တစ်ခါလာလည်း ဒီသိုင်းကွက် နောက်တစ်ခါလာလည်း ဒီသိုင်းကွက်ချည်းပဲဆိုရင်တော့ ကြာလာရင် ကွီးတို့ရှော်တီလေးက ကွီးတို့ကို ငြိုငြင်သွားပါလိမ့်မယ်။ သိုင်းကျမ်း ဟောင်း တွေကိုပဲ ထပ်တလဲလဲ အသုံးပြုမယ့်အစား သိုင်းကွက် အသစ်တွေကို စဥ်ဆက်မပြတ် လေ့လာမှသာလျှင် ရင်ခုန်သံတွေက လတ်ဆတ်နေမှာပါ။

သိုင်းကျမ်း ဟောင်း တွေကို အပြီးတိုင် စွန့်လွှတ်ပစ်ရမယ်လို့ မဆိုလိုပါဘူး။ အကွက်ဟောင်းတွေကိုလည်း ထုတ်သုံးသင့်တန် ထုတ်သုံး၊ အကွက်သစ်တွေကိုလည်း လေ့လာဖို့ လိုအပ်ပါတယ်။

ဒါဆိုရင် သိုင်းကွက်အသစ်တွေကို ဘယ်လိုလေ့လာရမလဲ။

man watching porn

လေ့လာလို့ရတဲ့ နည်းလမ်းတွေကတော့ အများကြီးပါပဲ။ ကွီးတို့က ရိုမန့်တစ်ဆန်တဲ့ အချစ်ဇာတ်ကားတွေထဲကနေ လေ့လာချင်တယ်ဆိုရင် ထိုဇာတ်ကားထဲက လေ့လာလို့ရပါတယ်။ ဒါမှမဟုတ် လူကြီး ဇာတ်ကားတွေထဲက လေ့လာချင်တယ်ဆိုလည်း လေ့လာလို့ရပါတယ်။ ဒီလိုမှမဟုတ်သေးဘူး၊ ရုပ်ပြပုံတွေထဲကနေ တဆင့် လေ့လာချင်တယ်ဆိုလည်း ရပါတယ်။ ဒါမှမဟုတ် KWEE က ဖော်ပြတဲ့ ဆောင်းပါးတွေထဲက လေ့လာလို့လည်း ရပါတယ်။ ကွီးတို့အတွက် အဆင်ပြေမယ့် နည်းလမ်းတစ်ခုခုကို ရွေးချယ်ကာ လေ့လာနိုင်ပါတယ်။ ပြီးတော့ လေ့လာထားတာတွေကိုလည်း အကျိုးရှိရှိ ပြန်လည် အသုံးချဖို့ မမေ့ပါနဲ့။

ကွီးတို့ လေ့လာဖို့ ရယ်ဒီဖြစ်ပြီဆိုရင်တော့ အခုဖော်ပြပေးမယ့် အကွက်ဆန်းများကို တစ်ပါတည်း လေ့လာကြည့်လိုက်ပါ။

ခုံပေါ်မှာ ကခုန်ခြင်း

သိုင်းကျမ်း ဟောင်း

ဖဲမွေ့ရာထက်မှာ ချစ်တင်းနှောရတာ ငြီးငွေ့လာပြီ၊ အကွက် အသစ်အဆန်းတွေ သုံးချင်တယ်ဆိုရင်တော့ ဒီအကွက်လေးကို အသုံးပြုနိုင်ပါတယ်။ ကွီးတို့အတွက် လိုအပ်တာကတော့ ထိုင်ခုံလေး တစ်ခုံပါပဲ။ (ပြီးတော့ အတူတူ ကခုန်ပေမယ့် ရှော်တီလေးပေ့ါ။)

ထိုင်ခုံမှာ ထိုင်တဲ့အခါ ကွီးတို့က ထိုင်ခုံပေါ်မှာ၊ ကွီးတို့ ရှော်တီလေးက ကွီးတို့ရဲ့ ပေါင်ပေါ်မှာပေါ့။ ပြီးရင်တော့ ကွီးတို့နှစ်ယောက် စိတ်ကြိုက် ပျော်ပါးလို့ရပါပြီ။

ကြက်ခြေခတ်ပုံ ကခုန်ခြင်း

သိုင်းကျမ်း ဟောင်း

ဒီတစ်ခါကျရင်တော့ ဖဲမွေ့ရာပေါ် ပြန်သွားဖို့ လိုအပ်လာပါပြီ။ ကွီးတို့ ရှော်တီလေးနဲ့ ကွီးတို့သည် ကြက်ခြေခတ်ပုံလေး ဖြစ်နေရပါမယ်။ အားအများဆုံး သုံးရမှာကတော့ ကွီးတို့ပေါ့။ ကွီးတို့က ဘေးတစောင်း လှဲထားပြီး ကွီးတို့ရဲ့ ပါတနာကို ပက်လက်လှဲနေစေကာ ခပ်စောင်းစောင်း အနေအထား ရွေ့လိုက်ပါ။ ပြီးရင်တော့ မြွေကြီးက သိုင်းကွက် အပီအပြင် လေ့ကျင့်လို့ရပါပြီ။

မျက်နှာချင်းဆိုင်ထိုင်ပြီး သိုင်းကွက်လေ့ကျင့်ခြင်း

သိုင်းကျမ်း ဟောင်း

ပြုလုပ်နည်းကတော့ ဒီလိုပါ။

ကွီးတို့က ဖဲမွေ့ရာပေါ်မှာပဲဖြစ်ဖြစ်၊ ကြမ်းပြင်ပေါ်မှာပဲဖြစ်ဖြစ် ထိုင်လိုက်ပါ။ ကွီးတို့ရဲ့ ရှော်တီလေးက ကွီးတို့ရဲ့ ပေါင်ပေါ်မှာထိုင်ပြီး သူ(မ)ရဲ့ ခြေထောက်နှစ်ဖက်က ကွီးတို့ရဲ့ ခါးကို သိုင်းချိတ်ထားမှာဖြစ်ပါတယ်။ ကွီးတို့ရဲ့ မြွေကြီးကတော့ သူ(မ)ရဲ့ အရှေ့ဘက်ကနေ သိုင်းကွက်ထုတ်ရမှာဖြစ်ပါတယ်။

ဒီသိုင်းကွက်ကနေ တစ်ယောက်နဲ့တစ်ယောက် အကြည်စိုက်ကာ အကြည့်ချင်းဖလှယ်ပြီး ချစ်တင်းနှောလို့ရပါတယ်။ ပြီးသွားတဲ့အခါ တစ်ယောက်ကိုတစ်ယောက် ချီးမွမ်းခန်းဖွင့်ရင်း ဇာတ်သိမ်းလို့ရပါပြီ။

ကွီးတို့ဆီမှာရော ဘယ်လိုအကွက် အသစ်အဆန်းလေးတွေ သိမ်းဆည်းထားပါသလဲ။ တခြားဘော်ဒါတွေ သိသွားအောင် ပြောပြခဲ့ပါဦး။

Source: Promescent

Featured Image: Freepik