အိပ်ရာပေါ်က စွမ်းဆောင်ရည်နဲ့ ပတ်သတ်ပြီး ကျွန်တော်တို့ ယောကျာ်းလေးတိုင်း အနည်းနဲ့အများတော့ စိတ်ပူတက်ကြပါတယ်။ ချစ်သူပါတနာအတွက် ကျေနပ်လောက်စရာ စွမ်းဆောင်ရည် အပြည့်အဝ မပြနိုင်မှာ ၊ မာန်ဟုန်အပြည့်ရှိတဲ့ ကျားတစ်ကောင် မဖြစ်မှာပါ စသည်ဖြင့်ပေါ့။ အမျိုးသားတစ်ယောက်အနေနဲ့ ကောင်းမွန်တဲ့ လိင်မှုဆိုင်ရာ စွမ်းဆောင်ရည်ကို ပြနိုင်ဖို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်နေထိုင်မှုပုံစံတွေက အရေးကြီးပါတယ်။ နောက်ပြီး အခုပြောပြမယ့် ဖျော်ရည်တွေကို သောက်သုံးပေးမယ်ဆိုရင်လည်း သမင်အဖြစ်ကနေ မာန်ဟုန်အပြည့်နဲ့ ကျားတစ်ကောင်အသွင်ပြောင်းဖို့ အများကြီး အထောက်အကူ ဖြစ်စေပါလိမ့်မယ်။
(၁) မုန်လာဥနီဖျော်ရည်
Photo : Love and Lemons
မုန်လာဥနီဖျော်ရည်ဟာ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ပေးပါတယ်။ အမျိုးသားတွေအနေနဲ့ မုန်လာဥနီဖျော်ရည်ကို ပုံမှန်သောက်သုံးပေးမယ်ဆိုရင် ပန်းသေပန်းညိုးဖြစ်တာ ၊ သုတ်လွတ်မြန်တာတွေအပါအဝင် လိင်မှုဆိုင်ရာ ချို့ယွင်းချက်တွေကို လျော့ကျပေးနိုင်မှာဖြစ်ပြီး Libido တိုးစေဖို့လည်း ကူညီပေးပါတယ်။
(၂) ဖရဲသီးဖျော်ရည်
Photo : Love and Lemons
ဖရဲသီးမှာ L-citrulline လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ်တွေ များစွာပါဝင်ပြီး ၎င်းက အမျိုးသားတို့ရဲ့ လိင်အင်္ဂါသန်စွမ်းမှုကို တိုးစေဖို့ ကူညီပေးနိုင်ပါတယ်။ ဖရဲသီးဖျော်ရည် သောက်သုံးပေးခြင်းဖြင့် လိင်အင်္ဂါဆီ သွေးစီးဆင်းမှုကို ပိုမိုအားကောင်းစေပြီး လိင်တံကောင်းမွန်စွာ ထောင်မတ်နိုင်စေဖို့အတွက် ကူညီပေးနိုင်ပါတယ်။
(၃) ရှားစောင်းလက်ပတ်ဖျော်ရည်
Photo : Good Housekeeping
သုတေသနပြုချက်တွေအရ ရှားစောင်းလက်ပတ်ဖျော်ရည်မှာ Testosterone ထုတ်လုပ်မှုကို မြှင့်တင်ပေးနိုင်ပြီး အမျိုးသားတွေရဲ့ Libidinal Drive နဲ့ လိင်မှုဆိုင်ရာ စွမ်းဆောင်ရည်ကို မြင့်မားစေတဲ့ အစွမ်းသတ္တိတွေ ရှိပါတယ်။ ရှားစောင်းလက်ပတ်ဖျော်ရည်ကို သောက်သုံးပေးခြင်းဟာ အိပ်ရာပေါ်မှာ ကြာရှည်စွာ စွမ်းဆောင်ရည် ပြသနိုင်ဖို့ ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။
(၄) သလဲသီးဖျော်ရည်
Photo : Archana’s Kitchen
သလဲသီးဖျော်ရည်ဟာလည်း အလားတူပါပဲ။ သွေးလည်ပတ်မှုကောင်းစေပြီး လိင်အင်္ဂါချို့ယွင်းမှု ပြဿနာတွေကို ဖြေရှင်းပေးနိုင်တဲ့ Antioxidants တွေ ပါဝင်ပါတယ်။ သလဲသီးဖျော်ရည် တစ်ခွက်က သက်လုံစွမ်းအားကို မြှင့်တင်ပေးနိုင်ပြီး ကောင်းမွန်တဲ့ လိင်မှုဘဝကို ရရှိပိုင်ဆိုင်နိုင်စေဖို့ ကူညီပေးမှာ ဖြစ်ပါတယ်။ သို့သော် အလွန်အကျွံ မသောက်မိစေဖို့တော့ သတိပြုပါ။
Featured Photo : MindBodyGreen