သင်္ကြန်တွင်းမှာ ဘယ်မှ သွားမလည်ရလို့ ညစ်နေတဲ့ ကွီးတို့ ရှိကြပါသလား။ ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းကောင်းလေးကို အသုံးပြုပြီး အေးဆေး အနားယူ အပန်းဖြေနိုင်ပါတယ်။ ဒီနည်းလမ်းကတော့ ပူအိုက်တဲ့ ရာသီဥတုမှာ အအေးဓာတ် ရရှိအောင်လည်း ကူညီပေးနိုင်ပါတယ်။ ပြုလုပ်ရမယ့် အရာကတော့ အခြားတော့ မဟုတ်ပါဘူး။​ သင်္ကြန် တွင်းမှာ အေးဆေး ငြိမ်းနိုင်မယ့် အသေးစား ရေကူးကန် တစ်ခု ဖန်တီးရမှာပဲ ဖြစ်ပါတယ်။

လိုအပ်မယ့် ပစ္စည်းများကတော့ ရေကူန်းကန်အတွက် သံကန် အဝိုင်း တစ်ခု၊ သစ်သားပြား၊ သံ၊ သစ်သားဖြတ်ရန် လွှ၊ ကွန်ကရစ် ထောက်တိုင် ဘလော့ဂ်တုံးများ အရှိသည်တို့ပဲ ဖြစ်ပါတယ်။​

DIY pool

ဆောက်ရမယ့် ဒီဇိုင်းအကြမ်းကတော့ အထက်ဖော်ပြပါ ဒီဇိုင်းအတိုင်းပဲ ဖြစ်ပါတယ်။​

DIY pool

အဆင့် (၁) အရင်ဦးဆုံး သံကန်အဝိုင်းကို အရိပ်ရမယ့် နေရာအောက်မှာ အထိုင်ချထားပါ။

DIY pool

အဆင့် (၂) ကွန်ကရစ် ဘလော့ဂ်တုံးများကို နေရာချထားပါ။

အဆင့် (၃) ထို့နောက် သစ်သား ထောက်တိုင်နဲ့ တန်းများကို နေရာ ပြင်ဆင်ကာ သံဖြင့် ခိုင်ခံ့အောင် ရိုက်နှက်ထားပါ။

DIY poolသင်္ကြန် ရေကူးကန်

အဆင့် (၄) အပေါ်ကနေ သစ်သားပြားများကို တစ်ချောင်းချင်းစီ တင်ရိုက်ပါ။ ပိုနေတဲ့ သစ်သားပြားများကို ပုံပါအတိုင်း အတိအရိ ဖြတ်ထားဖို့ လိုပါမယ်။

သင်္ကြန် ရေကူးကန်သင်္ကြန် ရေကူးကန်

အဆင့် (၅) နောက်တစ်ဆင့်အနေနဲ့ လှေကားထစ် အသေးစားလေး ဖန်တီးရပါမယ်။​

သင်္ကြန် ရေကူးကန်သင်္ကြန် ရေကူးကန်

လှေကားထစ် ဆင်တာ အားလုံး ပြီးသွားပြီဆိုရင်တော့ ကွီးတို့အတွက် သင်္ကြန် တွင်းမှာ အနားယူ အပန်းဖြေစရာ ရေကူးကန် အသေးစား တစ်ခု ရရှိသွားပြီပဲ ဖြစ်ပါတယ်။

ရေကူးကန်ကို လှလှပပ အလှဆင်ကာ ကွီးတို့ စိတ်တိုင်းကျအောင် ဖန်တီးပြင်ဆင် နိုင်ပါတယ်။

ကွီးတို့ရော အားလပ်ရက်လေးမှာ ဘာတွေ ဖန်တီး ပြုလုပ်ချင်ပါသလဲ။

Source: Makergray

Featured Image: Makergray