အဆွေး သီချင်း အေးအေးလေးတွေကို ကြိုက်နှစ်သက်တဲ့ ကွီး တို့အားလုံး Calum Scott ကို သိကြမှာပါ။ သူသည် အင်္ဂလိပ်လူမျိုး အဆိုတော်နှင့် သီချင်းရေးဆရာတစ်ယောက်ဖြစ်ပါတယ်။ သူ့ကို လူသိများလာစေတာကတော့ ၂၀၁၅ ခုနှစ်တုန်းက Britain’s Got Talent မှာ Dancing On My Own ဆိုတဲ့ သီချင်းကို သူ့ရဲ့ပင်ကိုသီဆိုဟန်နဲ့ ဝင်ရောက်ယှဉ်ပြိုင်ရာမှ လူသိများလာခဲ့တာ ဖြစ်ပါတယ်။

သီချင်း ကွီး Calum Scott

Photo: Dailyexpress

သူ့ကို ၁၉၈၈ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့က အင်္ဂလန်နိုင်ငံတွင် ဖွားမြင်ခဲ့တာ ဖြစ်ပါတယ်။ သူသည် သီချင်းများကို အသံပါဝါကောင်းကောင်းနဲ့ သီဆိုနိုင်သလို ဂီတာတီးခြင်း၊ ဒရမ်တီးခြင်းတို့လည်း ကျွမ်းကျင်ပါတယ်။ သူ့မှာ Jade Scott လို့ ခေါ်တဲ့ မွေးချင်းမောင်နှမတစ်ယောက်ရှိပြီး သူ(မ)သည်လည်း Britain’s Got Talent မှာ ဝင်ရောက်ယှဉ်ပြိုင်ကာ လူသိများလာတဲ့ အဆိုတော် တစ်ယောက်ဖြစ်ပါတယ်။

သီချင်း ကွီး Calum Scott

Photo: Godtube

Calum Scott ရဲ့ Hit အဖြစ်ဆုံးနဲ့ လူကြိုက်အများဆုံး သီချင်းတွေကတော့ ၂၀၁၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ You Are The Reason ၊ ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ Dancing On My Own နဲ့ ၂၀၂၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ Where Are You Now တို့ပဲဖြစ်ပါတယ်။ အခြားသော သီချင်း အေးအေးလေးများသည်လည်း ပေါ်ပြူလာ ဖြစ်ပါတယ်။

အဆွေး သီချင်း တွေကို ကြိုက်နှစ်သက်တဲ့ ကွီး တို့အတွက် Calum Scott ရဲ့ ရေပန်းအစားဆုံး သီချင်းများကို စုစည်းတင်ဆက်ပေးလိုက်ရပါတယ်။

You Are The Reason

ဒီသီချင်းလေးကတော့ ပြီးပြည့်စုံတဲ့ Relationship ဆိုတာ မရှိဘူး။ တကယ်လို့ နှစ်ယောက်သား အတူတူ အားစိုက်ထုတ်ကာ ကြိုးစားကြမယ်ဆိုရင်တော့ ထို Relationship ည် အချိန်ကြာကြာ တည်တံ့ခိုင်မြဲနေမှာဖြစ်ကြောင်း သီဆိုထားတာဖြစ်ပါတယ်။

Dancing On My Own

ဒီသီချင်းလေးသည် Robyn ရဲ့ သီချင်းလေးပဲဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်က Robyn က သီဆိုခဲ့တာဖြစ်ပါတယ်။ ဒီသီချင်းနဲ့ ပြိုင်ပွဲဝင်ပြိုင်ရင်း Calum Scott ဆိုပြီး လူသိများလာတာဖြစ်ပါတယ်။

Where Are You Now

Source: Lost Frequencies

ဒီသီချင်းလေးထဲမှာတော့ Lost Frequencies နဲ့ တွဲဖက်သီဆိုထားတာဖြစ်ပြီး Featuring အနေနဲ့ Calum Scott က သီဆိုထားတာဖြစ်ပါတယ်။

What I Miss Most

ဒီသီချင်းလေးကတော့ Calum Scott သည် သူ့ရဲ့အနုပညာအလုပ်များကြောင့် အလုပ်ရှုပ်နေရချိန်မှာ သူ့ရဲ့သူငယ်ချင်းများနှင့် မွေးရပ်မြေ၊ သူ့ရဲ့အိမ်၊ မြို့နှင့် လမ်းများ အားလုံး အားလုံးကို လွမ်းဆွတ်သတိရနေတဲ့အကြောင်း သီဆိုထားတာဖြစ်ပါတယ်။

No Matter What

ဒီသီချင်းလေးကတော့ သူ့ရဲ့အကြောင်းကို ရေးဖွဲ့ထားတာ ဖြစ်ပါတယ်။ သူသည် သူ့ရဲ့မိဘတွေကို Gay တစ်ယောက်ဖြစ်ကြောင်း ပြောပြတဲ့အခါ သူ့ရဲ့မိဘတွေက ဘယ်လိုပဲဖြစ်နေဖြစ်နေ သူတို့သားကို ချစ်တဲ့အချစ်က ပြောင်းလဲသွားမှာ မဟုတ်တဲ့အကြောင်း ရေးဖွဲ့ထားတာ ဖြစ်ပါတယ်။

Biblical

ဒီသီချင်းလေးကတော့ ၂၀၂၁ ခုနှစ် ဇွန်လ ၁၁ ရက်နေ့က ထွက်ရှိခဲ့တဲ့သီချင်းလေးဖြစ်ပြီး အဓိပ္ပာယ်ပြည့်စုံတဲ့ သီချင်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။

If Our Love Is Wrong

ဒီသီချင်းလေးသည်လည်း သူ့ရဲ့ဖြစ်တည်မှုအကြောင်း ရေးဖွဲ့သီဆိုထားတာဖြစ်ပါတယ်။ သူသည် ဆယ်ကျော်သက်အရွယ်နှင့် ၂၀ ကျော်အရွယ်များတွင် သူ့ရဲ့လိင်စိတ်ခံယူချက်ကြောင့် လူမုန်းခံရခြင်းမျိုး ရှိခဲ့ပြီး ကြောက်ရွံ့ခဲ့ဖူးတယ်လို့ ပြောပြထားတာဖြစ်ပါတယ်။

Come Back Home

ဒီသီချင်းလေး ကတော့ လမ်းခွဲပြီးတဲ့ နောက်မှာ အသည်းကွဲ ဝေဒနာကို အကြီးအကျယ် ခံစားနေရတဲ့ လူတစ်ယောက် အကြောင်း ရေးဖွဲ့သီဆိုထားတာ ဖြစ်ပါတယ်။

Rhythm Inside

ဒီသီချင်းလေးကတော့ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့က ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ လူတစ်ယောက်ကို ချစ်မိသွားတဲ့အခါ ဘယ်လိုကြည်နူး ပျော်ရွှင်မှုမျိုးကို ခံစားရသလဲဆိုတာ သီဆိုထားတာ ဖြစ်ပါတယ်။

Only You

ဒီသီချင်းလေးကတော့ သူငယ်ချင်း သံယောဇဉ်အကြောင်း ဖွဲ့ဆိုထားတာဖြစ်ပြီး ကိုယ် ဒုက္ခရောက်နေ အားငယ်နေချိန်မှာ အားပေးတဲ့ လက်တစ်စုံအကြောင်း ဖွဲ့နွဲ့သီဆိုထားတာ ဖြစ်ပါတယ်။

သီချင်း အေးအေးလေးတွေကို ကြိုက်နှစ်သက်တဲ့ ကွီး တို့အားလုံး အခုဖော်ပြသွားတဲ့ Calum Scott ရဲ့သီချင်းတွေကို ကြိုက်နှစ်သက် ကြလိမ့်မယ်လို့ မျှော်လင့် မိပါတယ်။

Source: Calum Scott

Featured Image: Straitstimes