ချစ်တင်းနှော ခြင်း ဆိုတာကို လူအမျိုးမျိုးက အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုကြပါလိမ့်မယ်။ ဒါပေမဲ့ ချစ်တင်းနှော ခြင်းသည် မျိုးဆက်သစ်များ မွေးဖွားလာဖို့ရန်အတွက် တစ်ခုတည်း မဟုတ်ပါဘူး။ နှစ်ဦးနှစ်ဖက် သာယာပျော်ရွှင်မှုကို ယူဆောင်လာပေးမယ့် အရာတစ်ခုလို့ ယူဆနိုင်ပါတယ်။ ကွီးတို့က အခုဆက်လက် ဖော်ပြပေးမယ့် အချက်အလက်တွေကို နှိုက်နှိုက်ချွတ်ချွတ် သိ ထားမှသာလျှင် ချစ်တင်းနှော ဖို့ အဆင်ပြေမှာပါ။
ကွီးတို့ သိ ထားသင့်တဲ့ ချစ်တင်းနှော ခြင်း အမျိုးအစားများ
ချစ်တင်းနှော ခြင်း အမျိုးအစားကို (၇) မျိုး ခွဲခြားထား ကြပါတယ်။
(၁) မိန်းမကိုယ်ကနေတဆင့် ချစ်တင်းနှောခြင်းလို့ ခေါ်တဲ့ Vaginal Sex
(၂) Mouth to Genital Sex
(၃) အနောက်တံခါးဝကနေတဆင့် ချစ်တင်းနှောခြင်း
(၄) ပွတ်သီးပွတ်သပ် ပြုလုပ်ကာ ချစ်တင်းနှောခြင်း (ဥပမာ ပွေ့ဖက်ခြင်း၊ နမ်းရှုံ့ခြင်း)
(၅) ကွီးတို့ရဲ့ လက်ကို အသုံးပြုကာ ပါတနာအား ပြီးမြောက်အောင် ပြုလုပ်ခြင်း (Fingering)
(၆) တစ်ကိုယ်ရည် အာသာဖြေခြင်း
(၇) အွန်လိုင်းကနေ တဆင့် စိတ်ပါလာအောင် လှုံ့ဆော်ကာ ချစ်တင်းနှောခြင်း စသည်တို့ပဲ ဖြစ်ပါတယ်။
ချစ်တင်းနှော တဲ့အခါ ဘေးအန္တရာယ်ကင်းကင်းနဲ့ ဘယ်လိုမျိုး ချစ်တင်းနှော ကြရမလဲ
အကောင်းဆုံးကတော့ ကွန်ဒုံး အသုံးပြုခြင်းပဲဖြစ်ပါတယ်။ ကွန်ဒုံး အမျိုးအစားများမှာ အသုံးများတာကတော့ External Condoms လို့ခေါ်တဲ့ အမျိုးသား လိင်တံပေါ်တွင် စွပ်ကာ အသုံးပြုရတဲ့ ကွန်ဒုံးပဲ ဖြစ်ပါတယ်။ နောက်တစ်မျိုးကတော့ အမျိုးသမီးတွေရဲ့ မိန်းမကိုယ်ထဲတွင် အသုံးပြုရသည် ကွန်ဒုံး ဆိုဆဲ့ Internal Condoms ပဲဖြစ်ပါတယ်။ ကွန်ဒုံး အသုံးပြုခြင်းအားဖြင့် မလိုလားအပ်တဲ့ ရောဂါများ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။
တကယ်လို့ ကွီးတို့ ကိုယ်တိုင်ကပဲဖြစ်ဖြစ် (သို့) ကွီးတို့ ပါတနာကပဲဖြစ်ဖြစ် အကာအကွယ် အသုံးမပြုချင်ဘူးဆိုရင်
ချစ်တင်းနှော မယ်လို့ ပြင်ထားပြီဆိုတာနဲ့ ကိုယ့် ခန္ဓာကိုယ် အကြောင်းကိုသာမက ကိုယ့်ပါတနာရဲ့ ခန္ဓာကိုယ် အကြောင်းကိုပါ သိရှိဖို့ လိုအပ်ပါတယ်။ နှစ်ယောက်စလုံးရဲ့ ချစ်တင်းနှော ခြင်း ရာဇဝင်က ခြောက်ပစ်ကင်း သဲလဲစင်နေရင်တော့ တစ်မျိုးပေါ့။ ဆိုလိုတာက ကွီးတို့ရော ကွီးတို့ရဲ့ ပါတနာရောက အခြားဘယ်သူနဲ့မှ ချစ်တင်းနှောခြင်း မရှိတာမျိုးကိုပါ။ တကယ်လို့ ကွီးတို့ နှစ်ယောက်ထဲက တစ်ယောက်ယောက်က အကာအကွယ် အသုံးပြုဖို့ကို ငြင်းဆန်နေမယ် ဆိုရင်တော့ ပွင့်ပွင့်လင်းလင်း ညှိနှိုင်းပြောဆိုတာ အကောင်းဆုံးပါပဲ။
ကွီးတို့ရော အခုဖော်ပြသွားတဲ့ အချက်တွေအကုန်လုံးကို သိပြီးပြီလား။
Source: Helloclue
Featured Image: Cafemom