Outdoors ဧရိယာမှာ ချစ်တင်းနှောတဲ့ အတွေ့အကြုံတစ်ခုကို ကွီးတို့ စမ်းကြည့်ဖို့ စိတ်ကူးရှိပါသလား ? ဒါဆိုရင်တော့ Camping ထွက်ရင်း သဘောရိုးနဲ့ တောတိုး ကြည့်ဖို့ ကွီးတို့ကို အကြံပေးချင်ပါတယ်။ Camping Sex ဆိုတာ သဘာဝတောတောင် ရှုခင်တွေကြားမှာ Tent လေးထိုးပြီး ချစ်သူနှစ်ဦး တောတိုးကြတဲ့ လှုပ်ရှားမှုကို ခေါ်ပါတယ်။ ပုံမှန် အိပ်ရာထဲမှာ မဟုတ်ပဲ Outdoors မှာ ချစ်တင်းနှောတဲ့ Camping Sex ပုံစံက ကွီးတို့အတွက် လုံးဝ ဆန်းသစ်တဲ့ ခံစားချက် ၊ ထူးခြားတဲ့ အတွေ့အကြုံအသစ်တွေကို ယူဆောင်လာပေး နိုင်တယ်ဆိုတာ သေချာပါတယ်။ ဒီဆောင်းပါးမှာတော့ Camping Sex ကို Try ကြမယ်ဆိုရင် သိထားသင့်တဲ့ ဆောင်ရန်ရှောင်ရန် အချက်လေးတွေကို ပြောပြပေးပါမယ်။
(၁) နေရာကောင်းကောင်း ရွေးပါ
Photo : Pexels
တောကြားတောင်ကြား တောတိုး ကြမှာ ဖြစ်တဲ့အတွက် နေရာရွေးချယ်မှုကတော့ အရမ်းကို အရေးကြီးပါတယ်။ လူသွားလူလာနိုင်ခြေများတဲ့ လမ်းဘေးဝဲရာ နေရာတွေ ၊ ဒေသခံတွေရဲ့ နေအိမ်တွေနဲ့ အနီးဆုံးနေရာတွေ သို့မဟုတ် တခြား Camping ထွက်လာကြတဲ့ ခရီးသွားအဖွဲ့တွေနဲ့ နီးကပ်တဲ့ နေရာတွေကို ရှောင်သင့်ပါတယ်။ အဲ့ဒီအစား သစ်ရိပ်ဝါးရိပ် အကာအကွယ် ကောင်းကောင်းရှိပြီး နှစ်ဦးသားအတွက် သီးသန့်ဖြစ်စေမယ့် တိတ်ဆိတ်ငြိမ်သက်တဲ့ နေရာလေးတစ်ခုကို အသေအချာ ရွေးချယ်သင့်ပါတယ်။
(၂) ကျယ်ကျယ်ဝန်းဝန်းရှိတဲ့ Tent ယူလာပါ
Photo : The Dyrt
တောတိုး မယ်ဆိုရင်တော့ ကွီးတို့ ရွက်ဖျင်တဲ ခပ်ကျယ်ကျယ် ယူလာဖို့ လိုပါမယ်။ Tent ထဲမှာ လူနှစ်ယောက် ကောင်းကောင်း လှုပ်ရှားလို့ ရနိုင်တဲ့ အကျယ်အဝန်း ရှိရပါမယ်။ ဒါမှလည်း ကွီးတို့ ချစ်တင်းနှောတဲ့အခါ သက်တောင့်သက်သာနဲ့ အသက်ရှုချောင်နေမှာ ဖြစ်ပြီး သိုင်းကွက် Positions အမျိုးမျိုး ပြောင်းလဲ ချစ်တင်းနှော မယ်ဆိုရင်လည်း အဆင်ပြေနေစေမှာ ဖြစ်ပါတယ်။
(၃) သဘာဝနဲ့ ထိတွေ့ပါ
Photo : The Plaid Zebra
Tent ထဲမှာပဲ ချစ်တင်းနှောတာထက် တောတိုး တဲ့ ခံစားမှု စစ်စစ်ကို ခံစားကြည့်ချင်တယ် ဆိုရင်တော့ Tent ထဲက ထွက်ပြီး သဘာဝတရားနဲ့ တိုက်ရိုက်ထိတွေ့ကာ နှစ်ပါးသွားကြည့်ဖို့ကိုလည်း အကြံပေးချင်ပါတယ်။ တောအုပ်ထဲက စိမ်းစိုတဲ့ မြက်ခင်းစိမ်းတွေအပေါ် ၊ ရေစီးသံ တသွင်သွင်ကြားနေရတဲ့ ချောင်းစပ်နား သို့မဟုတ် ကျောက်တုံးကျောက်ဆောင်တွေနား စတဲ့ သဘာဝဆန်တဲ့ နေရာလေးတွေမှာလည်း ချစ်တင်းနှော သင့်ပါတယ်။ လိုအပ်တဲ့ အခင်း ၊ စောင် သို့မဟုတ် တဘက် စတဲ့ ပစ္စည်းတွေတော့ တပါတည်း ယူဆောင်သွားပေးပါ။
(၄) နိုင်ငံကြီးသား ပီသပါ
Photo : Men’s Journal
Camping Sex လုပ်ပြီးချိန်မှာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်တဲ့ အသုံးပြုပြီးသား ကွန်ဒုံးတွေ ၊ အမှိုက်တွေကိုလည်း နိုင်ငံကြီးသား ပီသစွာပဲ ပြန်လည်သန့်ရှင်းရေး လုပ်ပေးဖို့ လိုပါမယ်။ လူသူကင်းမဲ့တဲ့ တောထဲတောင်ထဲပဲဆိုပြီး အမှိုက်နဲ့ စွန့်ပစ်ပစ္စည်းတွေကို အလွယ်တကူ မပစ်ခဲ့ပါနဲ့။ ကွီးတို့ အသုံးပြုပြီးသား စွန့်ပစ်ပစ္စည်းတွေ ၊ တောတွင်းတိရိစ္ဆာန်ငယ်လေးတွေနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်တဲ့ အမှိုက်သရိုက်တွေ အားလုံးကို တစုတစည်းတည်း ပြန်လည်ရှင်းလင်းပေးသွားဖို့ အကြံပြုချင်ပါတယ်။
Source : Hipcamp
Featured Photo : lookphotos