ရှေးခေတ် စူးစမ်းရှာဖွေသူ Christoper Columbus က သင်္ဘောသီးကို “The Fruit Of Angels” လို့ တင်စားခဲ့ပါတယ်။ အကြောင်းကတော့ သင်္ဘောသီးဟာ လူ့ခန္ဓာကိုယ်အတွက် ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေ များစွာ ပေးစွမ်းနိုင်လို့ပါပဲ။ သင်္ဘောသီးက အရသာလည်းရှိသလို ခန္ဓာကိုယ်ကျန်းမာရေးကို မြှင့်တင်ပေးနိုင်တဲ့ အကောင်းဆုံး အသီးတွေထဲက တစ်မျိုး ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ တစ်ပတ် တစ်ကြိမ်ခန့် သင်္ဘောသီး စားပေးရုံနဲ့ ကွီးတို့ ခန္ဓာကိုယ် မှာ ပြောင်းလဲလာမယ့် အရာလေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) ကိုလက်စထရောကို လျော့ချပေးတယ်

Photo : Brightside

သင်္ဘောသီးမှာ အမျှင်ဓာတ်တွေ ကြွယ်ဝတာကြောင့် ကိုလက်စထရော ပမာဏမြင့်မားမှုကို လျှော့ချပေးပါတယ်။ ဒါ့အပြင် သင်္ဘောသီးမှာ ပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ ဗီတာမင်ဓာတ်တွေက နှလုံးရောဂါဆိုင်ရာ ပြဿနာတွေကို ကာကွယ်ပေးပါတယ်။

(၂) ရောင်ရမ်းမှုတွေကို လျော့ချပေးတယ်

Photo : Brightside

သင်္ဘောသီးက ရောင်ရမ်းမှုတွေကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိများ ပါရှိပါတယ်။ ၎င်းဂုဏ်သတ္တိတွေက အရေပြား ရောင်ရမ်းနီးမြန်းခြင်းတွေကို တိုက်ဖျက်ရာမှာအသုံးဝင်ပြီး အဆစ်ရောင်ရောဂါ ၊ အဆစ်အမြစ် နာကျင်ကိုက်ခဲခြင်း ၊ ဂေါက်ရောဂါနဲ့ ပန်းနာရင်ကြပ် ရောဂါတွေကို ကာကွယ် ကုသပေးနိုင်စွမ်းရှိပါတယ်။

(၃) ကိုယ်ခံအားစနစ်ကို တိုးမြှင့်ပေးတယ်

Photo : Brightside

သင်္ဘောသီးက ကိုယ်ခံအားစနစ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေဖြစ်တဲ့ ဗီတာမင် A ၊ ဗီတာမင် Cနဲ့ ဗီတာမင် E ဓာတ်တွေ လုံလုံလောက်လောက် ပါဝင်ပါတယ်။ ဒါတွေကခန္ဓာကိုယ်အတွက် မရှိမဖြစ်မလိုအပ်တဲ့ ဓာတ်တွေ ဖြစ်ပြီး ကိုယ်ခံအားစနစ် ကောင်းဖို့အတွက် ကူညီပေးပါတယ်။

(၄) အိုမင်းရင့်ရော်မှုကို နှောင့်နှေးစေတယ်

Photo : Brightside

သင်္ဘောသီးမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေက အိုမင်းရင့်ရော်မှု နှောင့်နှေးသွားအောင် ကူညီပေးနိုင်ပါတယ်။ သင်္ဘောသီးက အသားအရေ နေလောင်ဒဏ်နဲ့ အရေးအကြောင်းတွေဖြစ်ပေါ်ခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။

(၅) သွေးဖိအားကို ထိန်းညှိပေးတယ်

Photo : Brightside

သင်္ဘောသီးမှာ ပါဝင်တဲ့ Carpaine ဓာတ်က ခန္ဓာကိုယ် ကျန်းခြင်းအတွက် အကျိုးပြုပြီး သွေးဖိအားကို ထိန်းညှိပေးတဲ့နေရာမှာလည်း ကူညီပေးပါတယ်။