ကိုယ့်ရဲ့ ရှော်တီလေးနဲ့ ချစ်တင်းနှောတဲ့အခါ ချွေးတွေ ပြိုက်ပြိုက်ကျပြီး ပင်ပန်းနွမ်းနယ်တဲ့ ခံစားချက်မျိုး ခံစားဖူးပါသလား။ ထိုကဲ့သို့ ခံစားရခြင်းသည် ကွီးတို့ ခန္ဓာကိုယ်တွင်းရှိ ကယ်လိုရီများ လောင်ကျွမ်းသွားလို့ပဲဖြစ်ပါတယ်။ ကွီးတို့ ကျင့်သုံးတဲ့ သိုင်းကွက် များပေါ် မူတည်ပြီး ကယ်လိုရီများ လောင်ကျွမ်းသွားကာ ဝိတ်ကျ သွားတတ်ပါသေးပါတယ်။
ဒီလို ဖဲမွေ့ရာထက်က ကိစ္စတွေက ကွီးတို့ရဲ့ လိင်စိတ် တပ်မက်မှုကို ဖြည့်တင်းပေးနိုင်တဲ့အပြင် ကယ်လိုရီများကိုပါ လောင်ကျွမ်းစေနိုင်တယ်ဆိုတော့ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲပေါ့။
ဘယ်လို သိုင်းကွက် မျိုးတွေက ကွီးတို့ရဲ့ စိတ်ခံစားချက်ကို အထွတ်အထိပ် ရောက်သွားစေပြီး ဝိတ်ကျ ဖို့လည်း ကူညီပေးနိုင်သလဲဆိုတာ သိပြီးပါပြီလား။
Missionary အနေအထား
ချစ်သူနှစ်ယောက်သားက တစ်ယောက်က အပေါ်မှာနေပြီး ကျန်တစ်ယောက်က အောက်မှာ နေတဲ့ အနေအထားပဲဖြစ်ပါတယ်။ အပေါ်မှာ နေတဲ့သူက ကယ်လိုရီ ၁၄၃ ကယ်လိုရီလောက် လောင်ကျွမ်းပြီး အောက်က နေတဲ့သူကတော့ ၄၄ ကယ်လိုရီသာ လောင်ကျွမ်းပါတယ်။
ဒေါ့ဂီစတိုင် အနေအထား
ကွီးတို့ ကောင်မလေးက ကွီးတို့ရဲ့ အရှေ့ဘက်မှာနေပြီး ကွီးတို့က အနောက်ဘက်မှာ နေတဲ့ အနေအထားပဲဖြစ်ပါတယ်။ အမျိုးသမီးထုကြီးအနေနဲ့ကတော့ ၉၈ ကယ်လိုရီလောက် လောင်ကျွမ်းသွားနိုင်ပြီး ကွီးတို့ကတော့ ကိုယ့်ရဲ့ အရှိန် အနှေး အမြန် ပေါ်မူတည်ပြီး ၁၁၈ ကယ်လိုရီ (သို့) ၁၅၁ ကယ်လိုရီ (သို့) ၂၁၁ ကယ်လိုရီအထိ လောင်ကျွမ်းသွားစေနိုင်ပါတယ်။ အရှိန် အနှေး အမြန်ကတော့ ကွီးတို့ရဲ့ နှစ်ယောက်ရဲ့ အကြိုက်အပေါ် မူတည်ပြီး အပြောင်းအလဲ လုပ်ပေးဖို့ လိုပါတယ်။
တစ်တီတူး အနေအထား
ကွီးတို့ရဲ့ ရှော်တီလေးက ခြေထောက်နှစ်ချောင်း မိုးပေါ် ထောင်ထားပြီး ကွီးတို့က အဲ့ဒီကြားထဲကနေ ဂူအောင်းသိုင်း ကျင့်ရတာမျိုးပဲဖြစ်ပါတယ်။ ကွီးတို့ရော ကွီးတို့ရဲ့ ပါတနာအတွက်ပါ ကယ်လိုရီတွေ အများကြီး လောင်ကျွမ်းပေးတဲ့ သိုင်းကွက်တစ်ကွက်ဆိုလည်း မမှားပါဘူး။ ကွီးတို့အနေနဲ့ Missionary အနေအထားလိုမျိုးပဲ တူညီတဲ့ ကယ်လိုရီ လောင်ကျွမ်းမှုမျိုးကို ရရှိမှာပဲဖြစ်ပါတယ်။
ကွီးတို့ရဲ့ ဖဲမွေ့ရာထက်မှာ ကိုယ့်ရဲ့ ရှော်တီလေးနဲ့ဆိုရင် ဘယ်လိုအနေအထားမျိုးနဲ့ အတူတူ သိုင်းကျင့်ချင်ပါသလဲ။
Source: Thecut
Featured Image: Freepik