ဘီယာချစ်သူကွီးတို့ရေ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ကွီးတို့အားလုံး အကြိုက်တွေ့စေမယ့် အကောင်းစား သစ်သီး ဘီယာ များကို ဝေမျှပေးချင်ပါတယ်။ ဘီယာချစ်သူကွီးတို့အားလုံး ဘဝင်တွေ့သွားမှာ အမှန်ပါပဲ။
Cascade Brewing Kriek Ale

Photo: Cascade Brewing
ချယ်ရီအရသာလေးကို မြည်းစမ်းကြည့်ချင်တယ်ဆိုရင်တော့ Cascade Brewing Kriek Ale လေးကို မြည်းစမ်းကြည့်နိုင်ပါတယ်။ သူ့ရဲ့ဖျော်စပ်နည်းတွေသည် ရိုးရာနည်းလမ်းများကို အသုံးပြုကာ ဖော်စပ်ထားတာဖြစ်ပြီး နှစ်ရှည်လများကြာအောင် သိုလှောင်ထားကာ အချဉ်ဖောက်ထားတာ ဖြစ်ပါတယ်။
Dogfish Head SuperEIGHT

Photo: Dogfish Head
ဒီဘီယာကတော့ Sour Beer စတိုင်လ်ဖြစ်ပါတယ်။ သူ့ထဲမှာ ဘယ်ရီသီးပေါင်းစုံ၊ ကီဝီ၊ သရက်သီး၊ သစ်တော်သီးနှင့် ဟာဝိုင်အီဒေသထွက် ပင်လယ်ဆားတို့ကို အသုံးပြုကာ ဖော်စပ်ထားတာ ဖြစ်ပါတယ် သူ့ရဲ့အရောင်ကတော့ အနီရောင်ပဲ ဖြစ်ပါတယ်။
Eagle Brewery Banana Bread Beer

Photo: Abillion
သူ့ရဲ့နာမည်အတိုင်းပဲ ငှက်ပျောသီးကို အခြေခံကာ ထုတ်လုပ်ထားတဲ့ သစ်သီး ဘီယာ တစ်မျိုးဖြစ်ပါတယ်။ ဘီယာအပျော့စားလေးကို သောက်သုံးချင်တယ်ဆိုရင်တော့ ဒီဘီယာကို ရွေးချယ်နိုင်ပါတယ်။
21st Amendment Hell or High Watermelon

Photo: Brewbound
သူ့ရဲ့ထုတ်ပိုးမှုကလည်း ဈေးကွက်ထဲမှာ တွေ့မြင်နေရတဲ့ စတိုင်လ်ပဲဖြစ်ပါတယ်။ ဖရဲသီးအရသာကို အခြေခံကာ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ သူကတော့ သစ်သီးများ၊ ပင်လယ်စာ အစားအစာများနှင့် အင်မတန်ကို လိုက်ဖက်ပါတယ်။
Shiner Prickly Pear

Photo: The Year in Beer – Tumblr
၂၀၁၅ ခုနှစ်က စတင်ထုတ်လုပ်ထားတဲ့ သစ်သီး ဘီယာ တစ်မျိုးဖြစ်ပါတယ်။ နှစ်အနည်းငယ်ကြာတဲ့အခါမှာတော့ စတော်ဘယ်ရီအရသာနှင့် ဘီယာအမျိုးအစားအသစ် တစ်မျိုးကိုလည်း ထပ်မံ ဖော်စပ်ကာ ထုတ်လုပ်ထားပါသေးတယ်။ အခုဖော်ပြထားတဲ့ အရသာကတော့ သစ်တော်သီး အရသာဖြစ်ပြီး အေးအေးလေးနဲ့ ဇိမ်ကျကျ သောက်သုံးချင်သူများအတွက် အကောင်းဆုံး ရွေးချယ်မှုပါပဲ။
Schöfferhofer Grapefruit Hefeweizen

Photo: The Brew Site
ဒီဘီယာကတော့ ၂၀၁၂ ခုနှစ်ကတည်းက လူကြိုက်များကာ ပေါ်ပြူလာဖြစ်ခဲ့တဲ့ ဘီယာတစ်မျိုးဖြစ်ပါတယ်။ Grapefruit သီးကို အခြေခံကာ ထုတ်လုပ်ထားတာဖြစ်ပြီး နေ့လည်စာ စားသုံးတဲ့အခါမှာပဲဖြစ်ဖြစ်၊ ပျော်ပွဲစားထွက်တဲ့အချိန်မှာပဲဖြစ်ဖြစ် ယူဆောင်သွားနိုင်တဲ့ သစ်သီးဘီယာတစ်မျိုးဖြစ်ပါတယ်။
Ommegang Apripêche

Photo: Brewery Ommegang
ဒီဘီယာကတော့ ဘယ်လ်ဂျီယံစတိုင်လ် ဘီယာတစ်မျိုးပဲ ဖြစ်ပါတယ်။ သူ့အရသာလေးက ဝိုင်ချစ်သူများအတွက် စွဲမက်သွားစေမယ့် အရသာတစ်မျိုးပါ။ ဘယ်လ်ဂျီယံ ရိုးရာ အရက်ချက်နည်းကို အသုံးပြုကာ ဖော်စပ်ထားတာဖြစ်ပါတယ်။
Samuel Smith Organic Strawberry

Photo: Pinterest
အော်ဂဲနစ် စတော်ဘယ်ရီဆိုတဲ့ နာမည်အတိုင်းပဲ ဓာတုပစ္စည်းမသုံးထားတဲ့ သဘာဝစတော်ဘယ်ရီစစ်စစ်ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ ဘီယာချစ်သူများအတွက် ပြီးပြည့်စုံမှုအရှိဆုံး ဘီယာလို့တောင် ပြောနိုင်ပါတယ်။
Ballast Point Grapefruit Sculpin IPA

Photo: Ballast Point
ဒီသစ်သီးဘီယာလေးကတော့ ၂၀၀၅ ခုနှစ်မှာ အကောင်းဆုံး သစ်သီးဘီယာအဖြစ် ဆုရရှိထားတာပဲ ဖြစ်ပါတယ်။ ကယ်လ်လီဖိုးနီးယားနိုင်ငံထုတ် သစ်သီးဘီယာဖြစ်ပြီး ဘီယာချစ်သူများအတကြား ရေပန်းစား လူကြိုက်များပါတယ်။
ကွီးတို့ရော ဘီယာသောက်တဲ့အခါ ဘယ်လိုဘီယာအမျိုးအစားကို ရွေးချယ်သောက်သုံးဖြစ်ပါသလဲ။
Source: Thespruceeats
Featured Image: public wine, beer, and spirits
