ကွီးတို့ရဲ့ အိမ်ကို သီချင်း သံလေးတွေနဲ့ အပီအပြင် လွှမ်းခြုံ ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ပစ္စည်းများကို အ သုံး ပြုနိုင်ပါတယ်။ ဒီပစ္စည်းများက ကွာလတီလည်း ကောင်းပြီး အကြမ်းလည်း ခံတဲ့အတွက်ကြောင့် လူကြိုက်များနေရခြင်း ဖြစ်ပါတယ်။​

(၁) UE Boom 3

UE Boom 3

ဒီမော်ဒယ်အမျိုးအစားကတော့ ယေဘုယျ ခြုံပြောရမယ်ဆိုရင် အကောင်းဆုံးဖြစ်တဲ့ ပစ္စည်းတစ်မျိုးပါ။ အသံထွက်ကလည်း ကောင်းပြီး တစ်ခါ အားသွင်းပြီးတာနဲ့ ၁၅ နာရီကြာ အသုံးခံပါတယ်။ ၂၀၁၈ ကတည်းက ထွက်ခဲ့တဲ့ ပစ္စည်း အမျိုးအစားတစ်ခုဖြစ်ပြီး ၂ နှစ် အာမခံ ပါပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၂၀ ပေးချေရမှာ ဖြစ်ပါတယ်။​

(၂) JBL Charge 5

JBL Charge 5

နောက်ထပ် ပစ္စည်းကောင်းလေးတစ်မျိုးကတော့ JBL Charge 5 အမျိုးအစားပဲ ဖြစ်ပါတယ်။ သူ့ရဲ့ တန်ဖိုးကတော့ ဒေါ်လာ ၁၆၀ ဝန်းကျင် ပေးချေရမှာဖြစ်ပါတယ်။ ဒီဇိုင်းလေးက ရိုးရှင်းလှပနေတဲ့ ဒီဇိုင်းမျိုးကို ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

(၃) Sony SRS-XB100

Sony SRS-XB100

လျှပ်စစ်ပစ္စည်းတွေထဲမှာ အကောင်းဆုံးဆိုရင် Sony တံဆိပ်ကလည်း တစ်ခု အပါအဝင်ပါပဲ။ ဈေးနှုန်းကလည်း ဒေါ်လာ ၆၀ သာ ကုန်ကျမှာဖြစ်လို့ ဝယ်ပျော်ပါတယ်။​

(၄) Tribit StormBox

Tribit StormBox

အပြာရောင် ဒီဇိုင်းလေးဖြစ်ပြီး ၇ လက်မ အရှည် ဒီဇိုင်းလေး ဖြစ်ပါတယ်။ တစ်ခါ အားသွင်းပြီးတာနဲ့ နာရီ ၂၀ ကြာအောင် အသုံးခံပါတယ်။ ဈေးနှုန်းကတော့ ၆၈ ဒေါ်လာ ကုန်ကျမှာ ဖြစ်ပါတယ်။

(၅) Tribit Stormbox Flow

သီချင်း သုံး

ဒီအမျိုးအစားလေးကတော့ စောစာက တံဆိပ်နဲ့ အမျိုးအစားအတူတူပါပဲ။ သူ့ရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၈၀ ပေးချေရမှာ ဖြစ်ပါတယ်။ နာရီ ၃၀ ကြာ အသုံးခံတဲ့ ဘက္ထရီကို အသုံးပြုထားတဲ့အတွက်ကြောင့် ဈေးနှုန်း အနည်းငယ် ကွာဟသွားရတာ ဖြစ်ပါတယ်။​

(၆) UE Wonderboom 2

သီချင်း သုံး

ကျောပိုးအိတ် အသေးစား ပုံစံ ဒီဇိုင်း ထုတ်လုပ်ထားတာဖြစ်ပြီး ၁၃ နာရီကြာ အသုံးခံတဲ့ ပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၀၀ ပေးချေရမှာပဲ ဖြစ်ပါတယ်။

(၇) JBL Clip 4

သီချင်း သုံး

ချစ်စရာကောင်းတဲ့ ဒီဇိုင်းမျိုးနဲ့ ထုတ်လုပ်ထားတဲ့အတွက်ကြောင့် ကွီးတို့ ရှော်တီလေးတွေ အကြိုက်ဖြစ်မှာပါ။ ကွီးတို့ ရှော်တီလေးကို လက်ဆောင်ပေးချင်တယ်ဆိုရင်တော့ ဒီအမျိုးအစားကို ရွေးချယ်နိုင်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၆၀ ကုန်ကျမှာ ဖြစ်ပါတယ်။​

(၈) Sonos Roam

သီချင်း သုံး

အနက်ရောင်လေးဆိုတော့ Classic ဆန်တဲ့ ဒီဇိုင်းလေးပဲ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၈၀ ပေးချေရပါလိမ့်မယ်။​

(၉) Sonos Era 100

သီချင်း သုံး

ဖြူလွှလွှ အရောင်လေးကို နှစ်သက်တယ်ဆိုရင်တော့ ဒီမော်ဒယ်လေးကို ရွေးချယ်သင့်ပါတယ်။ အမိုက်စား အသံ ကွာလတီနဲ့ သီချင်း နားထောင်ချင်တဲ့ ကွီးတို့ ဝယ် သုံး သင့်တဲ့ ပစ္စည်းကောင်းတစ်ခုပါ။ ဈေးနှုန်းကတော့ ဒေါ်လာ ၂၄၉ ဒေါ်လာ ပေးချေရမှာ ဖြစ်ပါတယ်။

(၁၀) Marshall Stockwell II

သီချင်း သုံး

Marshall Stockwell II ကတော့ ဂီဝာာအမ်ပလီဖိုင်ယာ ဒီဇိုင်းလေးနဲ့ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၅၄ ဒေါ်လာ ပေးချေရမှာ ဖြစ်ပါတယ်။​

ကွီးတို့ရော သီချင်းနားထောင်ဖို့ဆို ဘယ်လို ဘလူးတုစ် စပီကာလေးတွေကို ရွေးချယ်လေ့ရှိပါသလဲ။

Source: Wired

Featured Image: Nytimes