ယောကျာ်းလေး အများစုက ရုပ်ရည် ၊ ဘော်ဒီပိုင်းတွေ တင်မကပဲ ဖွားဖက်တော် မိုက်ကြီး ကိုပါ ဆွဲဆောင်မှုရှိချင်ကြမယ်လို့ ထင်ပါတယ်။ ကိုယ့်ပါတနာကို ဆွဲဆောင်နိုင်မယ့် မိုက်တစ်လုံးဖြစ်ဖို့ကကတော့ XL ဆိုဒ် ဟဲဗီးမိုက်ကြီး ဖြစ်ဖို့ မလိုပါဘူး။ ဆိုဒ်အရွယ်အစားထက် သန့်ရှင်းပြီး အနံ့အသက်ကင်းတဲ့ မိုက်တစ်လုံးဖြစ်ဖို့က ပိုအရေးကြီးပါတယ်။ ဒီတစ်ခေါက်မှာတော့ ကွီးတို့ရဲ့ ဖွားဖက်တော် ညီလေးကို သဘာဝအတိုင်း ဆွဲဆောင်မှု ပိုရှိစေဖို့ နည်းလမ်းအချို့ကို ပြောပြပေးချင်ပါတယ်။

(၁) အမွှေးအမျှင်တွေ ညှပ်ပေးပါ

Remove Pubic Hair

Photo : The Beard Club

ဖွားဖက်တော် အမွှေးအမျှင်တွေက အရမ်းကြီး ရှည်နေမယ်ဆိုရင် ဆွဲဆောင်မှုရှိရှိ ကြည့်ကောင်းတဲ့ မိုက်ကြီး ဖြစ်မှာ မဟုတ်ပါဘူး။ အမွှေးအမျှင်တွေက အနံ့အသက်ဆိုးတွေကို ထွက်စေနိုင်သလို ဖွားဖက်တော်ရဲ့ ရှိရင်းစွဲ အရွယ်အစားကိုလည်း ပိုသေးသယောင် ထင်ရစေပါတယ်။ ဒါကြောင့် ကွီးတို့ရဲ့ လိင်အင်္ဂါတဝိုက်က အမွှေးအမျှင်တွေကို ပုံမှန် ညှပ်တာတိတာ လုပ်ပေးဖို့ အကြံပေးချင်ပါတယ်။

(၁) ချေးချွတ်သန့်စင်ပါ

Exfoliating

Photo : Brickell Men’s Products

မျက်နှာ အသားအရေကို Exfoliate လုပ်သလိုပါပဲ။ ကွီးတို့ရဲ့ ဖွားဖက်တော်နဲ့ ကန့်သတ်ဧရိယာ တဝိုက်ကိုလည်း Exfoliate လုပ်ပေးသင့်ပါတယ်။ လိင်အင်္ဂါ ချေးချွတ်သန့်စင်ဖို့အတွက် သီးသန့်ထုတ်ထားတဲ့ အပျော့စား ဆပ်ပြာတွေ ၊ Body Scrub တွေကို သုံးပေးပါ။ လိင်အင်္ဂါ အရေပြားတဝိုက်က ဆဲလ်သေတွေ ၊ အညစ်အကြေးတွေကို ဖယ်ရှားသန့်စင်ပေးတာဟာ အသားအရေ မွဲခြောက်ခြင်း ၊ မဲညစ်ခြင်း ၊ အနံ့အသက်ဆိုး ထွက်ခြင်းတွေကို သက်သာစေပြီး အနံ့အသက်ကင်းကင်း ဆွဲဆောင်မှုရှိတဲ့ ဖွားဖက်တော်ကို ပိုင်ဆိုင်နိုင်စေမှာ ဖြစ်ပါတယ်။

(၃) ခန္ဓာကိုယ်အလုံးစုံ ကျန်းမာရေးကို ဂရုစိုက်ပါ

One man, sitting on bench, drinking water after training.

Photo : Compounding Pharmacy of America

ဆွဲဆောင်မှုရှိတဲ့ ဖွားဖက်တော် ဆိုတာဟာ ဆိုဒ်အရွယ်အစားထက် တစ်ကိုယ်ရည် သန့်ရှင်းမှု ၊ ပြည့်ပြည့်ဝဝ ထောင်မတ်နိုင်မှုတွေက ပိုအရေးပါပါတယ်။ တကယ်တော့ ဖွားဖက်တော် ကျန်းမာသန်စွမ်းဖို့ဟာ ခန္ဓာကိုယ်အလုံးစုံ ကျန်းမာရေးနဲ့ ဆက်စပ်သက်ဆိုင် နေတာပါ။ အစားအသောက် ထိန်းသိမ်းတာ ၊ လေ့ကျင့်ခန်းပုံမှန်လုပ်တာ ၊ တစ်ကိုယ်ရည် သန့်ရှင်းမှုကို ဂရုတစိုက် လုပ်ဆောင်တာ ၊ ဆေးလိပ်ဖြတ်တာ ၊ အရက်အလွန်အကျွံသောက်ခြင်းကို ရှောင်ရှားတာ ၊ လုံလောက်စွာ အိပ်စက်အနားယူတာ စတဲ့ အလေ့အထတွေကို ပြုလုပ်လိုက်နာခြင်းဖြင့် ကွီးတို့ရဲ့ မိုက်ကြီး ကို ကျန်းမာသန်စွမ်းစေရုံသာမက ရုပ်ပိုင်းဆိုင်ရာ / စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ တိုးတက်ကောင်းမွန်လာစေဖို့ အထောက်အကူ ပြုနိုင်ပါတယ်။

Source : Lybrate

Featured Photo : Newsweek