သီချင်းအသစ်တွေက တစ်လပြီး တစ်လ အသစ် အသစ်တွေက ထွက်ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။ ဒီလထဲမှာတော့ ဘယ် သီချင်း တွေက ရေပန်းစား နေသလဲ ဆိုတာကို ကွီးတို့ သိပြီးပါပြီလား။ မသိသေးဘူး ဆိုရင်တော့ အခုဖော်ပြပေးမယ့် သီချင်းတွေကို နားထောင်ကြည့်လိုက်ပါ။

Expresso By Sabrina Carpenter

Source: Sabrina Carpenter

ဒီသီချင်းက ထွက်ရှိထားတာတော့ ၄ လလောက်ရှိပါပြီ။ ဒါပေမဲ့ ယနေ့ထိတိုင် လူကြိုက်များနေဆဲပဲဖြစ်ပါတယ်။ TikTok Reel တွေမှာဆိုရင် ဒီ သီချင်း က ပေါ်ပြူလာဖြစ်ပြီး ရေပန်းစား ပါတယ်။

Beautiful Things By Benson Boone

Source: Benson Boone

ဒီသီချင်းလေးကတော့ ကိုယ်ချစ်ရတဲ့ တစ်ယောက်ယောက်ကို ဆုံးရှုံးမှာ ကြောက်စိတ်ဝင်နေတဲ့အကြောင်း၊ ကိုယ် တန်ဖိုးထားရတဲ့ ဆက်ဆံရေးတစ်ခု ပျက်ပြားသွားမှာကို ကြောက်နေတဲ့အကြောင်း သီဆိုထားတာပဲ ဖြစ်ပါတယ်။

Eyes Closed By Imagine Dragons

Source: ImagineDragons

အခက်အခဲ အတားအဆီတွေကို ရင်ဆိုင်ရပါ များလွန်းလို့ အခုဆိုရင် မျက်စိမှိတ်ပြီးတောင် ဖြေရှင်းလို့ ရနေပြီဆိုတာကို လွန်လွန်ကျူးကျူး တင်စား စပ်ဆိုထားတဲ့ သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။

Two Feet By Smiley

Source: TOESUP

သီချင်းတီးလုံးလေးက ဆန်းဆန်းလေး ဖြစ်နေပြီး နားထောင်ရတာ ကွီးတို့နားထဲမှာ တစ်မျိုးလေး ဆွဲဆောင်မှု ရှိနေမှာပဲ ဖြစ်ပါတယ်။ မြူးမြူးကြွကြွလေးနဲ့ နားထောင်လို့ ကောင်းတဲ့ သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။

Tobey By Eminem (Feat. Big Sean & BabyTron)

Source: Lyrical Lemonade

ရက်ပ်သီချင်း ကောင်းကောင်းလေးကိုမှ နားထောင်ချင်တဲ့ သီချင်းချစ်သူတို့ကတော့ ဒီသီချင်းလေးကို နားဆင်ခံစား ကြည့်သင့်ပါတယ်။

Why Why Why By Shawn Mendes

Source: Shawn Mendes

ဒီသီချင်းကတော့ Shawn Mendes နဲ့ သူ့ရဲ့ ရည်းစားဟောင်း Camila Cabello တို့ရဲ့ အရင်က သမီးရည်းစားဆက်ဆံရေး အကြောင်းကို စပ်ဆိုထားတာပဲ ဖြစ်ပါတယ်။

Fortnight By Taylor Swift

Source: Taylor Swift

ဒီသီချင်းလေးကတော့ အနာဂတ်မှာ သူနဲ့ သူ့ရည်းစားဟောင်းတို့သည် အတိတ်က နာကျင်စရာများကြားကို မေ့ပျောက်သွားပြီး အနာဂတ်ကနေ အတိတ်အကြောင်းကို ပြန်လှန်သုံးသပ်နေတဲ့အကြောင်းကို စပ်ဆိုထားတာပဲ ဖြစ်ပါတယ်။

Brand New Dance By Eminem

Source: EminemMusic

နောက်ထပ် သီချင်းမြူးမြူးလေးကိုမှ ရက်ပ်သီချင်းလေးကို နားဆင်ချင်တယ်ဆိုရင်တော့ Eminem ရဲ့ Brand New သီချင်းကို နားဆင်ခံစားကြည့်သင့်ပါတယ်။

I Had Some Help By Post Malone (Feat. Morgan Wallen)

Source: Post Malone

ဒီသီချင်းကတော့ မေလကတည်းက ထွက်ရှိခဲ့တဲ့ သီချင်းလေးဖြစ်ပြီး ဒီလထဲမှာ လူကြိုက်များပြီး ရေပန်းစားနေတာပဲ ဖြစ်ပါတယ်။​

Miles On It By Kane Brown, Marshmello

Source: Marshmello

အပူအပင်ကင်းတဲ့ စုံတွဲတစ်တွဲက သူတို့ရဲ့ အသစ်စက်စက် ထရပ်ကားနဲ့ အပျော်ခရီး ထွက်လာရာကနေ လမ်းခရီးတစ်လျှောက်မှာ စိတ်လှုပ်ရှားစရာကောင်းတာတွေနဲ့ ကြုံတွေ့ရတဲ့အကြောင်း သီဆိုထားတာပဲ ဖြစ်ပါတယ်။​

ကွီးတို့ရော ဒီလထဲမှာ ဘယ်သီချင်းတွေကို နားထောင်ဖြစ်နေပါသလဲ။

Source: Billboard

Featured Image: Latimes.com