သဘာဝတရားကြီးက လူသားတွေအတွက် လက်ဆောင်တွေ အများကြီးကို ပေးပါတယ်။ သဘာဝကပေးတဲ့ လက်ဆောင်တွေကို ကောင်းကောင်း အသုံးချတက်ရင် ဈေးကြီးပေးဝယ်ရတဲ့ အသားအရေ ထိန်းသိမ်းမှုဆိုင်ရာ ထုတ်ကုန်တွေကို ဝယ်သုံးဖို့ မလိုပါဘူး။ ဒီတစ်ခေါက်တော့ ကွီးတို့ အနီးအနားမှာ အလွယ်တကူ ရနိုင်တဲ့ သဘာဝပစ္စည်းတွေနဲ့ အသားအရေအတွက် သူတို့ရဲ့ အကျိုးပြုပုံ အာနိသင်တွေ အကြောင်းကို တင်ဆက်ပေးပါမယ်။

(၁) သံပယိုသီး

Lemon

Photo : Organic Skin Care

ဗီတာမင် C လို ဓာတ်တိုးဆန့်ကျင်ပစ္စည်း ဂုဏ်သတ္တိပါရှိတဲ့ သံပယိုသီးဟာ အသားအရေ ထိန်းသိမ်းမှုအတွက် အရမ်းကို အသုံးဝင်တဲ့ သဘာဝပစ္စည်းတစ်ခုပါ။ သံပယိုသီးဟာ Free Radicals တွေကို တိုက်ဖျက်ပေးပြီး အရေပြားကနေ သဘာဝအတိုင်း ကော်လဂျင်ထုတ်လုပ်မှုကို တွန်းအားဖြစ်စေပါတယ်။ အမဲစက်နဲ့ ဝက်ခြံတွေကို သက်သာစေသလို အဆီထုတ်လုပ်မှုကိုလည်း သက်သာစေတဲ့အတွက် အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေ သုံးသင့်တဲ့ သဘာဝပစ္စည်း ဖြစ်ပါတယ်။

(၂) ခရမ်းချဉ်သီး

Tomato

Photo : Organic Skin Care

အသားအရေ ကြည်လင်တောက်ပဖို့အတွက် ခရမ်းချဉ်သီးကတော့ သဘာဝကပေးတဲ့ လက်ဆောင်မွန်တစ်ခုပါပဲ။ ခရမ်းချဉ်သီးဟာ အရေပြား ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ဆဲလ်အသစ်တွေ ပြန်လည်မွေးဖွားလာစေဖို့ ကူညီပေးပါတယ်။ ခရမ်းချဉ်သီးမှာပါတဲ့ Flavonoids က အသားအရေ ယားယံခြင်း ၊ နီမြန်းခြင်းတွေကို သက်သာစေပြီး အရေပြားအတွင်းပိုင်းအထိ သန့်စင်စေတဲ့ အစွမ်းသတ္တိ ရှိပါတယ်။ ခရမ်းချဉ်သီးကို Sensitive Skin နဲ့ Oily Skin သမားတွေ အသုံးပြုနိုင်ပါတယ်။

(၃) ပျားရည်

Honey

Photo : Organic Skin Care

ပျားရည်ကတော့ အားလုံးသိကြတဲ့အတိုင်း သဘာဝဆေးဖက်ဝင် ပစ္စည်းတစ်ခုပါ။ အသားအရေယောင်ရမ်းတာ ၊ ဝက်ခြံကြောင့် နီမြန်းယားယံတာတွေကို သက်သာစေသလို သဘာဝအတိုင်း အစိုဓာတ်ဖြည့်တင်းပေးပြီး နူးညံချောမွတ်မှုကို ပေးစွမ်းပါတယ်။ ဝက်ခြံနဲ့ ဘတ်တီးရီးယားတွေကိုလည်း တိုက်ဖျက်ပေးပြီး ကျန်းမာနုပျိုတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ဖို့ ကူညီပေးပါတယ်။ ပျားရည်ကတော့ Skin Types အားလုံးနီးပါးအတွက် အသုံးပြုနိုင်တဲ့ သဘာဝပစ္စည်းတစ်ခုပဲ ဖြစ်ပါတယ်။

(၄) ရှားစောင်းလက်ပတ်

Aloe Vera

Photo : Organic Skin Care

အသားအရေ ထိန်းသိမ်းဖို့အတွက်ဆို ရှားစောင်းလက်ပတ်ကိုတော့ ချန်ထားခဲ့လို့ မရပါဘူး။ ရှားစောင်းလလက်ပတ်က အရေပြားအတွက် လိုအပ်တဲ့ ရေဓာတ်ကို အပြည့်ဝဆုံး ဖြည့်တင်းပေးပြီး အသားအရေကို အကောင်းဆုံး စိုပြေချောမွေ့စေပါတယ်။ ရောင်ရမ်းမှုတွေနဲ့ ဓာတ်မတည့်မှုတွေကိုလည်း သက်သာစေပြီး မျက်ကွင်းညိုတာ ၊ ဝက်ခြံပြဿနာတွေကိုလည်း လျော့ပါးသက်သာစေဖို့ ကူညီပေးပါတယ်။ ရှားစောင်းလက်ပတ်ကလည်း Skin Types အားလုံးနီးပါးအတွက် အသုံးပြုလို့အဆင်ပြေတဲ့ သဘာဝပစ္စည်းတစ်ခု ဖြစ်ပါတယ်။

Source : Organic Skin Care

Featured Photo : Brickell Men’s Products