မျိုးပွားမှုဆိုင်ရာ ကျန်းမာရေးဟာ အမျိုးသားတိုင်းအတွက် အရေးကြီးတယ် မဟုတ်လား ? ယောကျာ်းတစ်ယောက် ဖြစ်ပါလျက် ကလေးမရနိုင်တာဟာ လူဖြစ်ရှုံးရခြင်း တစ်မျိုးပါပဲ။ ဒါကြောင့် အမျိုးသားတွေအနေနဲ့ မျိုးပွားမှုဆိုင်ရာ ကျန်းမာရေးကို ထိန်းသိမ်းထားနိုင်ဖို့ဆိုရင် ကျန်းမာတဲ့ နေထိုင်မှုပုံစံတွေကို လိုက်နာဖို့က မဖြစ်မနေ လိုအပ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ကိုမျိုးအောင် ဖြစ်ချင်တဲ့ ကွီးတိုင်း သိထားသင့်တဲ့ သုတ်ပိုး ကျန်းမာရေး ကို ထိခိုက်စေနိုင်တဲ့ အလေ့အထ အမှားတွေကို ပြောပြပေးချင်ပါတယ်။

(၁) ဆေးဝါးသုံးစွဲခြင်း

Drug

Photo : BBC

ကိုကင်း သို့မဟုတ် ပါတီသုံး ဆေးတွေလို မူးယစ်ဆေးဝါးတွေ အပါအဝင် ကြွက်သားကြီးထွားဖို့အတွက် မှီဝဲရတဲ့ Anabolic Steroids ဆေးဝါးတွေဟာ အမျိုးသားတွေရဲ့ ဝှေးစေ့ကို ကျုံ့သွားစေပြီး သုတ်ပိုးထုတ်လုပ်မှုကို လျော့ကျစေနိုင်ပါတယ်။ အဆိုပါ ဆေးဝါးတွေဟာ သုတ်ပိုး အရည်အသွေးကိုလည်း ကျဆင်းစေတဲ့အတွက် ကလေးရဖို့ အခွင့်အရေး နည်းပါးစေပါတယ်။

(၂) အရက်အလွန်အကျွံ သောက်ခြင်း

Alcohol

Photo : America’s Rehab Campuses

နေ့စဉ်ရက်ဆက် အရက်အလွန်အကျွံ သောက်နေပြီဆိုရင် မျိုးပွားမှုဆိုင်ရာ ကျန်းမာရေးအတွက် စိုးရိမ်စရာ ရှိနေပါပြီ။ အရက်အလွန်အကျွံ သောက်သုံးခြင်းဟာ Testosterone ပမာဏကို လျော့ကျစေနိုင်ပြီး သုတ်ပိုး ထုတ်လုပ်မှုကို ကျဆင်းစေနိုင်ပါတယ်။ ဒါ့အပြင် ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲ ပြဿနာတွေ များစွာကို ကြုံတွေ့ရနိုင်တဲ့အတွက် အရက်အလွန်အကျွံ သောက်သုံးခြင်းကို ရှောင်ရှားဖို့ အကြံပြုလိုပါတယ်။

(၃) စိတ်ဖိစီးမှုများခြင်း

stress

Photo : Flash Pack

စိတ်ဖိစီးမှု တွေကလည်း အမျိုးသား တစ်ယောက်ရဲ့ မျိုးပွားမှု စနစ်ကို ထိခိုက်စေနိုင်တဲ့ အကြောင်းအရင်းတွေထဲကတစ်ခု ဖြစ်ပါတယ်။ စိတ်ဖိစီးမှု များနေချိန်မှာ ခန္ဓာကိုယ်တွင်း ဟော်မုန်းမညီမျှမှုကို ဖြစ်စေနိုင်ပြီး ၎င်းဟော်မုန်းတွေဟာ သုက်ပိုးထုတ်လုပ်ရာမှာ အဓိက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတာပါ။ ဒါကြောင့် စိတ်ဖိစီးမှုများခြင်း ၊ စိတ်ဓာတ်ကျခြင်းတွေဟာ သုတ်ပိုး ကျန်းမာရေးကို များစွာ ထိခိုက်စေနိုင်ပြီး ကလေးရဖို့အတွက် အဟန့်အတား ဖြစ်နိုင်ပါတယ်။

(၄) အဝလွန်ခြင်း

Obesity
Photo : SciTechDaily

အဝလွန်တာဟာ ကျန်းမာရေးအတွက် ကောင်းကျိုး တစ်စက်မှ မရှိပါဘူး။ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးရော စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပါ ဆိုးကျိုးတွေ သက်ရောက်စေနိုင်တဲ့အပြင် အမျိုးသားတွေမှာ သုတ်ပိုးအရည်အသွေးကို ထိခိုက်စေနိုင်ပြီး မျိုးပွားမှု စနစ်ကို အဟန့်အတား ဖြစ်စေနိုင်တဲ့ ဟော်မုန်း အပြောင်းအလဲကို ဖြစ်စေနိုင်တာပါ။ ဒါကြောင့် ကျန်းမာရေးကို ဂရုစိုက်ချင်သူတွေရော ကလေးယူချင်တဲ့ ကွီးတို့ အနေနဲ့ပါ သင့်တင့်မျှတတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းဖို့ မဖြစ်မနေ လိုအပ်ပါတယ်။

Source : TheHealthSite

Featured Photo : Kirkland Reporter