ကွီးတို့ သီချင်း နားထောင်တဲ့အခါ ဘယ်လို သီချင်းမျိုးတွေကို နားထောင်လေ့ ရှိပါသလဲ။ တချို့ သီချင်းတွေက ကွီးတို့ကို ပျော်ရွှင်လာအောင် ဖန်တီးပေးနိုင်သလို တချို့ သီချင်းတွေ ကျပြန်တော့လည်း ဘာလို့ ဝမ်းနည်းမှန်း မသိ ဝမ်းနည်းသွားစေတဲ့ သီချင်းလေးတွေလည်း ရှိပါသေးတယ်။ တချို့ သီချင်း ကောင်းတွေ ကျပြန်တော့ တစ်ပုဒ်ဆို တစ်ပုဒ် နားထောင်လိုက်တာနဲ့ အခြား ကမ္ဘာသစ် တစ်ခုဆီ ရောက်သွားသလား ခံစားရစေပါတယ်။

တကယ်လို့ ကွီးတို့သည် တစ်နေ့တာလုံးမှာ ပင်ပန်းနေပြီး လက်ရှိ နေထိုင်နေတဲ့ ကမ္ဘာကြီးထဲကနေ ခဏတဖြုတ်လောက် ပြေးထွက်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် သီချင်းတွေကို နားထောင်ကြည့်လိုက်ပါ။​

ဒီ သီချင်း တွေက ကွီးတို့ ခံစားနေရတဲ့ စိတ်ညစ်စရာများ၊ စိတ်ဖိစီးစရာများကို ခဏတဖြုတ်လောက် မေ့သွားစေမှာဖြစ်ပြီး ကမ္ဘာသစ် တစ်ခုဆီ အရောက် ခေါ်ဆောင်သွားပေးမှာပါ။

Space Song By Beach House

Source: Sub Pop

ဒီသီချင်းလေးကတော့ ကိုယ့်ကိုယ်ကိုယ် ရှာဖွေနေကြောင်း၊ ကိုယ်က ဘယ်သူ ဘယ်ဝါဖြစ်ကြောင်းကို ရှာဖွေနေတဲ့ သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို ရှာဖွေတာမဟုတ်ဘဲ ကိုယ့်ရဲ့ စိတ်ကိုလည်း ရှာဖွေနေကြောင်း သီဆိုထားတဲ့ သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။

Hawaiian Party By Cub Sport

Source: Dolan Twins

လွဲချော်သွားတဲ့ အခွင့်အရေးကောင်းတွေအကြောင်း သီဆိုထားတာပဲ ဖြစ်ပါတယ်။ အပြင်လူ တစ်ယောက်လို ခံစားနေရပြီး တစ်နေ့ တစ်နေ့ စိုးရိမ်ပူပန်နေရတဲ့ ဘဝကြီးကနေ လွတ်မြောက်ချင်ကြောင်း သီဆိုထားတာပဲ ဖြစ်ပါတယ်။

Everything I Wanted By Billie Eilish

Source: Billie Eilish

သူ(မ) လိုချင်တဲ့ အရာ အားလုံးကို ရရှိပိုင်ဆိုင်နေပေမယ့် သူ(မ)အတွက် တစ်စုံတစ်ခုသည် ပျောက်ဆုံးနေကြောင်း သီဆိုထားတာပဲ ဖြစ်ပါတယ်။

Everybody Want to Rule The World By Tears For Fears

Source: Tears For Fears

ဒီသီချင်းလေးကတော့ လွန်ခဲ့တဲ့ ၁၀ နှစ်က သီချင်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ လူသားတွေသည် ပါဝါကို တပ်မက်ကြပြီး အတောမသတ်အောင် ထိန်းချုပ်ချင်ကြတဲ့ အကြောင်းကို သီဆိုကြတာပဲ ဖြစ်ပါတယ်။ အကျင့်ပျက် ခြစားနေတဲ့ လူ့ဘောင် အသိုင်းအဝိုင်းကို ရည်ညွှန်းထားတာပဲဖြစ်ပါတယ်။

Pluto Projector By Rex Orange County

Source: Rex Orange County

ဒီသီချင်းလေးကတော့ လွန်ခဲ့တဲ့ ၅ နှစ်လောက်က ထွက်ရှိခဲ့တဲ့ သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ သီချင်း အေးအေးလေးနဲ့ နားထောင်လို့ ကောင်းတဲ့ သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။

Amoeba By Clairo

Source: Clairo

ဘဝမှာ လမ်းတွေ ပျောက်ပြီး စမ်းတဝါးဝါးဖြစ်နေကာ ဘဝရဲ့ အဓိပ္ပါယ်ကို ရှာဖွေနေတဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ ဒီသီချင်းလေးကလည်း လက်ရှိ ကွီးတို့ ခံစားနေရတဲ့ ခံစားချက်နဲ့ တိုက်ဆိုက်နေမှာပါ။

Lovely By Billie Eilish & Khalid

Source: Billie Eilish

ဒီသီချင်းလေးကလည်း Billie Eilish ရဲ့ သီချင်းကောင်းတွေထဲက တစ်ပုဒ်အပါအဝင်ပါပဲ။ သူကိုယ်တိုင် ခံစားနေရတဲ့ စိတ်ညစ်စရာများ၊ စိတ်ကျရောဂါ အကြောင်းကို သီဆိုထားတာပဲ ဖြစ်ပါတယ်။

Heather By Conan Gray

Source: Conan Gray

ကိုယ့်ရဲ့ ခရက်ရှ်က ကိုယ့်ရဲ့ အချစ်တွေကို လျစ်လျူရှုထားပြီး Heather ဆိုတဲ့ ကောင်မလေးကိုသာ သဘောကျနေကြောင်း သီဆိုထားတာပဲဖြစ်ပါတယ်။

ဘယ်လိုလဲ။ အခုဖော်ပြသွားတဲ့ သီချင်းတွေက ကွီးတို့ကို တကယ်ပဲ အခြားသော ကမ္ဘာသစ်တစ်ခုဆီ ခေါ်ဆောင်ပေးသွား နိုင်ရဲ့လား။

Source: Vrishas18.medium

Featured Image: Betterhelp