ကိုယ့်ရဲ့ အရွယ်အစားနဲ့ ပတ်သက်ပြီး စိတ်မလုံမလဲဖြစ်ကာ ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရ ဖြစ်နေပါသလား။ ကွီးတို့ ညီလေးရဲ့ အရွယ်အစားကို တောင့်တောင့်တင်းတင်းနဲ့ သဘာဝ အတိုင်း ကြီးထွား လာအောင် ဖန်တီးနိုင်မယ့် နည်းလမ်းကောင်းတစ်ခု ရှိပါတယ်။
ထိုနည်းလမ်းကောင်းကတော့ အစားအစာနဲ့ သဘာဝ အတိုင်း ကြီးထွား လာအောင် ပြုလုပ်ခြင်းပဲ ဖြစ်ပါတယ်။ ဘယ်လိုအစားအစာတွေက ကွီးတို့ရဲ့ ညီလေးကို တောင့်တောင့်တင်းတင်းနဲ့ သဘာဝ အတိုင်း ကြီးထွား လာအောင် ကူညီပေးမလဲဆိုတော့…
ဟင်းနုနွယ်
ဟင်းနုနွယ်ထဲတွင် Folate ဓာတ်များ ကြွယ်ဝစွာ ပါဝင်ပြီး သွေးလှည့်ပတ်မှုကို ကောင်းမွန်စွာ စီးဆင်းနိုင်အောင် ကူညီပေးပါတယ်။ မျိုးပွားအင်္ဂါကျန်းမာရေးအတွက်လည်း ပံ့ပိုးပေးပြီး Testosterone ပမာဏကို မြှင့်တင်ပေးပါတယ်။
ကော်ဖီ
လူအယောက် ၃၀၀၀ ကျော်ကို လေ့လာထားတဲ့ လေ့လာချက်တစ်ခုအရ ကော်ဖီသည်လည်း ကွီးတို့ ညီလေးရဲ့ စွမ်းဆောင်ရည်ကို တိုးမြှင့်ပေးပါတယ်။ ထိုအမျိုးသားများသည် တစ်နေ့လျှင် ကော်ဖီ ၁ ခွက်မှ ၃ ခွက်အထိ သောက်လေ့ရှိပြီး ထိုကဲ့သို့ သောက်သုံးသူများသည် ကော်ဖီ မသောက်သောသူများထက် ပန်းသေခြင်းနှင့် ဆီးကျိတ်ကင်ဆာ ဖြစ်ပွားခြင်းတို့မှ ကာကွယ်ပေးတယ်လို့ လေ့လာချက်အရ သိရှိရပါတယ်။
ပန်းသီး
ပန်းသီးထဲတွင်လည်း ကျန်းမာရေးအတွက် အကျိုးပြုတဲ့ အာဟာရဓာတ်များ မြောက်များစွာ ပါဝင်ပြီး ဆီးကျိတ်ကင်ဆာ ရောဂါဖြစ်ပွားခြင်းမှလည်း ကာကွယ်ပေးပါတယ်။ ပန်းသီးအခွံထဲတွင် Ursolic Acid ဒြပ်ပေါင်းတစ်မျိုးသည် ဆီးကျိတ်ကင်ဆာဆဲလ်များ ပွားများလာခြင်းမှ ဟန့်တားပေးပါတယ်။
ထောပတ်သီး
ထောပတ်သီးများတွင် ဗီတာမင်အီးဓာတ် ကြွယ်ဝစွာ ပါဝင်ပြီး အမျိုသားများရဲ့ သုတ်ပိုးအရည်အသွေးကို ကောင်းမွန်လာအောင် မြှင့်တင်ပေးပါတယ်။ အလယ်အလတ် အရွယ်အစားခန့်ရှိတဲ့ ထောပတ်သီးတစ်လုံးကို နေ့စဥ် မှန်မှန် စားသုံးပေးပါက သုတ်ပိုးအရည်အသွေးကို မြင့်မားစေပြီး Testosterone ထုတ်လုပ်မှုကို မြင့်မားစေရုံသာမက မျိုးအောင်ဖို့ရန်အတွက်လည်း ကူညီပေးပါတယ်။
ငရုတ်သီးတောင့်
ကွီးတို့ရော အစပ် စားနိုင်ပါသလား။ လေ့လာချက်တစ်ခုအရ စပ်သော အစားအစာများကို ကြိုက်နှစ်သက်သော ယောကျာ်းများသည် အစပ်မစားနိုင်သော ယောကျာ်းများထက် Testosterone ပမာဏ ပိုပြီး မြှင့်မားတာကို လေ့လာတွေ့ရှိရပါတယ်။
မုန်လာဥနီ
သုတ်ပိုး ထုတ်လုပ်မှုကို များပြားလာအောင် တိုးမြှင့်စေချင်ပါသလား။ သိပ္ပံပညာရှင်များက မုန်လာဥနီစားဖို့ အကြံပြုထားပါတယ်။ မုန်လာဥနီထဲတွင် Carotenoid ပါဝင်မှု များပြားပြီး ထို Carotenoid သည် သုတ်ပိုး ထုတ်လုပ်မှုကို များပြားလာစေရုံသာမကဘဲ သုတ်ပိုးများ ကူးခတ်မှု အားကောင်းလာအောင် လှုံ့ဆော်ပေးပါတယ်။
ကွီးတို့ရော အခုဖော်ပြပေးသွားတဲ့ အစားအစာများကို များများ စားသုံးနိုင်ရဲ့လား။
Source: Healthline
Featured Image: Bigthink