အမျိုးသားတွေရဲ့ ကျားဟော်မုန်း တက်စတိုစတီရုန်းဟာ လိင်မှုဆိုင်ရာကိစ္စတွေအတွက် သာမကပဲ ခန္ဓာကိုယ်ကျန်းမာရေးအတွက် အဓိက အရေးပါတဲ့ ကဏ္ဍများစွာနဲ့ ပတ်သက်ဆက်နွယ် နေပါတယ်။ ကျားဟော်မုန်းရဲ့ အဓိကလုပ်ဆောင်ချက်ဟာ လိင်စိတ်ဆန္ဒနဲ့ လိင်တံကျန်းမာရေးအပြင် ကျွန်တော်တို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာအတွက်လည်း အကျိုးသက်ရောက်မှုတွေများစွာ ရှိစေပါတယ်။ ကျားဟော်မုန်းတက်စတိုစတီရုန်း ထုတ်လုပ်မှု ပမဏဟာ အသက်အရွယ်ကြီး လာတာနဲ့အမျှ သဘာဝအတိုင်း တဖြည်းဖြည်း ကျဆင်းလာတက်ပါတယ်။ အချို့လူငယ်ပိုင်းတွေမှာလည်း ကျားဟော်မုန်းကျဆင်းတဲ့ ပြဿနာဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့ရဲ့ ကျားဟော်မုန်းပမာဏကို အကောင်းဆုံး အနေအထားမှာ ထိန်းထားနိုင်ဖို့နဲ့ သဘာဝနည်းအတိုင်း ကျားဟော်မုန်း မြင့်တင်နိုင်မယ့် နည်းလမ်းလေးတွေ ပြောပြပေးချင်ပါတယ်။

(၁) လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ

Fit man

Photo : Eat This Not That

ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်းဟာ သဘာဝနည်းအတိုင်း ကျားဟော်မုန်း မြှင့်တင်ပေးနိုင်တဲ့ နည်းလမ်းတစ်ခုပါပဲ။ Weightlifting ကဲ့သို့ အလေးမလေ့ကျင့်ခန်းတွေ အပါအဝင် Aerobic လေ့ကျင့်ခန်း နဲ့ High-intensity Interval Training (HIIT) လေ့ကျင့်ခန်းတွေ လုပ်ပေးခြင်းဟာလည်း တက်စတိုစတီရုန်း ပမဏကို မြှင့်တင်ပေးနိုင်တယ်လို့ သုတေသီတွေက ဆိုထားပါတယ်။

(၂) ပရိုတင်း ၊ အဆီနဲ့ ကာဗိုဟိုက်ဒရိတ် မျှတအောင်စားပါ

Photo : MuscleTech

အာဟာရဓာတ် ပြည့်စုံမျှတအောင် စားသုံးပေးတာဟာ ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်ခြင်းနဲ့ ကြွက်သားတည်ဆောက်ရာမှာ အဓိကအရေးပါသလို ကျားဟော်မုန်းပမာဏ တိုးမြင့်စေဖို့ကိုလည်း အထောက်အကူ ဖြစ်စေပါတယ်။ အဓိကအားဖြင့်တော့ ပရိုတင်းဓာတ်ရတဲ့ အသား ၊ ငါးတွေ ၊ ကျန်းမာတဲ့ အဆီဓာတ်နဲ့ ကာဗိုဟိုက်ဒရိတ်ဓာတ်တွေကို မျှတအောင် စားသုံးပေးမယ်ဆိုရင် ကျားဟော်မုန်း ပမာဏကို အကောင်းဆုံးအနေအထားမှာရှိစေဖို့ ထိန်းသိမ်းထားပေးနိုင်ပြီး ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်ပျက်မှုစနစ်နဲ့ အလုံးကျန်းမာရေးကို ကောင်းကျိုးများစွာ ထောက်ပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။

(၃) စိတ်ဖိစီးမှု လျှော့ချပါ

Stress

Photo : South Florida CardioVascular Specialists

စိတ်ဖိစီးမှုဟာ ကျားဟော်မုန်းအပေါ် တိုက်ရိုက်သက်ရောက်မှု ရှိပါတယ်။ ခန္ဓာကိုယ်မှာ စိတ်ဖိစီးမှုဟော်မုန်းလို့ လူသိများတဲ့ Cortisol ဟော်မုန်း ရုတ်တရက် မြင့်တက်လာတဲ့အခါ တက်စတိုစတီရုန်းပမဏကို လျင်မြန်စွာ ကျဆင်းသွားစေနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ်ဘဝမှာ တက်နိုင်သမျှ စိတ်ဖိစီးမှုနည်းအောင် နေထိုင်ခြင်းဟာ ကျားဟော်မုန်း ကမောက်ကမဖြစ်စေမှုကို ကာကွယ်ပေးနိုင်သလို ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ လည်ပတ်မှုစနစ်အားလုံးကိုလည်း ကောင်းမွန်စေဖို့ ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။

(၄) အိပ်ချိန်ပြည့်ဝအောင် အိပ်ပါ

Sleeping Man

Photo : Sleep Centers of Middle Tennessee

အိပ်ရေးပျက်တာဟာ ဒီနေ့ခေတ်လူတွေအများဆုံး ကြုံတွေ့နေရတဲ့ နေစဉ်ဘဝထဲက ပြဿနာတစ်ခုပါပဲ။ အိပ်စက်ခြင်း အရည်အသွေးဟာလည်း ကျားဟော်မုန်း ပမာဏအပေါ် ကြီးမားတဲ့ သက်ရောက်မှု ရှိပါတယ်။ လေ့လာမှုတစ်ခုအရ အမျိုးသားတစ်ယောက်ဟာ တစ်ရက်ကို ၅ နာရီခန့်သာ အိပ်စက်တဲ့အခါ တက်စတိုစတီရုန်းပမဏ ၁၀ ကနေ ၁၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားတယ်လို့ ဖော်ပြထားပါတယ်။ ဒါကြောင့် တစ်ရက်ကို အနည်းဆုံး ၇ နာရီကနေ ၉ နာရီကြား ပြည့်ဝစွာအိပ်စက်ပေးဖို့လိုပြီး ကောင်းမွန်စွာ အိပ်စက်အနားယူခြင်းရှိမှသာ ခန္ဓာကိုယ်ကတက်ကြွရွှင်လန်းကာ ကျားဟော်မုန်းပမဏကိုလည်း ပိုမိုထုတ်လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။

Featured Photo : www.elevate.in