အရသာရှိပြီး ဆန်းပြားတဲ့ ကော့လ်တေးတွေကို မြည်းစမ်းကြည့်ဖို့‌အတွက် ဘားတွေကို တကူးတက သွားစရာမလိုပါဘူး။ ကိုယ့်အိမ်မှာလည်း ဖျော်စပ်လို့ ရပါတယ်။ ဒီနေ့မှာ ဖော်ပြပေးချင်တဲ့ သုံးရောင်ခြယ် ကော့လ်တေး ကတော့ ဗော်ကာ အဓိကပါဝင်ပြီး အနီ၊ အဖြူနှင့် အပြာရောင် စသည့် အရောင် ၃ လွှာပါဝင်တဲ့ လှပဆန်းပြားတဲ့ ကော့လ်တေးပဲ ဖြစ်ပါတယ်။

ဆန်းပြားတဲ့လှပတဲ့ သုံးရောင်ခြယ် ကော့လ်တေး တစ်ခွက် ဖျော်စပ်ဖို့အတွက် ပါဝင်ပစ္စည်းတွေကတော့

သုံးရောင်ခြယ် ကော့လ်တေး

Photo : Peel With Zeel

(၁) Grenadine ၁ အောင်စ

(၂) လတ်ဆတ်သော ရှောက်ဖျော်ရည် ၃ အောင်စ

(၃) ဗော်ကာ ၁ အောင်စ

(၄) အပြာရောင် Curacao ၁ အောင်စ

(၅) ရေခဲများ

(၆) အလှဆင်ရန် အတွက် သံပုရာသီးခြမ်း (သို့မဟုတ်) ချယ်ရီသီး စသည်တို့ လိုအပ်ပါတယ်။

Blue Curacao က ဒတ်ချ်ကျွန်း Curacao တွင် စိုက်ပျိုးသောလိမ္မော်ခါးရဲ့ အခွံခြောက်နဲ့ ထုတ်လုပ်ထားတဲ့ အရည်တစ်မျိုး ဖြစ်ပါတယ်။ Curacao ကို ပုံစံအမျိုးမျိုးနဲ့ ရောင်းချသော်လည်း အသုံးအများဆုံးမှာ လိမ္မော်ခြောက်ရောင် Curacao နဲ့ တောက်ပပြီး အပြာရောင်ရှိတဲ့ အပြာရောင် Curacao ပဲဖြစ်ပါတယ်။ အယ်လ်ကိုဟော ပါဝင်နှုန်းက ၁၅ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းအထိ ရှိပါတယ်။ ကော့လ်တေးတွေမှာ ထည့်သွင်း ဖျော်စပ်လေ့ရှိပါတယ်။ စျေးကွက်မှာ အမှတ်တံဆိပ်မျိုးစုံ၊ စျေးနှုန်းမျိုးစုံ ရှိပါတယ်။

ပါဝင်ပစ္စည်းတွေ ပြင်ဆင်ပြီးရင်တော့ အနီ၊ အဖြူနဲ့ အပြာရောင်တို့ဖြင့် ရောစပ်ထားတဲ့ ဆန်းပြားလှပတဲ့ သုံးရောင်ခြယ် ကော့လ်တေး တစ်ခွက် ဖျော်စပ်ဖို့ အဆင်သင့်ဖြစ်ပါပြီ။ ဖျော်စပ်ပုံကတော့

(၁) ရေခဲထည့်ထားသော ဖန်ခွက်ထဲသို့ Grenadine ၁ အောင်စကို ထည့်ထားလိုက်ပါ။

သုံးရောင်ခြယ် ကော့လ်တေး

Photo : Homemade Food Junkie

(၂) ထို့နောက် ကော့လ်တေး Shaker ထဲသို့ရေခဲ ဖြည့်ပြီး ရှောက်ဖျော်ရည်နဲ့ ဗော်ကာ တို့ကို လောင်းထည့်ပြီး၊ Shaker အပြင်ဘက်အေးတဲ့အထိ လှုပ်ခါပါ။ ထို့နောက် အခုရရှိလာတဲ့ Shaker ထဲမှ ဗော်ကာနဲ့ ရှောက်ရည် အရောအနှောကို Grenadine ထည့်ထားသော ဖန်ခွက်ထဲသို့ ဇွန်းရဲ့ အနောက်ဘက်ကို အသုံးပြုပြီး ညင်သာစွာ လောင်းထည့်ကာ အဖြူရောင် အလွှာကို ဖန်တီးပါ။

သုံးရောင်ခြယ် ကော့လ်တေး

Photo : Homemade Food Junkie

(၃) နောက်ဆုံး အပြာရောင်အလွှာအတွက် အပြာရောင် Caracao ကိုလည်းဇွန်းရဲ့ အနောက်ဖက်ကို အသုံးပြုပြီး ဖြေးညှင်းစွာ ရောစပ်လိုက်ပါ။

cocktails

Photo : Homemade Food Junkie

ကွီးတို့ စိတ်ကြိုက် ဖန်ခွက်ပုံစံကို အသုံးပြုနိုင်ပါတယ်။ ထို့နောက် သံပုရာသီးခြမ်း သို့မဟုတ် ချယ်ရီသီး တို့ဖြင့် အလှဆင်လိုက်ပါ။

cocktails

Photo : Peel with Zeel

ဒါဆိုရင်တော့ တကယ်ကို လှပဆန်းပြားတဲ့ သုံးရောင်ခြယ် ကော့တေး လေးတစ်ခွက်ရပါပြီ။ ဒီကော့တေးလ် လေးဟာ ကွီးတို့ကို လန်းဆန်းတဲ့အရသာ ပေးစွမ်းနိုင်ပါတယ်။ ဖျော်စပ်ရတာလည်း လွယ်ကူတဲ့အတွက် ကွီးတို့ သူငယ်ချင်းတွေနဲ့ အိမ်တွင်းပါတီလုပ်တဲ့အခါ ထည့်သွင်းဧည့်ခံလို့ကောင်းတဲ့ ကော့လ်တေးလေးပါပဲ။

Source : Creative Ramblings

Featured Photo : Sweetly