ကိုယ့်ပါတနာထက် အရင်ဦးဆုံး ပြီးမြောက်သွားခြင်းသည် စုံတွဲတော်တော်များများမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စတစ်ခုဖြစ်တဲ့အတွက်ကြောင့် ကိုယ့်ကိုယ်ကိုယ် အရမ်းကြီး စိတ်ပျက်မသွားဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ သုံးမိနစ် ယမ်ယမ် ခေါက်ဆွဲလိုဖြစ်တာ များလာပြီဆိုရင်တော့ ကိစ္စရှိသွားပါပြီ။ တစ်ဖက်က မိန်းမသားဖြစ်တဲ့အတွက်ကြောင့် သူ့ဘက်က ကိစ္စဝိစ္စတွေ မပြီးမြောက်သွားတာကို ပွင့်ပွင့်လင်းလင်း ပြောပြမှာမဟုတ်ပါဘူး။

ဒီဘက် လူ့အသိုင်းအဝိုင်းကလည်း ဒီလိုမျိုး Sex ကိစ္စနဲ့ ပတ်သက်လာရင် ပွင့်ပွင့်လင်းလင်း မရှိတာများပါတယ်။ ဒီလိုမျိုး တစ်ယောက်နဲ့တစ်ယောက် မပွင့်မလင်းရာကနေ စိတ်မကျေနပ်မှုတွေ အလိုမကျမှုတွေ စုပုံလာပြီး တစ်ယောက်နဲ့တစ်ယောက် အေးတိအေးစက် ဖြစ်သွားပါလိမ့်မယ်။ ဒါဆိုရင်တော့ ကွီးတို့ရဲ့ ချစ်သူစုံတွဲဆက်ဆံရေး၊ အိမ်ထောင်ရေးသည် သာယာမှုအတိနဲ့ ပြည့်စုံတော့မှာ မဟုတ်ပါဘူး။ တစ်ဖက်ကလည်း ကိုယ့်ကို သုံးမိနစ် ယမ်ယမ် ခေါက်ဆွဲဘီးကျဲကြီးလို့ သတ်မှတ်လိုက်ပါလိမ့်မယ်။ ဒီလိုမျိုး သတ်မှတ်မခံချင်ဘူးဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းကောင်းများနဲ့ ကြိုးစားနိုင်ပါတယ်။

ကိုယ့်ရဲ့ Lifestyle ကို အပြောင်းအလဲ ပြုလုပ်ပါ

သုံးမိနစ် ယမ်ယမ်

စိတ်လှုပ်ရှားမှုများခြင်း၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိခြင်းတို့သည် ကွီးတို့ကို စိတ်ဖိစီးမှု ဖြစ်စေပါတယ်။ ဒီလိုမျိုး မကောင်းတဲ့ အမြင်ဆိုးတွေကို ဖယ်ရှားပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိမှသာလျှင် အရာရာမှာ အဆင်ပြေမှာဖြစ်ပါတယ်။ ကိုယ့်ရဲ့ Lifestyle ကိုလည်း အပြောင်းအလဲဖြစ်အောင် ပြုလုပ်ပါ။ ကျန်းမာရေးနှင့် ညီညွှတ်တဲ့ အစားအစာများ၊ အပြုအမူများကို အလေးပေး ဆောင်ရွက်ရမှာပဲဖြစ်ပါတယ်။

သိုင်းကွက် ကျင့်တဲ့အခါ မြန်မြန် ပြီးမသွားအောင် လေ့ကျင့်ပါ

သုံးမိနစ် ယမ်ယမ်

တစ်ယောက်ညတ်း သိုင်းကွက်ကျင့်တဲ့အခါ မြန်မြန်ပြီးချင်ဇောနဲ့ မြန်မြန်သိုင်းကွက်ကျင့်ခြင်းသည်လည်း အကျင့်ပါသွားပြီး ကိုယ့်ပါတနာနဲ့ နှစ်ပါးသွားကနေချိန်မှာ မြန်မြန်ဆန်ဆန် ပြီးသွားတတ်ပါတယ်။ ဒါ့ကြောင့် တစ်ယောက်တည်း သိုင်းကွက်ကျင့်တဲ့အခါမှာလည်း မြန်မြန်ပြီးမသွားအောင် လေ့ကျင့်တတ်ဖို့ လိုအပ်ပါတယ်။

Pelvic Floor လေ့ကျင့်ခန်းများကို များများ ပြုလုပ်ပါ

သုံးမိနစ် ယမ်ယမ်

Pelvic Floor လေ့ကျင့်ခန်းများကတော့ ကွီးတို့ကို နှစ်ပါးသွားကနေချိန်မှာ စွမ်းဆောင်ရည်ကောင်းပြီး အမောခံနိုင်အောင် ကူညီပေးပါတယ်။ ပုံမှာ ပြထားသလို လေ့ကျင့်ခန်းမျိုး ပြုလုပ်မယ်ဆိုရင်တော့ တင်ပါးကို ၃ စက္ကန့်လောက် အပေါ်မြှောက်ထားပါ။ ထို့နောက် ၃ စက္ကန့်လောက် မူလအနေအထားအတိုင်း ပြန်နေပါ။ ၅ ကြိမ်မှ ၁၀ ကြိမ်မှ ပြုလုပ်ပေးရပါမယ်။

Positions အသစ်များကို စမ်းသပ်ကြည့်ပါ

သုံးမိနစ် ယမ်ယမ်

ကိုယ့်ပါတနာနဲ့ Positions အသစ်များ စမ်းသပ်ခြင်းသည်လည်း ကိုယ့်ရဲ့ အာရုံကို ကိုယ့်ရဲ့ လှုပ်ရှားမှုအပေါ် အာရုံလွှဲထားရာရောက်ပြီး ပုံသေကားချပ်ကြီးအတိုင်း လှုပ်ရှားနေရာကနေ အသစ်သို့ ပြောင်းလဲလိုက်တဲ့အတွက်ကြောင့် နှစ်ဦးသားစလုံးအတွက်လည်း မြန်မြန်မပြီးအောင် အထောက်အကူ ဖြစ်စေပါတယ်။

အသက်ပြင်းပြင်း ရှူပြီး အာရုံပြောင်းလိုက်ပါ

သုံးမိနစ် ယမ်ယမ်

ပြီးခါနီးပြီလို့ စိတ်ထဲမှာ အာရုံခံစား၇တယ်ဆိုရင် အရှိန်လျော့လိုက်ပါ။ ထို့နောက် အသက်ပြင်းပြင်း ရှူသွင်း ရှူထုတ် ပြုလုပ်ကြည့်ပါ။ ထို့နောက် ၂ စက္ကန့်၊ ၃ စက္ကန့်ခန့် အသက်အောင့်ထားပါ။ ထို့နောက် ဖြည်းဖြည်းမှန်မှန် အသက်ရှူသွင်း ရှူထုတ်ပြန်လုပ်ပါ။ ၃ မိနစ်တည်းနဲ့ ပြီးတော့မှာ မဟုတ်ပါဘူး။

အခြားတစ်ခုကို ပြောင်းလဲစဥ်းစားကြည့်လိုက်ပါ

အခြားတစ်ခုကို ပြောင်းလဲစဥ်းစားကြည့်လိုက်ပါ

ဒီနည်းလမ်းကလည်း ထိရောက်မှုရှိပါတယ်။ ကိစ္စဝိစ္စများ ပြီးမြောက်တော့မယ်လို့ အာရုံခံစားရလာတယ်ဆိုရင် Sex နဲ့ မသက်ဆိုင်နဲ့ အခြားအကြောင်းအရာတစ်ခုကို ပြောင်းလဲ စဥ်းစားကြည့်လိုက်ပါ။ အားကစားအကြောင်းအရာတစ်မျိုးမျိုး၊ ဇာတ်လမ်းတွဲ တစ်ခုခု (သို့) အလုပ်နဲ့ ပတ်သက်တာမျိုး စတာတွေကို အာရုံလွှဲလိုက်ကြည့်ပါ။ ဒါဆိုရင်တော့ ကိုယ့်ရဲ့ ပါတနာကို အချိန်ကြာကြာနဲ့ ဆန္ဒပြီးမြောက်အောင် ကူညီပေးပါလိမ့်မယ်။

ကွီးတို့ရော ၃ မိနစ်တည်းနဲ့ ပြီးမသွားအောင် ဘယ်လိုမျိုး ကျင့်ကြံလေ့ရှိသလဲဆိုတာ ဘော်ဒါတွေကို လက်တို့ခဲ့ပါဦး။

Source: Wikihow

Featured Image: Freepik