ရုပ်ရှင်ချစ်သူ ကွီးတို့ရေ ဒီလိုပိတ်ရက်မှာ အပြင်မသွားဘဲ အေးဆေးဆေးဆေး ရုပ်ရှင် လေးကြည့်ရင်း အနားယူချင်တဲ့ ကွီးတို့ရှိပါသလား။ စိတ်ဝင်စားဖွယ် ဇာတ်ကားကောင်းတွေကို ရှာဖွေနေတဲ့ ကွီးတို့အတွက် အမြဲ အမျိုးအစားစုံလင်တဲ့ ဇာတ်ကားကောင်းတွေကို ဝေမျှပေးနေပါတယ်။ အခုတစ်ခါမှာလည်း ဒီနှစ်ထဲမှာ ထွက်ရှိထားတဲ့ စိတ်လှုပ်ရှားဖွယ် သည်းထိတ်ရင်ဖို ဇာတ်ကားကောင်း များ ကိုဝေမျှပေးပါမယ်။

Crimes of the Future

Source : NEON

ဒီနှစ်အတွက် သည်းထိတ်ရင်ဖို ဇာတ်ကားကောင်း တွေထဲက တစ်ခုဖြစ်တဲ့ Crimes of the Future ဟာ သိပ္ပံစိတ်ကူးယဉ် ထိတ်လန့်စရာ ဒရာမာဇာတ်ကားဖြစ်ပြီး ဒါရိုက်တာ David Cronenberg က ရိုက်ကူးပုံဖော်ထားပါတယ်။ ဇာတ်ကားမှာ Viggo Mortensen၊ Léa Seydoux နဲ့ Kristen Stewart တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ကွီးတို့အတွက် ဘယ်လိုစိတ်လှုပ်ရှားဖွယ်ရာတွေ ပေးစွမ်းနိုင်မလဲဆိုတာ အခုပဲ ကြည့်လိုက်ရအောင်။

Men

Source : A24

ကွီးတို့အတွက် နောက်ထပ်ဖော်ပြချင်တဲ့ ဇာတ်ကားကတော့ Men ဆိုတဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ထိတ်လန့်ခြောက်ခြားဖွယ် ဗြိတိန် ရုပ်ရှင်ဖြစ်ပြီး ဒါရိုက်တာ Alex Garland မှ ရိုက်ကူးခဲ့ပါတယ်။ ဒီဇာတ်ကားထဲမှာ  ခင်ပွန်းဖြစ်သူ သတ်သေပြီးနောက် တစ်ကိုယ်တော် ခရီးထွက်သော မုဆိုးမတစ်ဦးရဲ့ ဇာတ်လမ်းကို ဇာတ်အိမ်တည်ထားပါတယ်။ ပြီးနောက် သူမ ခရီးထွက်ခဲ့တဲ့ ရွာတစ်ရွာက အမျိုးသားများနဲ့တွေ့ဆုံ ပြီး ထိတ်လန့်ဖွယ်တွေ စတင်ကြုံတွေ့ရပါတော့တယ်။

The Outfit

Source : Focus Features

ဒီဇာတ်ကားက အမေရိကန် စိတ်ပိုင်းဆိုင်ရာ ရာဇဝတ်မှု ဒရာမာ သည်းထိတ်ရင်ဖို ဇာတ်ကားဖြစ်ပါတယ်။  ဒီကားမှာ Mark Rylance၊ Zoey Deutch နှင့် Dylan O’Brien တို့က ပါဝင်သရုပ်ဆောင်ထားပြီး လူဆိုးမိသားစုတစ်စုကို ဝန်ဆောင်မှုပေးရတဲ့ အင်္ဂလိပ် အထည်ချုပ်သမားတစ်ဦးရဲ့ဇာတ်လမ်းကို နောက်ခံထားပြီး ရိုက်ကူးထားတဲ့ စိတ်လှုပ်ရှားဖွယ် သည်းထိတ်ရင်ဖို ဇာတ်ကားကောင်း တစ်ခုလည်း ဖြစ်ပါတယ်။

NOPE

Source : Universal Pictures

Nope ဇာတ်ကားကတော့ “လျှို့ဝှက်ဆန်းကြယ်ပြီး ပုံမှန်မဟုတ်သော ဖြစ်ရပ်တစ်ခု” ကြုံတွေ့နေရတဲ့ မြို့ငယ်လေးများကို ရိုက်ကူးထားသည့် ထိတ်လန့်စရာ ဇာတ်ကားဖြစ်ပါတယ်။ ဒီကားကို ဇူလိုင် ၂၂ ရက်၊ ၂၀၂၂ ခုနှစ်တွင် အမေရိကန်တွင် ရုံတင်ပြသခဲ့ပါတယ်။ ၎င်းက ကမ္ဘာတစ်ဝှမ်းတွင် ဝင်ငွေဒေါ်လာ သန်း ၁၇၀ ရရှိထားပြီးတဲ့ ဇာတ်ကားကောင်းတစ်ခုလည်း ဖြစ်ပါတယ်။ ကွီးတို့ လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားကောင်းတစ်ခုပါပဲ။

Don’t Worry Darling

Source : Warner Bros. Pictures

One Direction အဖွဲ့ရဲ့ အဖွဲ့ဝင် Harry Styles ပါဝင်ထားတဲ့ Don’t Worry Darling ဆိုတဲ့ ဇာတ်ကားဟာ အမေရိကန် စိတ္တဇ သည်းထိတ်ရင်ဖို ဇာတ်ကားကောင်း ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ ဘယ်လိုမျိုး သည်းထိတ်ရင်ဖို ဇာတ်ဝင်ခန်းတွေနဲ့ စိတ်လှုပ်ရှားစရာ ကောင်းမလဲဆိုတာ တူတူ ကြည့်လိုက်ရအောင်။

Source : Cosmopolitan

Featured Photo : The Movie Database