သင်္ကြန် တွင်းမှာ အပီအပြင် ကဲပြီးသွားပြီ၊ ကျန်ခဲ့တာဆိုတော့ နေလောင်ပြီး ကျန်ခဲ့တဲ့ အသား အရေပဲလား။ နဂိုကတည်းကမှ မဖြူတဲ့အသားက နေလောင်ဒဏ်ကြောင့် ပိုမဲသွားတဲ့အပြင် ပြာနှမ်းသွားလို့ စိတ်ညစ်နေပါသလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကိုအ ဆုံးအထိ ဆက်ဖတ်ကြည့်လိုက်ပါ။

သင်္ကြန် တွင်းမှာ မဲသွားတဲ့ အသား တွေ၊ နေလောင်ပြီး ပြာနှမ်းသွားတဲ့ အသားအရေကို အရင်ကလို ပြန်လည်ကောင်းမွန်သွားအောင် ဘယ်လို ပြန်လည် ဂရုစိုက်ရမလဲဆိုတာကို ကွီးတို့အတွက် ဝေမျှပေးချင်ပါတယ်။

ရှောင်ကြဥ်ရမယ့် အချက်

Exfoliants

နေလောင်တဲ့အသားအရေအတွက် အဓိက ရှောင်ကြဥ်ရမယ့် အချက်ကတော့ အသားအရေကို ကြေးချွတ်ခြင်းပဲ ဖြစ်ပါတယ်။ မြန်မြန် ပြန်ဖြူချင်ဇောနဲ့ Exfoliants တွေ သုံးပြီး ကြေးမချွတ်ရပါဘူး။ နေလောင်ဒဏ်ကြောင့် ပူစပ် ပူလောင်ဖြစ်နေတဲ့ အသားအရေက ပိုဆိုးသွားပြီး ကွီးတို့ရဲ့ အသားအရေအတွက် အန္တရာယ်ဖြစ်စေနိုင်ပါတယ်။

အကောင်းဆုံးကတော့ သင်္ကြန်ထွက်လည်တုန်းက နေလာင်ကာ ခရင်မ်တွေ လိမ်းသွားမယ်၊ လက်ပြတ်တွေ၊ ဘောင်းဘီတိုတွေ ဝတ်တာမျိုး မဟုတ်ဘဲ သက်သာချောင်ချိပြီး လေဝင်လေထွက်ကောင်းတဲ့ လက်ရှည်၊ ဘောင်းဘီရှည်တွေ ဝတ်တာ အကောင်းဆုံးပါပဲ။

ဟုတ်ပြီ။ အဲ့ဒါ့တွေ တစ်ခုမှ မလုပ်မိခဲ့ဘူး။ အချိန်လည်း နောက်ပြန် ဆုတ်လို့ မရတော့ဘူးဆိုရင်တော့ အခုဆက်လက် ဖော်ပြပေးမှာတွေကို ပြုလုပ်သင့်ပါတယ်။

အဓိက ပြုလုပ်ရမယ့်အရာ

သင်္ကြန် အသား

နေလောင်ဒဏ်ကြောင့် အသားအရေက မဲပြာသွားပြီး ပူစပ် ပူလောင် ဖြစ်နေတာတွေကို သက်သာပျောက်ကင်းဖို့ ကူညီပေးမယ့် အကောင်းဆုံး ဆေးစွမ်းကောင်းတစ်လက်ကတော့ ရှားစောင်းလက်ပတ်ပဲ ဖြစ်ပါတယ်။ ရှားစောင်းလက်ပတ် ပါဝင်တဲ့ Moisturizer တွေကို အသုံးပြုပြီး အသားအရေကို ပြန်လည် ကောင်းမွန်လာအောင် ဖန်တီးနိုင်ပါတယ်။

ရှားစောင်းလက်ပတ် ပါဝင်တဲ့ Moisturizer တွေကတော့ Cetapil Soothing Gel Creal with Aloe လည်း အသုံးပြုနိုင်သလို CeraVe Moisturizing Cream (သို့) Vaseline Intensive Care Aloe Soothe Spray စသည်တို့ကို အသုံးပြုနိုင်ပါတယ်။ ဒီတံဆိပ်တွေကတော့ လက်ရှိမှာ နာမည်ကြီးပြီး စိတ်ချ လက်ချ အသုံးပြုနိုင်တဲ့ ဘရန်းတွေပဲ ဖြစ်ပါတယ်။

ရေချိုးပြီးတဲ့အခါတိုင်း အသုံးပြုပေးရမှာပဲ ဖြစ်ပါတယ်။ ပုံမှန် စွဲစွဲမြဲမြဲ လိမ်းကျံပေးမယ်ဆိုရင်တော့ ကွီးတို့ အသားအရေက ပြန်လည် ကောင်းမွန်လာမှာပဲ ဖြစ်ပါတယ်။

အခြား ပြုလုပ်ရမယ့် အချက်များ

သင်္ကြန် အသား

နောက်ရက်တွေ နေပူထဲ အပြင်ထွက်တော့မယ်ဆိုတာနဲ့ နေလောင်ကာခရင်မ်ကို မမေ့မလျော့ လိမ်းကျံသွားရပါမယ်။ ဒါ့အပြင် UVB နဲ့ UVA တို့မှ ကာကွယ်ပေးတဲ့ နေကာမျက်မှန် တစ်လက်ကို ရွေးချယ် ဝယ်ဆင်သွားပါ။ နေ့အပူချိန် အပြင်းဆုံး အချိန်တွေဖြစ်တဲ့ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီကြား အချိန်တွေမှာ နေပူထဲ ထွက်ခြင်းမှ ရှောင်ကြဥ်သင့်ပါတယ်။​ ဒါ့အပြင် တစ်နေ့တာလုံးမှာ ရေများများ သောက်သုံးပေးဖို့လည်း လိုအပ်ပါတယ်။

ကွီးတို့ရော နေလောင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ အသားအရေကို ကုစားဖို့ ရယ်ဒီပဲလား။

Source: Esmiskin

Featured Image: Aerohealthcare