အမျိုးသား အများစုကတော့ ချစ်တင်းနှောချိန်မှာ လိင်တံ ထောင်မတ်မှု ပိုကောင်းအောင် ၊ သုတ်လွှတ်ချိန်ကြာအောင် စတဲ့ ရည်ရွယ်ချက်တွေနဲ့ သုတ်ထိန်းကွင်းတွေကို အသုံးပြုနေကြပါတယ်။ တကယ်တော့ သုတ်ထိန်းကွင်း လို့ခေါ်တဲ့ Penis Rings တစ်နည်းအားဖြင့် ED Rings တွေဟာ ပန်းသေပန်းညိုး ပြဿနာကုသရာမှာ အသုံးပြုတဲ့ ပစ္စည်းတစ်ခုပါ။ ပုံမှန်လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေအတွင်းမှာ အသုံးပြုမယ်ဆိုရင် ကောင်းကျိုးထက် ဆိုးကျိုးပိုတွေ့နိုင်ပါတယ်။ ဒီတစ်ခေါက်တော့ သုတ်ထိန်းကွင်းတွေကို ဘာကြောင့် လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေအတွင်းမှာ အသုံးမပြုသင့်ဘူးလဲဆိုတဲ့ အကြောင်းအရင်းအချို့ကို ပြောပြပါမယ်။

(၁) အချိန်အကြာကြီး အသုံးပြုလို့ မရပါဘူး

Peyronie’s Disease

Photo : The South African

ချစ်တင်းနှောစဉ် တစ်လျှောက်လုံး သုတ်ထိန်းကွင်းတွေကို ဝတ်ဆင်အသုံးပြုမယ်ဆိုရင် လိင်တံကျန်းမာရေးအတွက် အန္တရာယ်အလွန်များပါတယ်။ တကယ်တော့ သုတ်ထိန်းကွင်း တွေကို တစ်ကြိမ်လျှင် မိနစ် ၃၀ ထက်ပိုပြီး တပ်ဆင်အသုံးမပြုမိစေဖို့ လိင်မှုကျန်းမာရေးပညာရှင်တွေက ညွှန်းကြားထားတာပါ။ အချိန်အကြာကြီး ဆက်ဆံစဉ် တစ်လျှောက်လုံးမှာ တပ်ဆင်အသုံးပြုမယ် ဆိုရင်တော့ ဖွားဖက်တော်ကို တင်းကြပ်စွာ ဖိအားသက်ရောက်စေပြီး လိင်တံတစ်လျှူးတွေ ထိခိုက်ပျက်စီး စေနိုင်ပါတယ်။

(၂) Peyronie’s ရောဂါကို ပိုဆိုးစေတယ်

Peyronie’s Disease

Photo : Cleveland Clinic Health Essentials

လိင်တံအမာရွတ်တွေ ပုံပျက်ခြင်းကြောင့် ပုံမှန်မဟုတ်တဲ့ လိင်တံကွေးကောက်မှု ပြဿနာ Peyronie’s ရောဂါရှိတဲ့ အမျိုးသားတွေကတော့ သုတ်ထိန်းကွင်းတွေကို အသုံးမပြုသင့်ပါဘူး။ အကြောင်းက အချို့သော ဝိတ်ပါတဲ့ သုတ်ထိန်းကွင်း အမျိုးအစားတွေဟာ လိင်တံဖွဲ့စည်းပုံကို ပျက်စီးစေပြီး လိင်တံရဲ့ အာရုံကြောတွေကို ထိခိုက်စေနိုင်တဲ့ ဆိုးကျိုးရှိတဲ့အတွက် Peyronie’s ရောဂါကို ပိုဆိုးစေနိုင်တဲ့ သက်ရောက်မှု ရှိစေလို့ပါ။

(၃) လိင်တံမှာ ပွန်းပဲ့ဒဏ်ရာ ရစေနိုင်တယ်

Penis Pain

Photo : Vale Health Clinic

သုတ်ထိန်းကွင်းတွေဟာ လိင်တံပေါ်မှာ တင်းတင်းကြပ်ကြပ် တပ်ဆင်အသုံးပြုရတာ ဖြစ်တဲ့အတွက် အချိန်ကြာလာတာနဲ့အမျှ  ပွန်းပဲ့ဒဏ်ရာနဲ့ အရေပြားလောင်တာ  ၊ ညိုမဲစွဲတာတွေ ဖြစ်လာနိုင်ပါတယ်။ ပွန်းပဲ့ဒဏ်ရာတွေ အရမ်းပြင်းထန်လာပါက Petechiae လို့ခေါ်တဲ့ အရေပြားအတွင်း သွေးယိုစိမ့်တဲ့ အခြေအနေအထိ ဖြစ်နိုင်ပါတယ်။

(၄) ရောဂါကူးစက်ခံရမှု များစေနိုင်တယ်

STDs
Photo : abc7NY

သုတ်ထိန်းကွင်းတွေကို သေချာသန့်ရှင်းရေးမလုပ်ပဲ အထပ်ထပ် ပြန်လည်အသုံးပြုမယ်ဆိုရင် ဘက်တီးရီးယားနဲ့ လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါပိုးတွေ ကူးစက်ခံရနိုင်ခြေ များပါတယ်။ သုတ်ထိန်းကွင်းတွေဟာ အသုံးမပြုခင်မှာ သေချာရေနဲ့ ဆေးကြောသန့်စင်ရမှာ ဖြစ်သလို သန့်စင်တဲ့ အဝတ်နဲ့ ဂရုတစိုက်သုတ်ကာ ခြောက်သွေ့အောင် ပြုလုပ်ပြီးမှ အသုံးပြုသင့်တာပါ။ ဒီလိုမှ မဟုတ်ရင်တော့ ရောဂါကူးစက်ခံရနိုင်တဲ့ အခြေအနေ ရှိပါတယ်။

Source : Premier Men’s Medical Center

Featured Photo : MedicalNewsToday