ဟောလိုးဝင်းညမှာ ဘယ်မှမသွားရဘဲ အိမ်တွင်းအောင်းနေကြမယ့် ဘော်ဒါတို့ ရှိကြပါသလား။ ကျနော်တို့ မြန်မာနိုင်မှာတော့ ဟောလိုးဝင်းညကို အကြီးအကျယ် ကျင်းပလေ့မရှိကြပါဘူး။ သို့သော် အချို့လူငယ်များကတော့ ပါတီပွဲတက်ကာ ဟောလိုးဝင်း Costume များ ဝတ်ဆင်ပြီး ဟောလိုးဝင်းညကို ပျော်ပျော်ပါးပါး ဖြတ်သန်းကြပါတယ်။ ကွီးတို့အနေနဲ့ ဟောလိုးဝင်းညမှာ အိမ်ထဲမှာပဲ ပိတ်မိနေပေမယ့် စိတ်ဝင်စားစရာကောင်းတဲ့ သည်းထိတ်ရင်ဖို ဂိမ်း များ ဆော့ကစားရင်း အချိန်ကုန်ဆုံးနိုင်ပါတယ်။

INSIDE

ဒီဂိမ်းလေးရဲ့ ထူးခြားချက်ကတော့ သူ့ရဲ့ အရောင်ကို Muted Colours ပုံစံ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ အရမ်းကြီး ကြောက်စရာတော့မကောင်းပေမယ့် ဆော့ကစားရတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ကြောက်စရာကောင်း မကောင်းကို Rating ပေးရမယ်ဆိုရင်တော့ 5 Stars မှာ 3 Stars တော့ ပေးရပါလိမ့်မယ်။

Five Nights At Freddy’s

နောက်ထပ် အမိုက်စား ဂိမ်းကတော့ Five Nights At Freddy’s ပဲဖြစ်ပါတယ်။ မကောင်းဆိုးဝါး တိရစ္ဆာန်တွေရဲ့ ရန်ကနေ လွတ်မြောက်အောင် ဆော့ကစားရမှာဖြစ်ပါတယ်။ သင့်မှာ အချိန်က အကန့်အသတ်သာရှိပါတယ်။ ထိုသတ်မှတ်ချိန်အတွင်း လွတ်မြောက်အောင် ကြိုးစားရမှာဖြစ်ပါတယ်။

Night Terrors: Bloody Mary

အသည်းငယ်တတ်သူများအနေနဲ့ ဒီဂိမ်းကို လက်တည့်မစမ်းဖို့တော့ အကြံပေးချင်ပါတယ်။ ဆော့ကစားမယ့်သူအနေနဲ့ ကင်မရာကို မိမိအိမ်ဘက် လှည့်ပြထားရမှာဖြစ်ပြီး သင့်ရဲ့အိမ်က သရဲခြောက်တဲ့ အိမ်အဖြစ် ပြောင်းလဲသွားမှာပဲဖြစ်ပါတယ်။ ကင်မရာကို သင့်အိမ်ဘက် လှည့်ထားကာ လျှောက်သွားနေရမှာဖြစ်ပြီး အိမ်တစ်ခုလုံးကို အမှောင်ချထားကာ မထင်မှတ်ထားတဲ့ နေရာကနေ သရဲက ရုတ်တရက်ပေါ်လာမှာဖြစ်ပါတယ်။ သင့်အနေနဲ့ ထူးဆန်းခြောက်ခြားဖွယ်ရာ မက်ဆေ့များ၊ ဖုန်းကောလ်များကိုလည်း ပြန်လည်ဖြေကြားရမှာ ဖြစ်ပါတယ်။ ဂိမ်းဆော့ပြီးသွားရင်တောင်မှ ကိုယ့်အိမ်နဲ့ကိုယ်တောင် မီးဖွင့်ပြီး အိပ်တာတောင် အိပ်ရဲမှာမဟုတ်တော့ပါဘူး။ ဟောလိုးဝင်းညမှာ အပျင်းပြေ ဆော့ကစားနိုင်တဲ့ သည်းထိတ်ရင်ဖို ဂိမ်း တစ်ခုပဲဖြစ်ပါတယ်။

Goosebumps HorrorTown: The Scariest Monster City!

Goosebumps ဇာတ်ကားကို ကွီးတို့ ကြည့်ဖူးကြပါလိမ့်မယ်။ ဒီဂိမ်းကလည်း ထိုရုပ်ရှင်ကားကို အခြေခံထားတဲ့ ဂိမ်းမျိုးပဲဖြစ်ပါတယ်။ မြို့ထဲမှာ မကောင်းဆိုးဝါးတွေ သောင်းကျန်းနေတဲ့ ရန်ကနေ လွတ်မြောက်အောင် ထွက်ပြေးရမှာပဲဖြစ်ပါတယ်။ သိပ်ကြောက်စရာမကောင်းတဲ့ ဂိမ်းမျိုးကို ဆော့ချင်သူများကတော့ ဒီဂိမ်းကို ရွေးချယ်ဆော့ကစားနိုင်ပါတယ်။ iOS မှာရော Android မှာရော ဆော့ကစားနိုင်တဲ့ ဂိမ်းတစ်ခုပဲဖြစ်ပါတယ်။

Oxenfree

အပျင်းပြေ ဂိမ်း

Photo: TechCrunch

သူငယ်ချင်းအုပ်စုလိုက်ကြီး ကမ်းခြေသို့ ပျော်ပျော်ပါးပါး ခရီးထွက်လာကြတာဖြစ်ပါတယ်။ ကံဆိုးချင်တော့ ကျိန်စာသင့်နေတဲ့ တောအုပ်တစ်ခုထဲ ဝင်မိသွားပါတယ်။ ထို့နောက် သူတို့သည် အသက်ရှင်ဖို့ရန်အတွက် အသည်းအသန် ကြိုးစားနေရပါတယ်။ သို့သော် အချိန်စက်ဝန်းတစ်ခုထဲမှာပဲ ပိတ်မိသွားကြပြီး ဘယ်တစ်ယောက်က သူတို့ရဲ့ သူငယ်ချင်းအစစ်လဲဆိုတာကို ပြောဖို့ ခက်လာပါတယ်။ ဒီလောက်ဆိုရင်တော့ ဆော့ဖို့ ဘယ်လောက်ထိကောင်းမလဲဆိုတာကို သိပြီးလောက်ပြီဖြစ်ပါလိမ့်မယ်။

ဒီဂိမ်းကတော့ iOS မှာရော Android မှာပါ ဆော့ကစားနိုင်ပါတယ်။ သို့သော် iOS မှာတော့ Free ဆော့လို့ရပေမယ့် Android သမားတွေကတော့ ၅ ဒေါ်လာပေးဝယ်မှသာလျှင် ဆော့ကစားနိုင်မှာဖြစ်ပါတယ်။

Source: Virginmedia

Featured Image: Greenbot