သမီးရည်းစားဆက်ဆံရေး တစ်ခုမှာ ကွီး တို့ရဲ့ကောင်မလေးက စိတ်ဝင်စားမှု သက်သက်ကိုသာ လိုချင်တပ်မက်ပြီး ကိုယ်နဲ့ ရည်းစားမတော်ချင်တဲ့အခါ ဘယ်လိုပြုမူသလဲဆိုတာ ကွီး တို့ သိကြပါသလား။ ကိုယ်က ကိုယ့်ကောင်မလေးကို နှစ်နှစ်ကာကာချစ်ပေမယ့် သူ(မ)က ကိုယ့်ဆီက Attention သက်သက်ကိုသာ လိုချင်နေကြောင်းကို ဖော်ပြနေတဲ့ အပြုအမူတချို့ရှိပါတယ်။

ဒိတ်လုပ်ဖို့ ပြောတဲ့အခါတိုင်း ငြင်းဆန်နေမယ်

သမီးရည်းစားဆက်ဆံရေး  ကွီး 

သူ(မ)နဲ့ အွန်လိုင်းကနေ စကားပြောဖြစ်နေမယ်။ ဖုန်းနဲ့ အမြဲတမ်း အဆက်အသွယ်ရှိနေပေမယ့် တကယ့်တကယ်တမ်း ဒိတ်လုပ်ဖို့ ပြောတဲ့အခါ အကြောင်းပြချက် မျိုးစုံပေးကာ ငြင်းဆန်နေပါလိမ့်မယ်။

တကယ်လို့ ကွီးတို့ရဲ့ ဒိတ်လုပ်ဖို့ ကမ်းလှမ်းချက်ကို လက်ခံလိုက်တယ်ဆိုရင်တောင်မှ လာခါနီးကျမှ အရေးပေါ်ကိစ္စကြောင့် ဖျက်လိုက်ရတာမျိုး (သို့) ဒိတ်ဖို့လာတဲ့အချိန်မှာ အခြားသူငယ်ချင်းများကို ခေါ်လာတာမျိုး စတာတွေကို ပြုလုပ်ပါလိမ့်မယ်။

သင့်အနားမှာ ရှိပေမယ့် အခြားကို အာရုံရောက်နေတာမျိုး

သမီးရည်းစားဆက်ဆံရေး  ကွီး 

သမီးရည်းစားဆက်ဆံရေးမှာ ဒိတ်လုပ်ကြတဲ့အခါ ကွီး တို့ရဲ့ ကောင်မလေးက ဖုန်းပဲ သုံးနေမယ်။ ဆယ်လ်ဖီ ရိုက်နေမယ်။ ကိုယ့်ဘေးနားမှာ ရုပ်ပိုင်းဆိုင်ရာအရ ရှိနေပေမယ့် သူ(မ)စိတ်ကတော့ ကိုယ့်ဆီမှာ ရှိမနေတတ်ပါဘူး။

ဒီအချက်က သူ(မ)သည် အပြင်မှာ သမီးရည်းစားတို့သဘာဝ ဝတ်ကျေတန်းကျေသာ ဒိတ်လုပ်တာဖြစ်ပြီး တကယ်တမ်းတော့ သင့်ကို ချစ်တာမဟုတ်ကြောင်း ဖော်ပြနေတာဖြစ်ပါတယ်။

လူတကာနဲ့ ကြူကြူစိန် လုပ်နေမယ်

သမီးရည်းစားဆက်ဆံရေး  ကွီး 

Photo: Medium

သင့်ရဲ့ ကွယ်ရာမှာ သိသိသာသာပဲဖြစ်ဖြစ် မသိမသာပဲဖြစ်ဖြစ် သင့်အရှေ့မှာ ပေါ်ပေါ်တင်တင်ပဲဖြစ်ဖြစ် အခြားသောကောင်လေးများနဲ့ ကြူကြူစိန် လုပ်နေပြီဆိုကတည်းက ကွီး တို့ကို စိတ်မဝင်စားတော့ဘူးဆိုတာ ရာနှုန်းပြည့် သေချာနေပြီမဟုတ်လား။

ဒရာမာကွင်း လုပ်နေမယ်

Signs She Only Wants Your Attention But Not a Relationship

တစ်စုံတစ်ခုက သူ(မ)ကို စိတ်အနှောင့်အယှက်ဖြစ်စေတယ်ဆိုရင် ကမ္ဘာကြီး ပျက်တော့မယောင် ဒရာမာတွေ ချိုးနေပါသလား။ ဒီအချက်သည် ကွီး တို့ဆီက Attention လိုချင်လို့ဖြစ်ပါတယ်။ သူ(မ)ကသာ ဇာတ်ဆောင်မင်းသမီးဖြစ်ရမယ်။ သူ(မ)တစ်ယောက်တည်းကိုသာ အာရုံစိုက်ခံချင်တဲ့ ရောဂါတစ်ခုပဲဖြစ်ပါတယ်။

သူ(မ)ရဲ့ ဆင်ခြေတွေက ဝေဝေဝါးဝါးဖြစ်နေမယ်

Signs She Only Wants Your Attention But Not a Relationship

စောစောက ပြောခဲ့သလိုပေါ့။ ကွီး တို့က ဒိတ်ဖို့ ခေါ်ပေမယ့် သူ(မ)က ဒိတ်ဖို့ အဆင်မပြေကြောင်း ဆင်ခြေမျိုးစုံပေးတဲ့အခါ သူ(မ)ပေးတဲ့ ဆင်ခြေတွေက ယုတ္တိမရှိတာတွေ များပါလိမ့်မယ်။

သူ(မ)သည် ဘာ့ကြောင့် ဒီလိုမျိုး လုပ်နေရတာလဲ။

သင့်ကို သူ(မ)အနားမှာ ထားထားရတာ သူ(မ)ကို စိတ်ပျော်ရွှင်စေပြီး သူ(မ)ကိုသာ အာရုံစိုက်တာကို လိုချင်လို့ဖြစ်ပါတယ်။

ကွီး တို့နဲ့ နှစ်ယောက်တည်း အတူမရှိချင်ဘူး

Signs She Only Wants Your Attention But Not a Relationship

ကွီး တို့ရဲ့ကောင်မလေးသည် ကွီး တို့နဲ့ နှစ်ယောက်တည်း အတူမရှိချင်ဘူးဆိုတာ ကွီး တို့နဲ့ ဆက်ပြီး သမီးရည်းစား မတော်ချင်တော့ဘူးဆိုတဲ့ အဓိပ္ပာယ် သက်ရောက်ပါတယ်။ ထို သမီးရည်းစားဆက်ဆံရေး တစ်ခုကို ကွီး တို့အနေနဲ့ သူ(မ)အတွက် စိတ်ဝင်စားမှု တွေ ထပ်ပေးနေဦးမှာလား။ ကိုယ့်ပျော်ရွှင်မှု အစစ်အမှန်ကို ဆက်ပြီးရှာဖွေမလားဆိုတာ ကွီး တို့ရဲ့ ဆုံးဖြတ်ချက်ပေါ် မူတည်ပါတယ်။

Source: Lovepanky.com

Featured Image: Lovepanky