အမျိုးသားတွေ သုတ်လွှတ်တဲ့အခါ ယေဘုယျအားဖြင့် သုတ်ရည် ပုံစံဟာ ခပ်ပျစ်ပျစ် အနေအထားမှာ ရှိပြီး အဖြူရောင် ဒါမှမဟုတ် နို့နှစ်ရောင် ကာလာရှိပါတယ်။ တစ်ခါတစ်လေမှာ အခြေအနေ အမျိုးမျိုးကြောင့် သုတ်ရည်အပျစ်အကျဲဟာ ကွဲပြားနိုင်ပြီး နဂိုထက် ပိုပျစ်တာ သို့မဟုတ် ပိုကျဲတာမျိုး တွေ့ရတက်ပါတယ်။ ဒီဆောင်းပါးမှာတော့ အမျိုးသားတို့ သုတ်လွှတ်ချိန်မှာ ပုံမှန် သုတ်ရည်အနေအထားမှာ မရှိပဲ သုတ်ရည်ကျဲ နေရတဲ့ အကြောင်းအရင်းတွေကို ပြောပြပေးပါမယ်။

(၁) သုတ်ပိုးအရေအတွက် နည်းနေလို့

low sperm count

Photo : Miracle IVF Hospital

အမျိုးသားတွေရဲ့ သုတ်ရည်မှာ သုတ်ပိုးအရေအတွက် နည်းနေတဲ့အခါ စွန့်ထုတ်လိုက်တဲ့ သုတ်ရည်ဟာ ပုံမှန်ထက် ကျဲနေတက်ပါတယ်။ သုတ်ပိုးအရေအတွက် နည်းနေစေတဲ့ အကြောင်းအရင်းတွေကတော့ အများကြီးရှိပြီး ကပ်ပယ်အိတ်အတွင်း သွေးပြန်ကြောတွေ ရောင်ရမ်းတာ ၊ ပိုးဝင်တာ ၊ ဟော်မုန်းမညီမျှတာ ၊ ဝှေးစေ့မှာ အကျိတ်တည်တာ ၊ အရက်အလွန်အကျွံသောက်တာ ၊ မူးယစ်ဆေးဝါး သုံးစွဲတာနဲ့ အဆိပ်အတောက် သို့မဟုတ် ဓာတ်ရောင်ခြည်ထိတွေ့မှုတွေကြောင့် ဖြစ်နိုင်ပါတယ်။

(၂) ဇင့်ဓာတ်ချို့တဲ့လို့

Zinc

Photo : MyOva

ဇင့်ဓာတ်ချို့တဲ့ နေတဲ့ အမျိုးသားတွေမှာ သုတ်ရည်ကျဲ တဲ့ ပြဿနာ ဖြစ်တက်ပါတယ်။ ဇင့်ဓာတ်ဟာ ခန္ဓာကိုယ်အတွင်းက သုတ်ပိုးတွေကို ထိခိုက်စေနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကို ခုခံတိုက်ခိုက်ပေးတာကြောင့် အကယ်၍ ဇင့်ဓာတ်လုံလောက်မှု မရှိပါက သုတ်ပိုး အရည်အသွေး ကျဆင်းစေနိုင်ပြီး သုတ်လွှတ်တဲ့အခါ သုတ်ရည်ကျဲတာမျိုး ဖြစ်နိုင်ပါတယ်။

(၃) ခဏခဏ သုတ်လွှတ်လို့

Weak Ejaculation

Photo : Southwest Surgery

သုတ်တစ်ကြိမ် လွှတ်ပြီးချိန်မှာ ပုံမှန် ကျန်းမာတဲ့ သုတ်ရည်ပမာဏကို ပြန်လည်ရရှိဖို့ အနည်းဆုံး အချိန် နာရီပိုင်းလောက် လိုပါတယ်။ ဒီလိုမှ မဟုတ်ပဲ တစ်ကြိမ် သုတ်လွှတ်ပြီး အချိန်မခြားပဲ နောက်ထပ်တစ်ကြိမ် ဒါမှမဟုတ် မကြာခဏ သုတ်ထပ်လွှတ်မယ်ဆိုရင်တော့ သုတ်ရည် အရည်အသွေး ကျဆင်းလာနိုင်သလို  သုတ်လွှတ်တဲ့အခါ သုတ်ရည် နည်းနည်းပဲ ထွက်တာ ဒါမှမဟုတ် သုတ်ရည်အနေအထားက မူလထက် ပိုကျဲနေတာမျိုး ဖြစ်နိုင်ပါတယ်။

(၄) မကျန်းမာတဲ့ နေထိုင်မှုပုံစံ ရှိလို့

Unhealthy Habits

Photo : Public Health – BYU

သုတ်ပိုး အရည်အသွေး ၊ သုတ်ရည် ကျန်းမာရေးဟာ နေထိုင်မှုပုံစံနဲ့ အများကြီး သက်ဆိုင်ပါတယ်။ အကယ်၍ ကွီးတို့က ဆေးလိပ် / အရက် အလွန်အကျွံသောက်တယ် ၊ စိတ်ဖိစီးမှုတယ် ၊ လှုပ်ရှားမှု လုံးဝ မရှိဘူး ၊ အိပ်ချိန်နည်းတယ် ၊ ကာဗွန်နိတ်အချိုရည်တွေ မကြာခဏ သောက်တယ် စတဲ့ မကျန်းမာတဲ့ နေထိုင်မှုပုံစံတွေကို လုပ်မိနေတဲ့အခါ သုတ်ပိုးအရေအတွက် နည်းသွားနိုင်သလို သုတ်ပိုး အရည်အသွေးလည်း ကျဆင်းပြီး သုတ်ရည်ကျဲ တာ ဖြစ်တက်ပါတယ်။

Source : Doctall Living

Featured Photo : Healthline