွီးတို့အတွက် အကောင်းဆုံး ဖျော်ရည်တစ်ခွက်ပါပဲ။

ဒိန်ချဥ်

ဒိန်ချဥ်

ဒိန်ချဥ်ထဲတွင် အစာခြေစနစ်ကို ကောင်းမွန်စေပြီး ကွီးတို့ရဲ့ ကိုယ်သင်းရနံ့ကို သင်းပျံ့စေတဲ့ Probiotics များ ပါဝင်ပါတယ်။ ဒိန်ချဥ်ကို တစ်ပတ်လျှင် နှစ်ကြိမ်၊ သုံးကြိမ်ခန့် စားသုံးပေးခြင်းအားဖြင့် ခန္ဓာကိုယ် အနံ့ဆိုးများကို ဖယ်ရှားနိုင်ပါတယ်။ ကွီးတို့ရဲ့ ခန္ဓာကိုယ်က ချွေးနံ့ အရမ်းပြင်းတယ်ဆိုရင်တော့ ဒိန်ချဥ်က အကောင်းဆုံး လျှို့ဝှက်ချက်တစ်ခုပဲဖြစ်ပါတယ်။

သစ်ကြမ်းပိုးခေါက်

သစ်ကြမ်းပိုးခေါက်

သစ်ကြမ်းပိုးခေါက်ကို စားသုံးခြင်းအားဖြင့် ခံတွင်းရနံ့ဆိုးကို ဖယ်ရှားပေးနိုင်သည်သာမကဘဲ ခန္ဓာကိုယ်ရနံ့ကိုလည်း မွှေးပျံ့စေပါတယ်။ သစ်ကြမ်းပိုးခေါက်ထဲတွင် ပါဝင်တဲ့ ဒြပ်ပေါင်းများသည် ခံတွင်းထဲတွင် ခိုအောင်းနေသော ဘက်တီးရီးယားများကို ဖယ်ရှားပေးပြီး အစာခြေစနစ်ကိုလည်း ကောင်းမွန်အောင် ကူညီပေးပါတယ်။ ထိုသစ်ကြမ်းပိုးခေါက်ကို ဟင်းချက်တဲ့အခါ ထည့်ပေးပြီး စားသုံးခြင်းအားဖြင့် ကွီးတို့ရဲ့ ခန္ဓာကိုယ် အနံ့ဆိုးများကို ထိန်းချုပ်ပေးနိုင်ပါတယ်။

ကွီးတို့ရော ကိုယ့်ရဲ့ ခန္ဓာကိုယ်က အနံ့ဆိုးတွေ ထွက်လာတဲ့အခါ ဘယ်လိုမျိုး ဖြေရှင်းလေ့ ရှိပါသလဲ။

Source: Fustany

Featured Image: Freepik