သီချင်း အသစ်တွေကတော့ နားထောင်လို့ မကုန်နိုင်အောင် အသစ်အသစ်တွေ ထွက်နေဆဲပါပဲ။ ဒီနှစ်ထဲမှာဆိုရင် ကခုန်လို့ကောင်းတဲ့ မြူးမြူးကြွကြွ သီချင်းတွေ ၊ အသည်းကွဲမု On ထားသူတွေအတွက် ဆွေးလို့ကောင်းတဲ့ Pop သီချင်းကောင်းတွေ ၊ ထူးထူးခြားခြား ဂီတကြယ်ပွင့်တွေရဲ့ Collaboration သီချင်းကောင်းတွေနဲ့ Genres အစုံ နားထောင်စရာတွေ အများကြီး ထွက်ထားပါတယ်။ ဒီဆောင်းပါးမှာတော့ လက်ရှိ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေနဲ့ ဂီတချစ်သူ တွေကြားမှာ ရေပန်းစား နာမည်ကြီးနေတဲ့ သီချင်းကောင်းတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) Handlebars – JENNIE & Dua Lipa

Source : JENNIE

ကွီးတို့ အချစ်တော် JENNIE လေးနဲ့ မမ Dua Lipa တို့ရဲ့ Collaboration သီချင်း ကောင်းလေးတစ်ပုဒ်ပါ။ လက်တလော ဆိုရှယ်မီဒီယာတွေနဲ့ ဂီတချစ်သူတွေကြားမှာတော့ သိပ်ကိုရေပန်းစားနေပါတယ်။ နားဆင်ခံစား ကြည့်လိုက်ပါဦး။

(၂) Anxiety – Doechii

Source : Doechii

ဒီသီချင်းလေးကိုတော့ ကွီးတို့ သေချာနားမထောင်ဖူးရင်တောင် ကြားဖူးနားဝ ရှိကြလိမ့်မယ် ထင်ပါတယ်။ လက်ရှိ TikTok ၊ IG နဲ့ အခြား ဆိုရှယ်ပလက်ဖောင်းတွေပေါ်မှာ ဟစ်ဖြစ်နေတဲ့ သီချင်း ကောင်းတစ်ပုဒ် ဖြစ်ပါတယ်။

(၃) Cry For Me – The Weeknd

Source : The Weeknd

The Weeknd ဖန်တွေ အကြိုက်တွေ့မယ့် R&B သီချင်း တစ်ပုဒ်ပါ။ Cry For Me သီချင်းလေးက ဒီနှစ်ထဲမှာ အသစ်စက်စက် ထွက်ရှိထားတာ ဖြစ်ပါတယ်။ နားမထောင်ရသေးရင် ကွီးတို့ ခံစားကြည့်လိုက်ပါဦး။

(၄) Luther – Kendrick Lamar & SZA

Source : Kendrick Lamar

Luther သီချင်းလေးကတော့ သိပ်လှတဲ့ စာသားလေးတွေနဲ့ ရေးဖွဲ့သီကုံးထားတဲ့ Kendrick Lamar နဲ့ SZA တို့ရဲ့ သီချင်းလေး ဖြစ်ပါတယ်။

(၅) APT. – ROSÉ & Bruno Mars

Source : ROSÉ

BLACKPINK အဖွဲ့ဝင် ROSÉ နဲ့ Bruno Mars တို့ရဲ့ APT. သီချင်းလေးကိုလည်း မပါမဖြစ် ထည့်ပြောရပါမယ်။ ဒီသီချင်းလေးကတော့ စထွက်ကတည်းက တော်တော်လေး ပရိသတ် စိတ်ဝင်စားမှု ရခဲ့ပါတယ်။ မြူးမြူးကြွကြွနဲ့ ကခုန်လို့ကောင်းတဲ့ သီချင်းကောင်း တစ်ပုဒ်ဖြစ်ပါတယ်။

(၆) Please Please Please – Sabrina Carpenter

Source : Sabrina Carpenter

အမေရိကန် အဆိုတော်မလေး Sabrina Carpenter ရဲ့ Please Please Please သီချင်း လေးကိုတော့ ကွီးတို့ အနည်းဆုံး တစ်ကြိမ်လောက် နားထောင်ဖူးကြမယ် ထင်ပါတယ်။ ဒီသီချင်းလေးက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ထဲမှာ ထွက်ခဲ့တာ ဖြစ်ပေမယ့် လက်ရှိအချိန်ထိ လူကြိုက်များ ရေပန်းစားနေဆဲ ဖြစ်ပါတယ်။

(၇) The Giver – Chappell Roan

Source : Chappell Roan

Chappell Roan ရဲ့ The Giver သီချင်းရော ကွီးတို့ နားထောင်ပြီးပြီလား ? ဒီသီချင်းလေးက လက်ရှိ Billboard Hot 100 မှာ နံပါတ် ၅ နေရာကို သိမ်းပိုက်ထားပြီး အရမ်းကို လူကြိုက်များ ရေပန်းစားနေပါတယ်။

Source : Spotify

Featured Photo : Billboard