လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုဆိုတာ လူနှစ်ယောက် သာယာပျော်ရွှင်မှုကို အတူတူ ခံစားကြတာပါ။ မိမိတစ်ယောက်တည်း ခံစားမှုကောင်းအောင်သာ အာရုံထားလို့လည်း မဖြစ်ပါဘူး။ တစ်ဖက်သားကိုလည်း စိတ်ကျေနပ်မှုရအောင် ညှိနှိုင်းဆောင်ရွက်သင့်ပါတယ်။ လိင်မှုကိစ္စ မှာ သာယာပျော်ရွှင်မှုနဲ့ စိတ်ကျေနပ်မှု အပြည့်အဝရဖို့ဆိုရင် လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်နိုင်မှုက အရေးကြီးပါတယ်။ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကောင်းမွန်မှသာ မိမိကိုယ်တိုင်အတွက်ရော၊ မိမိရဲ့လက်တွဲဖော်ပါ သာယာပျော်ရွှင်မှုကို တူနှစ်ကိုယ် ခံစားရရှိနိုင်မှာပါ။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့အတွက် သာယာပျော်ရွှင်မှု အပြည့်အဝ ခံစားရစေဖို့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်နဲ့ သာယာမှုအထွတ်အထိပ်ကို ခံစားနိုင်ဖို့ နည်းလမ်းလေးတွေကို ဝေမျှပေးမှာ ဖြစ်ပါတယ်။

လိင်မှုရေးရာအကြောင်း တစ်ယောက်နဲ့ တစ်ယောက် ပွင့်လင်းမှု ရှိပါစေ

သာယာပျော်ရွှင်မှုကို တူနှစ်ကိုယ်

လိင်ဆက်ဆံမှုမှာ တူနှစ်ကိုယ် အဆင်ပြေပျော်ရွှင်ဖွယ် ဖြစ်ချင်ပါသလား၊ ဒါဆိုရင်တော့ အတတ်နိုင်ဆုံး လိင်ဆက်ဆံမှုအကြောင်း ပွင့်လင်းဖို့လိုပါတယ်။ လေ့လာမှုတစ်ခုအရ လိင်နှင့်ပတ်သက်ပြီး ပွင့်လင်းမှုရှိသော စုံတွဲများမှာ အမျိုးသမီးများက အထိတ်အထိပ် (Orgasms) အကြိမ်ရေ ပိုမိုမြင့်မားစွာရရှိခြင်းနဲ့ လက်တွဲဖော်နှစ်ဦးစလုံး အလုံးစုံကျေနပ်မှုပိုမိုရရှိခြင်း စတဲ့အကျိုးတွေ ရရှိတယ်လို့ဆိုပါတယ်။ အိပ်ရာထဲမှာ ကိုယ်ကြိုက်တာ မကြိုက်တာကို ပြောဖို့ မရှက်ပါနဲ့။ အမျိုးသားများကလည်း ကိုယ့်ရဲ့ လက်တွဲဖော်ရဲ့ အကြိုက်တွေ၊ သဘောမကျတဲ့ အချက်တွေ ပြောပြဖို့ တိုက်တွန်းပေးပါ။

လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပေးပါ

သာယာပျော်ရွှင်မှုကို တူနှစ်ကိုယ်

Photo : Go India

လေ့ကျင့်ခန်းတွေ ပြုလုပ်ခြင်းက ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်သာမက အိပ်ရာပေါ်မှာ သက်လုံကောင်းကောင်းနဲ့ ကျေနပ်မှု အပြည့်အဝရစေဖို့အတွက် ကူညီပေးပါလိမ့်မယ်။ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်က တိုက်ရိုက်ဆက်နွယ်နေတယ်လို့ ဆိုရင်လည်း မမှားပါဘူး။ လေ့ကျင့်ခန်း တော်တော်များများအပါအဝင် ပြေးခြင်းနှင့် ခပ်သွက်သွက် လမ်းလျှောက်ခြင်းကဲ့သို့ လှုပ်ရှားမှုများက Endorphins များကို ထုတ်လွှတ်ပေးပြီး လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ပါတယ်။ တစ်ပတ်လျှင် သုံးကြိမ်မှ လေးကြိမ်အထိ လေ့ကျင့်ခန်းလုပ်ခြင်းက ပိုမိုကောင်းမွန်သော လိင်ပိုင်းဆိုင်ရာ လိုက်လျောညီထွေမှုကို ဖြစ်စေပြီး ခံနိုင်ရည်ရှိရန် များစွာအထောက်အကူပြုပေးနိုင်ပါတယ်။

လိင်ပိုင်းဆိုင်ရာအတွက် အထောက်အကူပေးနိုင်တဲ့ အစားအစာတွေကို စားပါ

သာယာပျော်ရွှင်မှုကို တူနှစ်ကိုယ်

Photo : YourTango

လိင်မှုဘဝကို တိုးတက်ကောင်းမွန်စေပြီး တူနှစ်ကိုယ် သာယာပျော်ရွှင်မှုကို ရရှိနိုင်ဖို့ဆိုရင် အစားအစာတွေကလည်း အရေးပါပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်သော အစားအစားများကို စားသုံးပေးခြင်းကို အလေးထားသင့်ပါတယ်။ ဒါ့အပြင် အချို့သော အစားအစာများက သွေးစီးဆင်းမှုကို အားကောင်းစေပြီး ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်ကာ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်အတွက် များစွာ အထောက်အကူပြုပါတယ်။ လိင်ပိုင်းဆိုင်ရာ အတွက် အထောက်အကူပြုတဲ့ အစားအစာအချို့ကတော့ ထောပတ်သီး၊ ငှက်ပျောသီး၊ သလဲသီး၊ ကမာ၊ ဆော်လမွန်၊ ကြက်ဥ၊ အသား၊ ပန်းသီး စတာတွေပဲ ဖြစ်ပါတယ်။

Foreplay ကို အလေးထားပြီး လုပ်ဆောင်ပါ

Photo : Muscle & Fitness

ရေရှည်မှာ သာယာပျော်ရွှင်တဲ့ လိင်မှုဘဝကို ပိုင်ဆိုင်ချင်ရင် အမျိုးသားများအနေဖြင့် Foreplay ကို အလေးထားပြီး လုပ်ဆောင်သင့်ပါတယ်။ ။ Foreplay ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ လိင်စိတ်အားထက်သန်မှုကို တိုးလာစေရန်နှင့် အထူးသဖြင့် အမျိုးသမီးများအတွက် လိင်ဆက်ဆံရန် ခန္ဓာကိုယ်မှ အလိုအလျောက် ချောဆီများထွက်လာပြီး လိင်ဆက်ဆံမှုကို အဆင်ပြေစေရန် ဖြစ်ပါတယ်။ Foreplay မှာ ထိတွေ့ခြင်း၊ နမ်းခြင်း၊ ပွေ့ဖတ်ခြင်း၊ ညင်သာစွာ ပွတ်သပ်ခြင်း၊ လက်ဖြင့် စတင်ခြင်းနဲ့ အချင်းချင်းရဲ့ လိင်အင်္ဂါများကို ထိတွေ့ခြင်း စတဲ့ အမျိုးမျိုးသော မတူညီတဲ့ လုပ်ဆောင်မှုများ ပါဝင်နိုင်ပါတယ်။ Foreplay ကို အလေးထားခြင်းဖြင့် ကွီးတို့နှစ်ယောက်လုံး သာယာပျော်ရွှင်မှုနဲ့ စိတ်ကျေနပ်မှု အပြည့်အဝရမှာ အသေအချာပါပဲ။

အသစ်သော နည်းလမ်းလေးများကို စမ်းကြည့်ပါ

Photo : Hitched

လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုမှာ တူညီတဲ့ ပုံစံတွေ၊ နည်းလမ်းတွေကို အသုံးပြုပြီး လိင်မှုကိစ္စကို ဆောင်ရွက်ခြင်းကလည်း ခံစားမှု အသစ်အဆန်းကို ပေးစွမ်းနိုင်ပြီး ကွီးတို့ကို အမြင့်ဆုံး သာယာမှုဆီ ခေါ်ဆောင်ပေးနိုင်ပါတယ်။ နည်းလမ်းသစ်များဖြင့် အချင်းချင်း ထိတွေ့ပါ။ ဘယ်ဟာတွေက အကောင်းဆုံးဖြစ်မလဲဆိုတာ သိနိုင်ဖို့ မတူညီတဲ့ လိင်ပုံစံတွေကို လေ့လာပြီး စမ်းကြည့်နိုင်ပါတယ်။ ဒါ့အပြင် Sex Toys လေးတွေ အသုံးပြုတာမျိုးလည်း လုပ်နိုင်ပါတယ်။

တစ်ကိုယ်ရည် အာသာဖြေပါ

Photo : Be Wise Professor

အိပ်ရာထဲမှာ ကွီးတို့လိုချင်သလောက် ကြာရှည်မခံဘဲ သုတ်လွှတ်မြန်နေတယ် ဆိုရင်တော့ ကိုယ်တိုင်ရော၊ တစ်ဖက်လူပါ စိတ်ကျေနပ်မှု အပြည့်အဝမရနိုင်ပါဘူး။ ကြာလာလျှင် စိတ်အနှောင့်အယှက်ဖြစ်စရာ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် တစ်ကိုယ်ရည် အာသာဖြေပါ။  တစ်ကိုယ်ရည်အာသာဖြေနေစဉ်တွင် Start-Stop နည်းလမ်းကို လေ့ကျင့်ခြင်းက အထောက်အကူဖြစ်စေနိုင်ပါတယ်။ ဒီနည်းလမ်းကတော့ အာသာဖြေခြင်းကို စတင်ပြီး ခံစားမှု အထွတ်အထိပ် (Orgasms) မရောက်မှီ လိင်တံကို လှုံ့ဆော်ပေးတာကို ရပ်တန့်ခြင်းက သုတ်ထွက်ချင်စိတ်ကို အမြန်လျှော့ချနိုင်ပါတယ်။  အချိန်ကြာလာသည်နှင့်အမျှ မိမိ Orgasms ကို ထိန်းချုပ်နိုင်လာပြီး ကွီးတို့ရဲ့ လက်တွဲဖော်နှင့်အတူ ချစ်တင်းနှီးနှောရာမှာ ကြာချိန်နဲ့ ခံနိုင်ရည်ကိုလည်း တိုးတက်စေပါတယ်။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ သာယာမှုပျော်ရွှင်မှုကို တူနှစ်ကိုယ် ပျော်ပျော်ကြီး ခံစားနိုင်ဖို့ အထောက်အကူပြုနိုင်မယ့် နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ ဒီနည်းလမ်းကောင်းတွေက ကွီးတို့ကို သာယာပျော်ရွှင်တဲ့ လိင်မှုဘဝကို ပိုင်ဆိုင်စေမှာတော့ အသေအချာပါပဲ။

Source : Healthline

Featured Photo : Copl