အချိန်ရာသီတွေ ဘယ်လိုပဲကူးပြောင်းလာနေပါစေ အနုပညာရေစီးကြောင်းကတော့ အရှိန်ကောင်းကောင်းနဲ့ ဆက်လက်စီးဆင်း နေဆဲပါပဲ။ ၂၀၂၃ ခုနှစ် ၊ နှစ်သစ်မှာ သီချင်းဖန်တီးသူ အနုပညာရှင်တွေရဲ့ အသစ်အသစ်သော ဂီတဖန်တီးမှုတွေကို ပရိသတ်တွေ ခံစားကြရဦးမှာပါ။ လက်ရှိမှာလည်း သီချင်းချစ်သူ ပရိသတ်တွေကြား ရေပန်းစားဟော့ဖြစ်နေတဲ့ နားထောင်စရာ သီချင်းအသစ်တွေ အများကြီး ထွက်ပေါ်လာနေပါပြီ။ ကွီးတို့ သီချင်းအဟောင်းတွေပဲ နားထောင်နေရတာ ရိုးအီနေပြီ ဆိုရင်တော့ အခုပြောပြမယ့် ဒီနှစ် ဇန်နဝါရီလထဲမှာ အသစ်ထွက်ရှိလာတဲ့ သီချင်း ကောင်းလေးတွေကို ခံစားနားဆင်ကြည့်လိုက်ပါဦး။

(၁) Flowers – Miley Cyrus

Source : Miley Cyrus

ဒီသီချင်းလေးကတော့ Miley Cyrus ရဲ့ အဋ္ဌမမြောက် စတူဒီယိုအယ်လ်ဘမ် Endless Summer Vacation (2023) မှာ ပါဝင်လာတဲ့ သီချင်းကောင်းလေးတစ်ပုဒ် ဖြစ်ပါတယ်။ ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ထွက်ရှိခဲ့တာပါ။ ဒီသီချင်းကို Spotify မှာ တင်ပြီး ပထမပတ်အတွင်းမှာတင် နားထောင်သူ သန်း ၁၀၀ ကျော်နဲ့ စံချိန်တင် အောင်မြင်မှုအကြီးအကျယ် ရရှိခဲ့ပြီး လက်ရှိ ကမ္ဘာတစ်ဝှမ်းက Music Charts တွေမှာလည်း ထိပ်ဆုံးကနေ ရပ်တည်နေပါတယ်။

(၂) Is There Someone Else – The Weeknd

Source : The Weeknd

ဒီသီချင်းလေးကတော့ The Weeknd ရဲ့ ပဉ္စမမြောက် စတူဒီယိုအယ်လ်ဘမ် Dawn FM ထဲက သီချင်းကောင်း တစ်ပုဒ်ပါ။ ပြီးခဲ့တဲ့နှစ်က Audio အနေနဲ့ ထွက်လာခဲ့ပြီး အခုနှစ် ဇန်နဝါရီလထဲမှာမှ Official Music Video ထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

(၃) Never Change – Lukas Graham

Source : Lukas Graham

Pop သီချင်းကောင်းလေးတွေကြိုက်တဲ့ ပရိသတ်တွေကတော့ Lukas Graham ရဲ့ Never Change သီချင်းလေးကို သေချာပေါက် ကြိုက်မိမယ်လို့ ယုံကြည်ပါတယ်။

(၄) Moonlight Sunrise – Twice

Source : JYP Entertainment

Kpop ချစ်သူတွေအတွက် Twice အဖွဲ့ရဲ့ သီချင်းကောင်းလေးပါ။

(၅) F64 – Ed Sheeran

Source : SBTV: Music

Ed Sheeran ကတော့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ၊ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ ကွယ်လွန်သွားခဲ့တဲ့ SBTV ရဲ့ Founder ဖြစ်သူနဲ့ သူငယ်ချင်းဖြစ်သူ Jamal Edwards အတွက် ဂုဏ်ပြုတဲ့အနေနဲ့ “F64.” လို့ အမည်ပေးထားတဲ့ သီချင်း အသစ်လေးကို ထုတ်ဝေလာခဲ့ပါတယ်။

(၆) KNIGHT CRAWLER – Trippie Redd Feat. JuiceWRLD

Source : Trippie Redd

ဒီသီချင်းလေးကတော့ အမေရိကန်ရက်ပ်ပါ Trippie Redd နဲ့ JuiceWRLD တို့ တွဲဖက်သီဆိုထားတဲ့ အမိုက်စား Rap သီချင်း ကောင်းတစ်ပုဒ်ပါ။

(၇) Gloria – Sam Smith

Source : Sam Smith

အမေ Sam ရဲ့ စတုတ္ထမြောက် စတူဒီယိုအယ်လ်ဘမ် Gloria ကတော့ ဒီလ ၂၇ ရက်နေ့မှာ ထွက်လာပါတော့မယ်။ Sam Smith ပရိသတ်တွေ အားလုံးလည်း ရင်ခုန်နေကြမယ်လို့ ထင်ပါတယ်။

(၈) I Can’t Go Back To The Way It Was (Intro) – The Kid LAROI

 

Source : The Kid LAROI

The Kid LAROI ရဲ့ သီချင်း ကောင်းလေးကိုလည်း ကွီးပရိသတ်တွေ ခံစားနားဆင် ကြည့်လိုက်ပါဦးဗျ။

(၉) Luv Me A Little – ILLENIUM Feat. Nina Nesbitt

Source : ILLENIUM

အမေရိကန် DJ ILLENIUM နဲ့ အသံပါဝါ ပြင်းပြင်း Scottish အဆိုတော်မလေး Nina Nesbitt တို့ရဲ့ သီချင်း အသစ်လေးပါ။

(၁၀) Emily I’m Sorry – Boygenius

Source : Boygenius

နောက်ဆုံးပိတ်အနေနဲ့ ဖီးလ်လို့ကောင်းတဲ့ Boygenius အဖွဲ့ရဲ့ Emily I’m Sorry သီချင်း လေး တင်ဆက်ပေးလိုက်ပါတယ်နော်။

အခုတင်ဆက်ပေးခဲ့ တာကတော့ ၂၀၂၃ ခုနှစ် ၊ ဇန်နဝါရီလထဲမှာ အသစ်ထွက်ရှိလာတဲ့ သီချင်းကောင်းများစွာထဲက လက်ရှိ ပရိသတ်တွေကြားမှာ ရေပန်းစားဟော့ဖြစ်နေတဲ့ သီချင်းလေးတွေပဲ ဖြစ်ပါတယ်။ ကွီးတို့ရော ဒီသီချင်း ၁၀ ပုဒ်ထဲက ဘယ်အပုဒ်ကို အကြိုက်ဆုံးလဲဆိုတာ ကွန်းမန့်မှာ ပြောပြပေးခဲ့ပါဦး။

Featured Photo : Billboard