ရေခဲချောင်း စားလို့ကုန်သွားရင် ကျန်နေတဲ့ Wooden Sticks ဒါမှမဟုတ် Popsicle Sticks လို့ခေါ်တဲ့ သစ်သားတုတ်ချောင်းလေးတွေကို လွှင့်ပစ်နေမိလား ? နောက်တစ်ခါဆိုရင်တော့ သစ်သားတုတ်ချောင်းလေးတွေကို အမှိုက်ပုံးထဲ မပစ်လိုက်ပါနဲ့တော့နော်။ ဒီ သစ်သားတုတ်ချောင်းလေးတွေနဲ့ ကွီးတို့ စိတ်ဝင်စားဖို့ကောင်းတဲ့ လက်မှုပညာ တီထွင်ဖန်တီးစရာလေးတွေ အများကြီး လုပ်လို့ ရပါတယ်။ ဒီတစ်ခေါက်မှာတော့ သစ်သားတုတ်ချောင်း လေးတွေနဲ့ ချစ်စရာကောင်းတဲ့ ပစ္စည်းလေးတွေ ဖန်တီးနိုင်မယ့် အမိုက်စား DIY အိုင်ဒီယာလေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) ရွှက်လှေငယ်

Popsicle Stick Boat

Photo : CraftySticks.com

ဒါလေးကတော့ သားသားမီးမီးလေးတွေအတွက် သစ်သားတုတ်ချောင်း လေးတွေနဲ့ ဖန်တီးပေးလို့ရမယ့် ကစားစရာ ရွှက်လှေငယ်လေးပါ။ ကလေးတွေကစားဖို့ပဲ ဖြစ်ဖြစ် ၊ အိမ်မှာ အလှဆင်ထားဖို့ပဲ ဖြစ်ဖြစ် သင့်လျော်တဲ့ ချစ်စရာ ရွှက်လှေငယ်လေးတွေ ဖြစ်ပါတယ်။

(၂) စာမှတ်ကဒ်

Popsicle Stick Bookmark

Photo : Happiness is Homemade

စာဖတ်ဝါသနာရှင် စာကြမ်းပိုးလေးတွေအတွက် သစ်သားတုတ်ချောင်း လေးတွေနဲ့ ချစ်စရာကောင်းတဲ့ စာမှတ်ကဒ်လေး တွေ ဖန်တီးနိုင်ပါတယ်။ ကွီးတို့ တန်ဆာပလာလေးတွေ ထပ်ဖြည့် ၊ စိတ်ကြိုက် ဆေးရောင်လေးတွေ ခြယ်သပြီး တိရစ္ဆာန်လေးတွေ ၊ ပန်းပွင့်လေးတွေ စသည်ဖြင့် နှစ်သက်သလို စာမှတ်ကဒ် ခပ်မိုက်မိုက်လေးတွေကို တီထွင်လို့ ရပါတယ်။

(၃) Wind Chime

Wind Chime

Photo : DIY & Crafts

အိမ်မှာ အလှဆင်ဖို့အတွက် ရောင်စုံ Wind Chime လေးတွေကိုလည်း သစ်သားတုတ်ချောင်းလေးတွေနဲ့ ဖန်တီးလို့ ရနိုင်ပါတယ်။ သစ်သားတုတ်ချောင်းလေးတွေကို နှစ်သက်သလို ဆေးရောင်စုံ ခြယ်သပြီး ဖန်စီဘောလုံးလေးတွေ ချိတ်ဆွဲကာ လွယ်ကူရိုးရှင်း လှလွန်းတဲ့ Wind Chime လေးတွေ ကိုယ်တိုင် ပြုလုပ်လိုက်ပါ။

(၄) ဘောပင်ခွက်

 Pencil holder

Photo : SHEIN UK

ချစ်စရာကောင်းတဲ့ ဘော့ပင်ခွက်လေး ကိုယ်တိုင်ဖန်တီး ကြည့်မလား ? ကိုယ်တိုင်သုံးဖို့ ဖြစ်ဖြစ် ၊ လက်ဆောင်ပေးဖို့ပဲ ဖြစ်ဖြစ် အမြင်ဆန်းပြီး ချစ်စရာကောင်းတဲ့ ဘောပင်ခွက်လေးတွေကို သစ်သားတုတ်ချောင်း လေးတွေနဲ့ အလွယ်ကူးဆုံး ပြုလုပ်လို့ ရပါတယ်နော်။

(၅) ဝင်္ကပါဘုတ်

Marble Run
Photo : DIY & Crafts

ကလေးငယ်လေးတွေကို ဖုန်းတွေ ၊ တက်ဘလက်တွေ ပေးမသုံးချင်ဘူးဆိုရင်တော့ အပျင်းပြေ ကစားစရာလေးတွေတော့ ဖန်တီးပေးရမယ့် တာဝန် ဖေဖေမေမေတို့မှာ ရှိပါတယ်နော်။ အိမ်မှာ သားသားမီးမီးလေးတွေ ကစားဖို့အတွက် ဝင်္ကပါဘုတ်ပြားလေးတစ်ခုကို သစ်သားတုတ်ချောင်းလေးတွေနဲ့ ကွီးတို့ ကိုယ်တိုင် ဖန်တီးပေးလို့ ရပါတယ်။

Source : DIY & Crafts

Featured Photo : Moms and Crafters